လူတိုင်းသည် နှစ်တစ်နှစ် ကုန်ခါနီးတိုင်း နောက်နှစ်သစ်အတွက် ရည်မှန်းချက်အသစ်များ၊ ပန်းတိုင်အသစ်များ ချမှတ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ရည်မှန်းချက်အားလုံး ပြည့်မြောက်အောင် မပြုလုပ်နိုင်ဘဲ တစ်ဝက်တစ်ပျက်နှင့် တို့လို့တန်းလန်း ကျန်ခဲ့တတ်ကြပါတယ်။

သင့်အနေနဲ့ မိမိချမှတ်ထားတဲ့ရည်မှန်းချက်များအားလုံး ပြည့်မြောက်ချင်တဲ့အပြင် အလုပ်တွင်လည်း အောင်မြင်ပြီး မိမိကိုယ်ပိုင်ဘဝမှာလည်း ပျော်ရွှင်မှုများနှင့် ပြည့်နှက်စေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို ကျင့်သုံးနိုင်ပါတယ်။

တစ်လလျှင် စာအုပ်တစ်အုပ်ဖတ်ပါ

man reading a book

စာဖတ်ခြင်းအလေ့အကျင့်သည် သင့်ရဲ့စိတ်ဝိညာဉ်ကို အားဖြည့်ပေးပြီး သင့်ရဲ့ဘဝတိုးတက်ဖို့ရန်အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ အိမ်မှာပဲဖတ်ဖတ်၊ အလုပ်နားချိန် (သို့) အိပ်ရာဝင်ချိန်မှာပဲဖြစ်ဖြစ် အဓိကကတော့ တစ်လလျှင် အနည်းဆုံးစာအုပ်တစ်အုပ်တော့ မဖြစ်မနေဖတ်ရပါမယ်။

ကိုယ်လက်လှုပ်ရှားမှုရှိသော နေ့စဉ်ဘဝကို ဖန်တီးပါ

man active lifestyle

ပြင်းထန်လွန်းတဲ့ အားကစားများ ပြုလုပ်စရာမလိုပါဘူး။ မိမိရဲ့အချစ်တော်ခွေးလေးနဲ့ ညနေခင်းမှာ အတူတူ လမ်းလျှောက်ထွက်တာပဲဖြစ်ဖြစ်၊ အိမ်သန့်ရှင်းရေး လုပ်တာပဲဖြစ်ဖြစ်၊ မနက်ခင်းစောစော အပြေးလေ့ကျင့်ခန်း ပြုလုပ်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် တစ်နေကုန် တက်ကြွလန်းဆန်းနေမှာဖြစ်ပြီး သင့်ရဲ့ကျန်းမာရေးသည်လည်း တစ်စထက်တစ်စ ကောင်းမွန်လာမှာပါ။

ဝါသနာအသစ်အဆန်းများ ရှာဖွေပါ

best hobby for men

ဒီလိုပြုလုပ်ခြင်းသည် သင် မသိသေးတဲ့သင့်ရဲ့အကြောင်းကို ပိုမိုသိရှိသွားမှာဖြစ်ပြီး သင့်ရဲ့ဘဝက ပိုမိုအဓိပ္ပာယ်ရှိလာမှာဖြစ်ပါတယ်။ အလုပ်ပါးတဲ့ရက်တွေမှာ တစ်နေကုန်ဘာမှလုပ်စရာမရှိလို့ဆိုပြီး စိတ်လေနေမယ့်အစား ဝါသနာအသစ်အတွက် အချိန်ပေးမယ်ဆိုရင် စိတ်အပြောင်းအလဲဖြစ်ကာ ပျော်ရွှင်လာပါလိမ့်မယ်။

သူငယ်ချင်းများ၊ မိသားစုဝင်များအတွက် အချိန်ပေးပါ

friends gathering

သူငယ်ချင်းများ၊ မိသားစုဝင်များသည် သင် စိတ်ညစ်နေချိန်၊ ဒုက္ခရောက်ချိန်မှာ အဖော်ပြုပေးနေကြတဲ့ အကောင်းဆုံးမိတ်ဆွေတွေပါပဲ။ ဒုက္ခရောက်မှ သူတို့ကို ရှာဖွေတာထက်စာရင် ကိုယ့်ရဲ့ပျော်ရွှင်ချိန်မှာလည်း သူတို့နဲ့အတူ အဖော်ပြုပေးသင့်ပါတယ်။

ပရဟိတလုပ်ငန်းများ လုပ်ကိုင်ပါ

man volunteering at a certain community

Photo Source: Bswllc.com

မိမိရဲ့ခွန်အား၊ မိမိပေးနိုင်တဲ့အချိန်ပေါ် မူတည်ပြီး ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နိုင်ပါတယ်။ အကူအညီလိုအပ်နေသူများထံ လိုအပ်တဲ့အကူအညီပေးအပ်နိုင်ခြင်းသည် ကုသိုလ်ရတဲ့အလုပ်တစ်ခုပါ။ သင့်အနေနဲ့ သိန်းရာနဲ့ချီတဲ့ ပရဟိလုပ်ငန်းတွေ မလုပ်နိုင်သေးလည်း ကိစ္စမရှိပါဘူး။ အဓိကကတော့ တစ်ရက်လျှင် လူတစ်ယောက်ကို ကူညီနိုင်လျှင် လုံလောက်ပါပြီ။ ကူညီခံရသူလည်း ပျော်ရွှင်ရမှာဖြစ်သလို သင်သည်လည်း ပီတိကြောင့် ပျော်ရွှင်ရပါလိမ့်မယ်။

တစ်နှစ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ခရီးထွက်ပါ

man travelling

တစ်ခါတရံမှာ အရေးကြီးဆုံးအရာသည် မိမိရဲ့နေ့စဉ်ဘဝထဲကနေ ခဏတဖြုတ်ခန့် ရုန်းထွက်ခြင်းပဲဖြစ်ပါတယ်။ နေ့စဉ်ပြုလုပ်နေရတဲ့ တာဝန်ဝတ္တရားများကနေ ခဏတဖြုန်ရုန်းထွက်ခြင်းအားဖြင့် မိမိရဲ့စိတ်နှလုံးကို ခွန်အားပြန်လည်ဖြည့်တင်းပေးရာရောက်ပြီး ခွန်အားသစ်များနဲ့ အသစ်တဖန် ပြန်လည်မွေးဖွားလာနိုင်မှာဖြစ်ပါတယ်။

ဒီနည်းလမ်းများကို လိုက်နာကျင့်သုံးခြင်းအားဖြင့် အလုပ်နှင့် ကိုယ်ပိုင်ဘဝ မျှခြေရှိနေမှာဖြစ်ပြီး သာယာပျော်ရွှင်ပြီး အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

Source: Lifehack.org