G-Shock နာရီတွေဟာ လူငယ်တွေကြားမှာ သိပ်ကို ရေပန်းစားပါတယ်။ ဂျပန်နာမည်ကြီး နာရီကုမ္ပဏီ Casio ကနေ ၁၉၈၃ ခုနှစ်မှာ အကြမ်းခံပြီး ဒီဇိုင်းမိုက်တဲ့ အလန်းစား G-Shock နာရီတွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဆန်းသစ်လာတဲ့ ဒီဇိုင်းတွေ ၊ အရောင်အသွေးစုံတဲ့ အမိုက်စားကာလာတွေနဲ့ လက်ရှိကမ္ဘာတစ်ဝှမ်းမှာ အရောင်းရဆုံး နာရီအမျိုးအစားတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။ G-Shock နာရီတွေ ကြိုက်နှစ်သက်လို့ စုဆောင်းချင်တာဘဲဖြစ်ဖြစ် ၊ ကိုယ်တိုင်ဝတ်ဆင်ချင်လို့ဘဲ ဖြစ်ဖြစ် ကွီးတို့ ရွေးချယ်သင့်တဲ့ အကောင်းဆုံး G-Shock နာရီ ၅ လုံးအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) GBD-800UC-8

Photo : Dmarge

GBD-800 ကတော့ အားကစားသမားတွေ အကြိုက်တွေ့စေမယ့် G-Squad Series ထဲက Sport နာရီအမျိုးအစား ဖြစ်ပါတယ်။ လေ့ကျင့်ခန်း အစီအစဉ်နဲ့ လှုပ်ရှားမှုတွေကို ကောင်းကောင်း Track လုပ်ပေးနိုင်ပြီး ခြေလှမ်းအရေအတွက် ၊ အချိန်မှတ်နာရီတိုင်းတာမှု စတဲ့ ဒေတာအချက်အလက်တွေကို စမတ်ဖုန်းအက်ပ်တစ်ခုနဲ့ ချိတ်ဆက်ပြီး မှတ်သား ထားလို့ ရပါတယ်။ အကယ်၍ ဖုန်းပျောက်သွားတယ်ဆိုရင်တောင် ဒီနာရီကနေတဆင့် တည်နေရာကို ရှာလို့ရပါတယ်။ GBD-800UC-8 မော်ဒယ် G-Shock နာရီဟာ အရောင်မျိုးစုံနဲ့ ထွက်ရှိထားပေမယ့် အနက်ရောင်ကတော့ လူကြိုက်အများဆုံးဘဲ ဖြစ်ပါတယ်။

(၂) DW-5600E-1VQ

Photo : Dmarge

DW-5600 ရဲ့ ဒီဇိုင်းက ကမ္ဘာတစ်ဝှမ်းမှာ တော်တော်လေး လူကြိုက်များခဲ့ပါတယ်။ G-Shock နာရီ တွေထဲမှာ Iconic ဖြစ်တဲ့ ဒီဇိုင်းတစ်ခုလို့ ပြောလို့ရနိုင်ပြီး ဟိုးအရင်က ထွက်ခဲ့တဲ့ Casio ရဲ့ Digital နာရီတွေကို ပြန်အမှတ်ရစေမှာ ဖြစ်ပါတယ်။ ဒီနာရီ မော်ဒယ်က နေရောင်ခြည်စွမ်းအင်စနစ်ကိုအသုံးပြုထားတာကြောင့် အလင်းရောင်အနည်းငယ်ထိတွေ့ပေးရုံနဲ့ စက်ကို ပုံမှန်အတိုင်းလည်ပတ်နေစေမှာ ဖြစ်ပါတယ်။ Alarms ၊ Timers နဲ့ World Time Zones စတဲ့ Features တွေပါဝင်ပါတယ်။

(၃) GG-B100BTN-1A

Photo : Dmarge

GG-B100BTN-1A နာရီမော်ဒယ်ကတော့ နှင်းလျောစီး အားကစားနဲ့ ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ Burton Brand နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ Limited-Edition နာရီတစ်လုံး ဖြစ်ပါတယ်။ G-Shock Mudmaster နဲ့ သိမ်မွေ့တဲ့ ပန်းရောင်စပ် ဒီဇိုင်းတို့နဲ့ ပေါင်းစပ်မှုက နာရီရဲ့ ပုံစံကို လုံးဝပြီးပြည့်စုံ သွားစေပါတယ်။ သံလိုက်အိမ်မြှောင် ၊ သာမိုမီတာ၊ နေထွက်ချိန်/နေဝင်ချိန်ပြစနစ်တွေနဲ့ အမြင့်တိုင်း လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။

(၄) GA2100-1A1

Photo : Dmarge

GA2100 နာရီမော်ဒယ်က ထူးထူးခြားခြား Royal Oak နာရီတွေနဲ့ ဆင်တူတဲ့ ဒီဇိုင်းနဲ့ ထွက်လာခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါး လူငယ်ဆန်ပြီး စွဲမက်စရာ အနက်ရောင် ဒီဇိုင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ နာရီတစ်လုံး ဖြစ်ပါတယ်။ GA2100 G-Shock နာရီဟာ ငလျင်ဒဏ်ခံနိုင်အောင်အထူးထုတ်လုပ်ထားပြီး Alarms ၊ Timer ၊ Stopwatch နဲ့ မီတာ ၂၀၀ အောက်အထိ ရေစိမ်ခံနိုင်တဲ့ အမိုက်စား နာရီတစ်လုံး ဖြစ်ပါတယ်။

(၅) MRG-G2000BL-9A

Photo : Dmarge

ဒီနာရီကတော့ ကွန်ဖူးမင်းသားကြီး ဘရုစလီ ရဲ့ နှစ် ၈၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုဖို့အတွက် ထုတ်ထားတဲ့ BL-9A မော်ဒယ် နာရီတစ်လုံး ဖြစ်ပါတယ်။ အနက်ရောင်နဲ့ အဝါရောင်က A Warrior’s Journey ရုပ်ရှင်ဇာတ်ကားထဲက ဘရုစလီရဲ့ အထင်ကရဝတ်စုံကို မှီငြမ်းပြီး ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ ဒီနာရီဟာ နေရောင်ခြည်စွမ်းအင်သုံးစနစ် GPS နဲ့ Bluetooth တို့ပါဝင်ပြီး တစ်ကမ္ဘာလုံးမှာ နာရီအလုံးရေ ၃၀၀ သာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Featured Photo : Best Products