ယခုဘောလုံးရာသီမှာ ဖူလ်ဟမ်အသင်း လက်မှတ်ဈေးနှုန်းများ အဆမတန်မြင့်မားနေမူအပေါ် ပရိသတ်တွေအနေနဲ့ မကျေနပ်ဖြစ်နေကြပြီး လက်ကမ်းစာစောင်များ ဗီနိုင်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဖူလ်ဟမ် အသင်းဟာ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁၉) နေရာမှာရပ်တည်နေပြီး တန်းဆင်းဇုန်ထဲရောက်နေသည့် အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ အခုလိုဆန္ဒပြမှုတွေကိုတော့ ပြီးခဲ့တဲ့စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မစတင်ခင်မှာ ပရိသတ်တွေအနေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

Source : Football.London

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲမှာတော့ ပရိသတ်များဟာ #STOP THE GREED လို့ရေးသားထားတဲ့ စာတန်းတွေပါ ဗီနိုင်းများ ၊ လက်ကမ်းစာစောင်များ ကိုင်ဆောင်ကာ ဖူလ်ဟမ်အသင်းရဲ့ ကရာဗန်ကော့တေ့ခ်ျကွင်း အနီးတွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပါတယ်။ လက်ရှိဘောလုံးရာသီမှာတော့ ဖူလ်ဟမ်အသင်းရဲ့ ဈေးအသက်သာဆုံး ပွဲကြည့်လက်မှတ်ဈေးနှုန်းမှာ (၄၅) ပေါင်ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါဈေးနှုန်းဟာ ပရီးမီးယားလိဂ် အသင်းများထဲမှ  ဈေးအကြီးဆုံး အသင်း (၁၀) သင်းရဲ့ လက်မှတ်ဈေးနှုန်းနှင့် ဈေးနှုန်းချင်းတူနေတာဖြစ်ပါတယ်။

Source : The Sun

အဆိုပါ ဆန္ဒပြပွဲဟာ ဘောလုံးကွင်းအနီးနားမှာတင်ပြီးမသွားပဲ ဆန္ဒပြပွဲကိုဦးဆောင်သူတစ်ချို့က ကွင်းအတွင်း ပွဲကြည့်စင်ပေါ်က ပရိသတ်တွေထံ လက်ကမ်းစာစောင်များဆက်လက် ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ ကွင်းအတွင်းက ပရိသတ်တွေပါ အဆိုပါလက်ကမ်းစာစောင်များ ဝေ့ရမ်းပြီး ဖူလ်ဟမ်အသင်း တာဝန်ရှိသူများကို ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ်။ ဖူလ်ဟမ်အသင်းဟာ လက်ရှိပွဲစဉ်ပေါင်း (၃၂) ပွဲ ကစားပြီးခဲ့ပြီး ရမှတ် (၁၇) မှတ်သာရရှိထားတာကြောင့် တန်းဆင်းဇုန်အတွင်းသို့ ရောက်ရှိနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

Source : Sky Sports