ချစ်သူကောင်မလေးနဲ့ ဒိတ်လုပ်တဲ့အခါ ပျော်စရာကောင်းပြီး အမှတ်တရဖြစ်စေမယ့် နေရာလေးတွေကို ခေါ်ဆောင်သွားတာက သူမကိုပျော်ရွှင်စေမှာဖြစ်သလို ကိုယ့်အပေါ်လည်းအချစ်တွေ ပိုတိုးလာစေမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ ချစ်သူကောင်မလေးနဲ့ အတူတူ ဒိတ်လုပ်သင့်တဲ့နေရာလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) အနုပညာပြတိုက်
Source : Museum of Fine Arts, Houston
မိန်းကလေးအများစုက အနုပညာကိုနှစ်သက်မြတ်နိုးကြပြီး အနုပညာကိုခံစားတက်တဲ့ နှလုံးသားတွေရှိကြပါတယ်။ဒါကြောင့် အနုပညာနဲ့ပတ်သတ်ပြီးကြည့်ရှု့ခံစားနိုင်မယ့် ပြတိုက်တွေ ပန်းချီပြခန်း ဓာတ်ပုံပြခန်းတွေကိုခေါ်သွားတာက သူမအတွက်အရမ်းကိုပျော်စရာကောင်းမှာသေချာပါတယ်။
(၂) စျေးရောင်းပွဲတော်
Source : Freepik
ရာသီအလိုက်ကျင်းပတဲ့ Carnival ပွဲတော်တွေ Night Market တွေကလည်းချစ်သူကောင်မလေးနဲ့ မဖြစ်မနေသွားသင့်တဲ့နေရာတွေပါ။ဒီလိုစျေးရောင်းပွဲတော်တွေမှာ ချစ်သူနဲ့လက်လေးချိတ်ပြီးလမ်းလျောက်ရတာမျိုးကို မိန်းကလေးအများစု အင်မတန်သဘောကျကြပါတယ်။
(၃) ကော်ဖီဆိုင်
Source : 123RF.com
ကော်ဖီဆိုင်ကတော့ အများစုလည်းသိထားပြီသားဖြစ်တဲ့နေရာတစ်ခုပါ။တိတ်ဆက်ငြိမ်သက်ပြီး သီချင်းခပ် တိုးတိုးလေးဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးမှာ ကော်ဖီသောက်ရင်း ချစ်သူနဲ့စကားတွေဖောင်ဖွဲရတာက ကြည်နူးစရာအကောင်းဆုံးအချိန်လေးပါပဲ။
(၄) Gym
Source : Metro
အချစ်နဲ့အတူ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်စေဖို့ Gym အတူတူကစားခြင်းကလည်း မဖြစ်မနေလုပ် ဆောင်သင့်ပါတယ်။အားကစားလုပ်ရင်း Couple goal ဓာတ်ပုံတွေ တဝကြီးရိုက်ပြီး Ro လို့ရမှာဖြစ်ပါတယ်။
(၅) ခရီးတို
Source : NearSay
နေ့ချင်းပြန်ခရီးတိုလေးတွေသွားခြင်းကလည်း ချစ်သူ နှစ်ဦးကြား အမှတ်တရတွေပိုတိုးစေပြီး ပျော်ရွှင်ကြည်နူးစရာအချိန်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ Relax လည်းဖြစ် အမှတ်တရတွေလည်းတိုးစေဖို့ မြို့ပြနဲ့ သိပ်မဝေးတဲ့ နေ့ချင်းပြန်ခရီးတိုလေးတွေသွားဖို့ အကြံပြုချင်ပါတယ်။
(၆) Spa
Source : Olomouc.cz
မိန်းကလေးတိုင်းလိုလို Spa သွားရတာနှစ်သက်ကြပါတယ်။ကိုယ်ချစ်သူနဲ့ နှစ်ယောက်အတူတူ သွားရမယ်ဆိုရင်ပိုလို့တောင် နှစ်သက်ကြပါသေးတယ်။ဒါကြောင့် ချစ်သူကောင်မလေးနဲ့ အတူတူ ပင်ပန်းမှုတွေဖြေဖျောက်နိုင်ဖို့ Spa သွားပြီး Chill လိုက်ပါ။