သိပ်ချစ်ရတဲ့ဇနီးက ကိုယ့်ရဲ့ကိုယ်ပွားလေးကို လူ့လောကထဲခေါ်ဆောင်ပေးတော့မယ့်အချိန်မှာ ဖခင်လောင်းတစ်ယောက်ဖြစ်တဲ့ သင့်အတွက် လုပ်ငန်းတာဝန်တွေက အများကြီးပါပဲ။ ပျော်ရွှင်မှုတွေ ဖုံးလွှမ်းပြီး ဘာတွေလုပ်ရမှန်းမသိဖြစ်နေပါသလား။ ဒီလိုဆိုရင်တော့ အကြံအနည်းငယ်ပေးချင်ပါတယ်။

နာမည်လှလှလေးစဉ်းစားမယ်

Source: Click Baby Names

မွေးလာမယ့်ကိုယ့်ရင်သွေးလေးဟာ ယောကျ်ားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ဖခင်တစ်ယောက်ဖြစ်တဲ့ သင်ဟာအင်မတန်ချစ်မြတ်နိုးမှာအမှန်ပါပဲ။ ရင်သွေးလေးအတွက် ချစ်စရာနာမည်လေးတွေကို ဇနီးနဲ့တိုင်ပင်ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ အလုပ်ဟာ အရမ်းရင်ခုန်စရာအကောင်းဆုံးအချိန်ပါပဲ။

ကလေးအသုံးအဆောင်လေးတွေ ဝယ်စုထားမယ်

Source: Time Out

ကိုယ့်ရဲ့ရင်သွေးလေးအတွက် အသုံးအဆောင်ပစ္စည်းလေးတွေကို တဖြည်းဖြည်းချင်း ဝယ်စုထားလိုက်ပါ။ မွေးလာမယ့် ရင်သွေးလေးအတွက် ဖေဖေကလိုလေးသေးမရှိ ပြင်ဆင်ထားတယ်ဆိုတာ မိဘရဲ့ချစ်ခြင်းမေတ္တာတစ်ခုပါပဲ။

ရင်သွေးလေးအတွက် အိပ်ခန်းလေးတစ်ခုဖန်တီးမယ်

Source: interior4you

ကိုယ့်ရင်သွေးလေးကို အတိုင်းမသိပျော်ရွှင်မှုတွေ ဖန်တီးပေးချင်တာက ဖခင်တိုင်းရဲ့စေတနာပဲဖြစ်ပါတယ်။ မမွေးသေးတဲ့ ကိုယ့်သားသမီးလေးအတွက်ပြီးပြည့်စုံတဲ့ အိပ်ခန်းလေးတစ်ခုကို ကြိုတင်ဖန်တီးထားဖို့ ဆိုတာ သာမာန်ဖခင်တွေ မစဉ်းစားမိတဲ့အလုပ်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။

မှန်ကန်တဲ့ တွေးခေါ်မှုနဲ့ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားကို တည်ဆောက်မယ်

Source: Pregnant.sg

သားသမီးရတော့မယ့် ဖခင်လောင်းတစ်ယောက်အနေနဲ့ အရေးကြီးဆုံး ကြိုတင်ပြင်ဆင်မှုတစ်ခုကတော့ရှိပါတယ်။ ဒါကဘာလဲဆိုတော့ ယခင်ကိုယ့်မှာရှိတဲ့ ကိုယ်ကျင့်တရားထက် သာလွန်ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားတွေကို ပြင်ဆင်ထားဖို့ပါပဲ။ ရင်သွေးလေးတွေကို ပဲ့ပြင်ဆုံးမဖို့အတွက် ဖခင်ကောင်းတစ်ယောက်ရဲ့အနေအထိုင်၊ အပြုအမူတွေက မှန်ကန်ဖြောင့်မတ်နေဖို့လိုအပ်ပါတယ်။