ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့တဲ့ Samsung Galaxy A15 5G နဲ့ Galaxy A25 5G တို့ကို ယခုအခါ US မှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ Samsung Galaxy A15 5G ကို 8GB/128GB ဗားရှင်းတစ်မျိုးတည်းနဲ့ ထုတ်ထားပြီး အရောင်တွေအနေနဲ့တော့ Blue Black နဲ့ Light Blue ၂ ရောင် ရွေးချယ်စရာ ပေးထားပါတယ်။ ဈေးနှုန်းကတော့ Samsung ရဲ့ US Website မှာ ဒေါ်လာ ၂၀၀ ဝန်းကျင်သတ်မှတ်ထားပြီး Amazon မှာတော့ ဒေါ်လာ ၂၂၀ ဝန်းကျင်ခန့်ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy A15 5G and Galaxy A25 5G

Photo : Samsung Newsroom

Samsung Galaxy A25 5G ကိုတော့ 6GB RAM နဲ့ 128GB Storage ဗားရှင်းတစ်မျိုးတည်းကိုမှ Blue Black အရောင်တစ်မျိုးတည်းနဲ့ ထုတ်ထားပါတယ်။ ဈေးနှုန်းကတော့ Samsung ရဲ့ US Website ရော Amazon မှာပါ ဒေါ်လာ ၃၀၀ ခန့်ဖြင့် ဝယ်နိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy A15 5G ကို Dimensity 6100+ SoC မောင်းနှင်ထားပြီး Android 14 အခြေပြု One UI 6 ကို အသုံးပြုထားပါတယ်။ Display အနေနဲ့ ၆.၅ လက်မ FullHD+ 90Hz Super AMOLED မျက်နှာပြင်ကို တပ်ဆင်ထားပြီး 25W Charging စနစ်ပါတဲ့ 5,000 mAh ဘက်ထရီ ပါဝင်ပါတယ်။ ကင်မရာအနေနဲ့ ကျောဘက်မှာ 50MP Main ကင်မရာကို 5MP Ultrawide ၊ 2MP Macro ကင်မရာ ၂ လုံးနဲ့ တွဲဖက်တပ်ဆင်ပေးထားပြီး ရှေ့ဘက်မှာတော့
13MP Selfie ကင်မရာပါဝင်ပါတယ်။ ဖုန်းရဲ့ ဘေးဘက်ခြမ်းမှာ Side-mounted Fingerprint Scanner ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Samsung Galaxy A15 5G and Galaxy A25 5G

Photo : 91mobiles.com

Samsung Galaxy A25 5G မှာတော့ Android 14 အခြေပြု One UI 6 နဲ့အတူ Exynos 1280 Chip မောင်းနှင်ထားပါတယ်။ Samsung Galaxy A25 5G မှာ ၆.၅ လက်မ 120Hz FullHD+ Super AMOLED မျက်နှာပြင်နဲ့ 25W Charging စနစ်ပါတဲ့ 5,000 mAh ဘက်ထရီ ပါဝင်ပါတယ်။ ကင်မရာအနေနဲ့ ကျောဘက်မှာ 50MP Main (OIS) ကင်မရာကို 8MP Ultrawide ၊ 2MP Macro ကင်မရာ ၂ လုံးနဲ့ တွဲဖက်တပ်ဆင်ပေးထားပြီး ဆယ်လ်ဖီနဲ့ ဗီဒီယိုကောခေါ်ဆိုမှုတွေအတွက် ရှေ့ဘက်မှာ 13MP Selfie ကင်မရာကို ထည့်သွင်းပေးထားပါတယ်။

Samsung Galaxy A15 5G နဲ့ Galaxy A25 5G တို့ရဲ့ Specs အသေးစိတ်တွေကို နှိုင်းယှဉ်ကြည့်ချင်တယ်ဆိုရင်တော့ အခုဖော်ပြတဲ့ Link (Galaxy A15 5G Vs Galaxy A25 5G) ကနေတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။