ကားဒီဇိုင်းများ မော်ဒယ်များသည် တစ်နှစ်နဲ့ တစ်နှစ်မတူအောင် ထွက်ရှိလာကြတာ ဖြစ်ပါတယ်။ နောက်ထပ် ဆက်လက်ထွက်ရှိမယ့် ကားအမျိုးအစားတွေကလည်း အများကြီးကျန်ရှိနေပါသေးတယ်။

ထိုကားအမျိုးအစား အများကြီးရှိတဲ့အနက်မှာ ၂၀၂၂ နဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ ဘယ်လိုကားဒီဇိုင်းတွေ ဆက်လက်ထွက်ရှိလာမလဲဆိုတာကို ကားချစ်သူအမျိုးသားများအတွက် ဝေမျှပေးလိုက်ရပါတယ်။

၂၀၂၃ Acura Integra

Future Cars Worth Waiting For 2022-2025

ဒီကားကတော့ ၂၀၂၂ ခုနှစ်မှာပဲ ၂၀၂၃ မော်ဒယ်အဖြစ် ထွက်ရှိလာမှာဖြစ်ပါတယ်။ သူ့ရဲ့အရောင်နဲ့ ဒီဇိုင်းကတော့ ကားချစ်သူတွေအတွက် မျက်စိကျချင်စရာပါပဲ။

၂၀၂၃ Alfa Romeo Tonale

Future Cars Worth Waiting For 2022-2025

ဒီအမျိုးအစားကတော့ Alfa Romeo ရဲ့ ပထမဦးဆုံး Hybrid မော်ဒယ်အမျိုးအစားဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၅၀၀၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။

၂၀၂၄ Aston Martin Vanquish

Future Cars Worth Waiting For 2022-2025

ကားရဲ့ဒီဇိုင်းနဲ့ အရောင်ကတော့ အမိုက်စားပါပဲ။ ဇိမ်ခံကားချစ်သူတွေ စောင့်မျှော်နေကြတဲ့ ဒီဒီဇိုင်းဟာဆိုရင်ဖြင့် ၂၀၂၃ နှောင်းပိုင်း (သို့) ၂၀၂၄ အစောပိုင်းမှာ ထွက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀၀၀၀ ဖြစ်ပါတယ်။

၂၀၂၃ BMW XM

Future Cars Worth Waiting For 2022-2025

BMW ကားချစ်သူတွေကတော့ ဒီကားဒီဇိုင်းလေးကို ကြွေနေကြမှာအမှန်ပါပဲ။ သူ့ရဲ့ဒီဇိုင်းက ဆန်းသစ်ပြီး အင်ဂျင်ပါဝါကလည်း အကောင်းတကာ့အကောင်းဆုံးဖြစ်အောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

၂၀၂၃ Chevrolet Corvette Z06

Future Cars Worth Waiting For 2022-2025

Chevrolet Corvette Z06 ကတော့ ၂၀၂၂ အကုန်၊ ၂၀၂၃ အစောပိုင်းမှာ ထွက်ရှိလာမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၅၀၀၀ ဝန်းကျင်ကနေ စတင်မှာဖြစ်ပါတယ်။

၂၀၂၃ Ford Ranger

Future Cars Worth Waiting For 2022-2025

အကြမ်းခံတဲ့ ကားမော်ဒယ်လေးတွေကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ၂၀၂၃ မှာ ထွက်ရှိလာမယ့် Ford Ranger လေးကို စောင့်မျှော်နိုင်ပါတယ်။

၂၀၂၄ Honda Prologue

Future Cars Worth Waiting For 2022-2025

Honda ကတော့ အမေရိကန်ဈေးကွက်အတွက် Prologue လို့ခေါ်တဲ့ လျှပ်စစ်ကားကို ၂၀၂၃ ခုနှစ်မှာ ၂၀၂၄ မော်ဒယ်အဖြစ် ထုတ်လုပ်မယ်လို့ အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။

၂၀၂၃ Nissan Z

Future Cars Worth Waiting For 2022-2025

Classic ဆန်တဲ့ အပြာရောင်ကားမျိုးကိုမှ ကြွေတယ်ဆိုရင်တော့ Nissan က ထုတ်တဲ့ Nissan Z မော်ဒယ်အမျိုးအစားကို ဝယ်ယူသင့်ပါတယ်။ ဒီနှစ်ထဲမှာ ထွက်ရှိလာမှာဖြစ်ပါတယ်။

၂၀၂၄ Volkswagen ID.Buzz Microbus

Future Cars Worth Waiting For 2022-2025

မိသားစုဝင်အရေအတွက်များတဲ့သူတွေအတွက် Volkswagen ကနေပြီး သီးသန့်ထုတ်လုပ်ပေးထားတဲ့ ကားအမျိုးအစားတစ်ခုရှိပါတယ်။ ထိုကားကတော့ Volkswagen ID.Buzz Microbus ဖြစ်ပါတယ်။ သူ့ရဲ့ကားအင်ဂျင်ကိုလည်း အခြေခံကစတဲ့ Rear-Wheel-Drive အတွက် မြင်းကောင်ရေ ၂၀၀ အား အသုံးပြုသွားမှာဖြစ်ပြီး ဈေးကြီးတဲ့ All-Wheel-Drive အတွက်တော့ မြင်းကောင်ရေ ၃၀၀ အားဖြင့် ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

Source: Caranddriver

Featured Image: Road & Track