မြန်မာနိုင်ငံမှာ ဇီးဖြူသီးကို လူတော်တော်များများ နှစ်သက်ကြပါတယ်။ တစ်ချို့က ဖျော်ရည်လုပ်ပြီး သောက်ကြသလို တစ်ချို့ကတော့ ကြော်စားတာ ထောင်းစားတာတွေ လုပ်ကြပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ဇီးဖြူသီးရဲ့ အကျိုးကျေးဇူးတွေကို မသိကြသေးပါဘူး။ ဇီးဖြူသီးမှာ ဗီတာမင် စီ နဲ့ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်ပါတယ်။ ဇီးဖြူသီးကိုနေ့စဉ်မှန်မှန်စားသုံးမယ်ဆိုရင် သက်ရှည်ကျန်းမာစေမယ်လို့လည်းဆိုပါတယ်။

ဒီနေ့ kwee page ကဇီးဖြူသီးစားခြင်းမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။

အရိုးတွေကို ကြံ့ခိုင်စေတယ်

Source: Complete Wellbeing

ဇီးဖြူသီးရဲ့အဆီအနှစ်က အရိုးတွေကိုပျက်စီးစေနိုင်တဲ့ ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကိုနှေးကွေးစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ ဇီးဖြူသီးမှာ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် လေးဖက်နာဝေဒနာသည်တွေမှာ အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်တာတွေကို သက်သာစေပါတယ်။

စိတ်ဖိစီးမှုကိုလျှော့ကျစေတယ်

Source: Healthline

ဇီးဖြူသီးက စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။ ရေမချိုးခင်မှာ ဇီးဖြူသီး အဆီကိုဦးရေပြားမှာလိမ်းပေးမယ်ဆိုရင် မအိမသာဖြစ်တာကို သက်သာစေမှာဖြစ်ပါတယ်။

အမြင်အာရုံအတွက်ကောင်းတယ်

Source: Penny’s Recipes

အသက်အရွယ်ကြီးရင့်လာတာကြောင့်ဖြစ်ပေါ်ခံစားရတဲ့ အမြင်အာရုံ ဆုံးရှုံးမှုမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဇီးဖြူသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကမျက်ကြည်လွှာပျက်စီးမှုကနေ ကာကွယ်ပေးပြီး ရေတိမ်ဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။ ဇီးဖြူသီးကိုရေစိမ်ပြီး စိမ်ထားတဲ့အရည်နဲ့ မျက်စဉ်းခပ်ပေးရင် အမြင်အာရုံကိုကြည်လင်စေမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်ခြင်း

Source: Grow Veg

ဇီးဖြူသီးက ခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်ကိုမြင့်တင်ပေးပြီး အဆီတွေစုပုံမှုကို လျော့ချပေးနိုင်ပြီး အဆာခံစေနိုင်တာကြောင့်ကိုယ်အလေးချိန်ကိုလျှော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။

နှလုံးကျန်းမာစေခြင်း

Source: Republic World

ဇီးဖြူသီးက နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ဇီးဖြူသီးမှာ နှလုံးအတွက်အကျိုးပြုနိုင်တဲ့ အာဟာရဓာတ်တွေပါဝင်တာကြောင့် နှလုံးသွေးကြောပိတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးသလို သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုလည်း လျှော့ချပေးပါတယ်။ နှလုံးကြွက်သားတွေကို ကျန်းမာစေပြီး ကိုလက်စထရောကိုလျော့ကျစေတဲ့အပြင်   သွေးမတိုးအောင်လည်း ထိန်းညှိပေးပါတယ်။ ဇီဖြူသီးက အကျိုးပြုကိုလက်စထရောတွေတိုးလာအောင်လည်းလုပ်ဆောင်ပေးပါတယ်။ နှလုံးသွေးကြောတွေထဲမှာ အဆီတွေစုပုံ ပိတ်ဆို့တာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။