အသီးအနှံတွေဟာ လူတွေရဲ့ ကျန်းမာရေးကို အကျိုးပြုတယ်လို့ အများက ယူဆထားကြပါတယ်။ ဟုတ်ပါတယ် အသီးအနှံတွေကို စားသုံးပေးခြင်းက ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းများကိုလည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်စေနိုင်ပါတယ်။ ဒါပေမယ့် အသီးအနှံအားလုံးတိုင်းက သင်၏ ခန္ဓာကိုယ်ကိုလှပစေနိုင်မှာ မဟုတ်ဘူး။ တစ်ချို့အသီးတွေက အလွန်အကျွန် စားသုံးမယ်ဆိုရင် ကိုယ်အလေးချိန် တိုးစေနိုင်ပါတယ်။

ထောပတ်သီး

Source: Pinterest

ထောပတ်သီးဟာ နို့လိုပဲ အဆီဓာတ်ပါသော အသီးတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အကျိုးပြုသောမိုနိုအဆီများ ပါဝင်သော်လည်း ကယ်လိုရီဓာတ်လည်းများပြားစွာ ပါဝင်သည့် အသီးဖြစ်ပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူတွေအနေနဲ့ အဆီမတက်ခြင်းဘူးဆိုရင် ထောပတ်သီးကို ချင့်ချိန်ပြီးစားသုံးသင့်ပါတယ်။

ငှက်ပျောသီး

Source: Healthline

ငှက်ပျောသီးတွင် ပါဝင်သော အမျှင်ဓာတ် ၊ ပိုတက်စီယမ် နှင့် ဗီတာမင်စီတို့က ကယ်လိုရီ (၁၈၀) အထိရှိပါတယ်။ ဒါကြောင့် ငှက်ပျောသီးကိုပမာဏအများကြီးစားမယ်ဆိုရင် ကိုယ်အလေးချိန် ကျိန်းသေပေါက် တိုးလာမှာဖြစ်ပါတယ်။

သရက်သီး

Source: Medical News Today

သရက်သီးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အမျှင်ဓာတ်နှင့် ဗီတာမင်စီတို့ များစွာပါဝင်သော အသီးဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာသကြားဓာတ်လည်း အများအပြားပါဝင်နေပါတယ်။ ပမာဏ အများကြီးစားသုံးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် သရက်သီးကိုလည်း ဆင်ဆင်ခြင်ခြင် စားသုံးဖို့လိုအပ်ပါတယ်။

ချယ်ရီသီး

Source : Healthline

အရည်ရွှမ်းပြီး အရသာရှိတဲ့ ချယ်ရီသီးကို လူတိုင်းနီးပါးနှစ်သက်ကြပါတယ်။ ပြီးတော့ သူ့မှာ ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ဓာတ်တွေလည်း ပါဝင်နေပါသေးတယ်။ ဒါပေမယ့် သို့သော်လည်းချယ်ရီသီးမှာလည်း သကြားတွေ အများအပြားပါဝင်နေတာကြောင့် ကိုယ်တွင်း သကြားဓာတ်ကိုမြှင့်တတ်စေနိုင်ပါတယ်။