G-Spot ဆိုတာ ဘာလဲ ? G spot ဆိုတာ အရိုးရှင်းဆုံး ပြောရမယ်ဆိုရင် မိန်းမကိုယ်မှာရှိတဲ့ ခံစားမှု အာရုံအမြင့်ဆုံး နေရာတစ်ခု ဖြစ်ပြီး အဲ့ဒီနေရာကို နှိုးဆွပေးခြင်းဖြင့် အထွတ်အထိပ် ခံစားချက် အော်ဂဇင်ကို ရနိုင်ပါတယ်။ အချို့ အမျိုးသမီးတွေမှာ အော်ဂဇင် ရဖို့ ခက်နေတဲ့အခါ G-spot ကို ရှာဖွေနှိုးဆွပေးခြင်းက အကောင်းဆုံး အထွတ်အထိပ် ရောက်စေမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် G-Spot ကို ဘယ်လိုဘယ်ပုံ ရှာဖွေရမလဲ စဉ်းစားစရာပါ။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေမှာရှိတဲ့ G-Spot ကို ရှာဖွေတွေ့ရှိ နိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ G-Spot ရှာပုံတော် အဆင့်ဆင့်ကို အောက်မှာ ဆက်ပြီး လေ့လာကြည့် ရအောင်ပါ။

G-spot

Photo : Aviva Plastic Surgery

အဆင့် (၁) – မိန်းမကိုယ်အတွင်းသို့ လက်တစ်ချောင်း သို့မဟုတ် နှစ်ချောင်းထည့်ပါ။ အတွင်းဘက်ကို လက်ချောင်း အရှည် ၅ စင်တီမီတာ ကနေ ၈ စင်တီမီတာ ခန့် ထည့်ရပါမယ်။

အဆင့် (၂) – မိန်းမကိုယ်ရဲ့ အရှေ့ဘက်နံရံမှာရှိတဲ့ နေရာကို အဓိကထား နှိုးဆွပါ။ ဝမ်းဗိုက်နဲ့ အနီးဆုံး မိန်းမကိုယ် အတွင်းနံရံ ဖြစ်ရပါမယ်။  အဲဒီနေရာမှာ အဖုအထစ်တချို့ကို ခံစားရပါလိမ့်မယ်။ ဒါဆိုရင်တော့ G-Spot ကို ထိမိနေပြီဆိုတာ သိနိုင်ပါပြီ။

အဆင့် (၃) – G-spot ဧရိယာကို စမ်းမိပြီးတဲ့နောက်မှာ လျင်မြန်တဲ့ အရှိန်နှုန်း ၊ ဖိအားတို့ကို အသုံးပြုပြီး စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်နှိုးဆွပေးပါ။ G-spot နေရာကို လက်နဲ့ ဖိထားပြီး သင့်လက်ချောင်းကို ညင်သာစွာ ဆွဲထုတ်ပါ။ ဒီနည်းက အထွတ်အထိပ် ခံစားမှု အော်ဂဇင် ရစေဖို့ များစွာ ကူညီပေးနိုင်ပါတယ်။

G-spot
Photo : BroBible

G-Spot ကို ထိမိစေမယ့် အကောင်းဆုံး သိုင်းကွက် (၃) ခု

ချစ်တင်းနှော ချိန်မှာ G-Spot ကို ထိထိမိမိ ထိုးဖောက်ဝင် ရောက်နိုင်မယ့် အကောင်းဆုံး သိုင်းကွက်တွေ ရှိပါတယ်။ ဘယ် သိုင်းကွက်တွေ ဖြစ်မလဲ ကြည့်ရအောင်ပါ။

(၁) Modified Missionary

ဒီသိုင်းကွက်ကတော့ ပုံမှန် Missionary Position ကိုမှ ပါတနာရဲ့ တင်ပါးအောက်မှာ ခေါင်းအုံး ခုထားပြီး ခြေထောက်တွေကို အိပ်ရာပေါ်မှာ ပြားပြားကပ်ထားရမယ့် ပုံစံပါ။ ဒီသိုင်းကွက်က G-Spot ကို ကောင်းစွာ ထိမိစေပြီး အထွတ်အထိပ် ခံစားချက် ပြည့်ပြည့်ဝဝ ပေးနိုင်ပါတယ်။

(၂) Woman On top

ပါတနာကို အပေါ်ကနေ ဦးဆောင်ခိုင်းရမယ့် သိုင်းကွက်ပါ။  ဒီသိုင်းကွက်ကလည်း G-spot နေရာကို လှုံ့ဆော်ဖို့အတွက် အကောင်းဆုံး ဖြစ်ပါတယ်။

(၃) Reverse Cow Girl

နောက်ဆုံး သိုင်းကွက်ကတော့ Reverse Cow Girl ပါ။ ပြောင်းပြန် မြင်းစီး သိုင်းကွက်က G-spot နေရာကို တော်တော်လေး ထိမိစေတဲ့ Position ဖြစ်ပါတယ်။

ဒီလောက် ဆိုရင်တော့ ကွီးတို့ G-Spot ရှာပုံတော် ဖွင့်ဖို့နဲ့ G-Spot ကို ထိမိအောင် ဘယ်လို သိုင်းကွက်တွေ သုံးပြီး ချစ်တင်းနှော ရမလဲဆိုတာ သိသွားလောက်မယ် ထင်ပါတယ်။

Source : Healthshots 

Featured Photo : Akurat.co