ကော့လ်တေးဖျော်ရည်အမျိုးအစား အများအပြားရှိတဲ့အနက်မှ ဗော့ဒ်ကာ မာတီနီဖျော်ရည်သည် လူကြိုက်အများဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံးဖျော်ရည်တစ်ခုဖြစ်ပါတယ်။ ဒီလိုပေါ်ပြူလာဖြစ်ရခြင်းအကြောင်းအရင်းကတော့ ဗော့ဒ်ကာရဲ့ ကြည်လင်အေးမြတဲ့ အရသာသည် ဘယ်ဖျော်ရည်နဲ့ပဲ ဖျော်စပ်နေပါစေ အရသာထူးကဲကောင်းမွန်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ကရိန်းဘယ်ရီသီးအစ၊ တလည်းသီး အလယ်၊ ပန်းသီး အဆုံး အသီးအမျိုးမျိုးနဲ့ ပေါင်းစပ်ရောနှောကာ ဖျော်စပ်နိုင်ပြီး စူးရှယစ်မူးသွားစေမယ့် ဗော့ဒ်ကာ မာတီနီတစ်ခွက် ဖျော်စပ်ပြီး နတ်စည်းစိမ်ကို ခံစားနိုင်ပါတယ်။

ဖော်စပ်ရတာကလည်း လွယ်ကူတဲ့အတွက်ကြောင့် မိမိကိုယ်တိုင် အိမ်မှာ အလွယ်တကူဖျော်စပ်နိုင်ပါတယ်။

Woo Woo လို့ အမည်တွင်တဲ့ ဗော့ဒ်ကာ မာတီနီ

Fun and Fruity Vodka Martinis

ဒီဖျော်ရည်ဖော်စပ်ဖို့အတွက် အဓိကအသုံးပြုမယ့်အရာကတော့ ကရိန်းဘယ်ရီသီးပဲဖြစ်ပါတယ်။ သံပုရာသီးကိုတော့ အလှဆင်ရုံသပ်သပ်သာအသုံးပြုမှာဖြစ်ပြီး ကော့လ်တေးရဲ့ ချိုတဲ့အရသာကို ကရိန်းဘယ်ရီသီးနဲ့ ချေဖျက်ပစ်မှာဖြစ်ပါတယ်။

Fun and Fruity Vodka Martinis

လိုအပ်တဲ့ ပစ္စည်းများကတော့ ဗော့ဒ်ကာ စားပွဲတင်ဇွန်း ၂ ဇွန်း၊ မက်မွန်သီးအရသာ ကော့လ်တေး စားပွဲတင်ဇွန်း ၂ ဇွန်း၊ ကရိန်းဘယ်ရီသီးဖျော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါမယ်။ ပါဝင်ပစ္စည်းများကို ကော့လ်တေးဖျော်ခွက်ထဲသို့ထည့်ပြီး အဖုံးပိတ်ကာ သမအောင် လှုပ်ခါပေးလိုက်ပါ။

ထို့နောက် ကော့လ်တေးဖန်ခွက်ထဲသို့ကာ သံပုရာသီးစိပ် တစ်စိတ်ဖြင့် အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ စူးရှယစ်မူးသွားစေမယ့် Woo Woo ဗော့ဒ်ကာ မာတီနီ ရရှိသွားပါပြီ။

တလည်းသီး ဗော့ဒ်ကာ မာတီနီ

Fun and Fruity Vodka Martinis

ပါဝင်ပစ္စည်းများကတော့ ဗော့ဒ်ကာ စားပွဲတင်ဇွန်း ၃ ဇွန်း၊ လိမ္မော်အရသာ ကော့လ်တေး စားပွဲတင်ဇွန်း ၁ ဇွန်း၊ တလည်းသီးဖျော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ လတ်လတ်ဆတ်ဆတ်ညစ်ထားသော သံပုယိုရည် အနည်းငယ်၊ အလှဆင်ရန် သံပုယိုခွံအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

Fun and Fruity Vodka Martinis

ပါဝင်ပစ္စည်းများကို ကော့လ်တေးဖျော်မယ့် ပုလင်းထဲထည့်လိုက်ပါ။ ရေခဲအနည်းငယ်ထည့်ပါ။ ထို့နောက် ပုလင်းအဖုံးပိတ်ကာ သမအောင် လှုပ်ခါပေးလိုက်ပါ။

Fun and Fruity Vodka Martinis

ထို့နောက် ကော့လ်တေးဖန်ခွက်ရှည်ထဲ လောင်းထည့်လိုက်ပါ။ သံပုယိုခွံအနည်းငယ်ဖြင့် အလှဆင်ကာ အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

ဘလူးဘယ်ရီသီး ဗော့ဒ်ကာ မာတီနီ

Fun and Fruity Vodka Martinis

ဗော့ဒ်ကာ စားပွဲတင်ဇွန်း ၃ ဇွန်း၊ လိမ္မော်ရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဘလူးဘယ်ရီးသီးဖျော်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း၊ လတ်ဆတ်သော သရက်သီးဖျော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ အလှဆင်ရန် ဘလူးဘယ်ရီသီးအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

ကော့လ်တေးဖျော်မယ့်ပုလင်းထဲတွင် ဗော့ဒ်ကာ၊ လိမ္မော်ရည်၊ ဘလူးဘယ်ရီဖျော်ရည်၊ သရက်သီးဖျော်ရည်များထည့်ပါ။ ရေခဲတုံးအနည်းငယ်ထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။ ထို့နောက် ကော့တေးဖန်ခွက်ထဲထည့်ကာ ဘလူးဘယ်ရီသီးအနည်းငယ်ထည့်ပြီး ဇိမ်ရှိရှိ သောက်သုံးနိုင်ပါပြီ။

Source: Thespruceeats.com

Featured Image Source: Thekitchn.com