Wonder Woman 1984 ရုပ်ရှင်ဟာ ရုံဝင်ငွေမှာရော HBO Max ဝန်ဆောင်မှုမှာပါ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒါရိုက်တာ Patty Jenkins ဟာ DCEU ထဲက ရုပ်ရှင်စီးရီးရဲ့ တတိယမြောက် ဇာတ်လမ်းကို ဖန်တီးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

Source: Empire

Wonder Woman 3 ဇာတ်ကားမှာလည်း ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီး Gal Gadot ကပဲ Diana Prince နေရာက ပါဝင်သရုပ်ဆောင်မယ်လို့လည်း သိရပါတယ်။

“ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေက Diana Prince ကို ဆက်လက်ပြီးအားပေးနေကြတယ်။ ပြီးတော့ Wonder Woman 1984 ဇာတ်ကားကလည်း အောင်မြင်မှုတွေရခဲ့ပါတယ်။ နောက်ထပ် Wonder Women ရုပ်ရှင်ကို ဒါရိုက်တာ Patty Jenkins ကပဲရိုက်ကူးမှာဖြစ်ပြီး Gal Gadot ကပဲ အဓိကသရုပ်ဆောင်နေရာက ပါဝင်အုန်းမှာပါ။” လို့ Warner Bros. မှ အကြီးအကဲ Toby Emmerich ပြောဆိုသွားခဲ့ပါတယ်။

Source: Screen Rant

Warner Bros. ရဲ့ ဒေတာတွေအရ Wonder Woman 1984 ဇာတ်ကားဟာ ခရစ္စမတ်ကာလ ပိတ်ရက်မှာ ဝင်ငွေ ဒေါ်လာ (၁၆.၇) သန်းအထိ ရရှိခဲ့ပြီး ကပ်ရောဂါ စဖြစ်ခဲ့တဲ့ အချိန်ကစလို့ အဖွင့်သီတင်းပတ် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Source: AsiaOne

ဒါရိုက်တာ Patty အနေနဲ့ တတိယမြောက် ဇာတ်လမ်းကို သူတာဝန်ယူဖို့ ဒွိဟဖြစ်နေတယ်လို့ ပြောကြားခဲ့ပြီး မကြာမီမှာပဲ အခုလိုမျိုး အဲ့ဒီဇာတ်လမ်းကို တာဝန်ယူ ကိုင်တွယ်မယ်လို့ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။