လက်ရှိ Gaming Industry ကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အမိုက်စားဂိမ်းတွေနဲ့ ဆက်လက်တိုးတက်နေပါတယ်။ ဒီနှစ်ထဲမှာ လုံးဝမိုက်တဲ့ RPGs ဂိမ်းတွေ ၊ Battle Royale ဂိမ်းတွေအပြင် ပေါ့ပေါ့ပါးပါး ဆော့လို့ရတဲ့ Puzzle ဂိမ်းတွေနဲ့ ဇာတ်လမ်းသွား စွန့်စားခန်း ဂိမ်းတွေ အများကြီး ထွက်ရှိထားပြီး ဂိမ်းချစ်သူ ကွီးတို့ကြားမှာ ရေပန်းစား လူကြိုက်များနေပါတယ်။ ဒီဆောင်းပါးမှာတော့ လက်တလောမှာ Trend ဖြစ်နေတဲ့ မိုဘိုင်းဂိမ်း တွေထဲက အချို့ကို ဂိမ်းဝါသနာအိုး Gamer ကွီးတို့အတွက် မျှဝေပေးလိုက်ပါတယ်။

(၁) Honkai: Star Rail

Source : Honkai: Star Rail

Genshin Impact ကို ဖန်တီးထားတဲ့ Developers တွေရဲ့ နောက်ထပ် ဖန်တီးမှု လက်ရာတစ်ခုပါ။ Honkai: Star Rail က သိပ္ပံစိတ်ကူးယဉ် Universe ထဲမှာ တကယ့်ကို Deep ဖြစ်တဲ့ ဇာတ်လမ်းသွားနဲ့ ဇာတ်အိမ်တည်ထားပြီး RPG Features တွေလည်း ပါဝင်တဲ့ Role-Playing Gacha ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ Players တွေအနေနဲ့ မတူညီတဲ့ ဂြိုလ်တွေကို စူးစမ်းရှာဖွေရမှာဖြစ်ပြီး ဗျူဟာကျကျ တိုက်ပွဲတွေကို ဖော်ဆောင်သွားရမှာ ဖြစ်ပါတယ်။

(၂) Balatro

 

 

Source : LocalThunk

Balatro ကတော့ သာမန်ဖဲဂိမ်းတစ်ခုလို့ ထင်ရပေမယ့် တကယ်တမ်းမှာ အဲ့ဒီထက် အများကြီး ပိုပါတယ်။ Poker နဲ့ Solitaire ကစားနည်းတွေကို ပေါင်းစပ်ထားပြီး ခေတ်ဟောင်းအငွေ့အသက်တွေရော ခေတ်သစ် Gameplay ပုံစံတွေပါ ပါဝင်တဲ့ စိတ်ဝင်စားစရာ ဂိမ်းတစ်ခုပါ။ ဒီဂိမ်းက တစ်နှစ်အတွင်းမှာပဲ ထင်မှတ်မထားလောက်အောင် ပေါက်ပြီး လူကြိုက်များရေပန်းစားနေတဲ့ မိုဘိုင်းဂိမ်း တွေထဲက တစ်ခုဖြစ်ပါတယ်။

(၃) Sonic Rumble

Source : Sonic the Hedgehog

Battle Royale ဂိမ်းချစ်သူတွေကြားမှာ ရေပန်းစားနေတဲ့ Sonic Rumble ဂိမ်းကတော့ ပုံမှန်နဲ့ မတူတဲ့ ဂိမ်း Twist တွေ ထည့်သွင်းပေးထားပြီး နည်းဗျူဟာ ကျကျဆော့ကစားရမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ Action Gameplay ပုံစံနဲ့အတူ Classic Sonic Characters တွေလည်း ပါဝင်တဲ့အတွက် Sonic ဖန်တွေကြားမှာရော Gamer ကွီးတို့ကြားမှာပါ ရေပန်းစားဟစ်ဖြစ် နေပါတယ်။

(၄) Block Blast

Source : STUDIO GAME

ငယ်ဘဝအမှတ်တရ တုံးဆက်ဂိမ်းလေးကိုလည်း ထည့်သွင်းဖော်ပြ ပေးလိုက်ပါတယ်။ Block Blast က စာရေးသူတို့ ငယ်ငယ်ကတည်းက ဆော့ဖူးပြီးသားဖြစ်တဲ့ Puzzle တုံးဆက်ဂိမ်း တစ်ခုဖြစ်ပြီး 8×8 ဇယားကွက်အတွင်းမှာ တူညီတဲ့အရောင်တွေ ဆက်ရင်း ပဟေဋ္ဌိတွေကို ဖြေရှင်းသွားရမှာပါ။ Block Blast ကတော့ အားလပ်ချိန်တွေမှာ ပေါ့ပေါ့ပါးပါး ဆော့လို့ရတဲ့ ရိုးရှင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ဒီနှစ်ထဲမှာတော့ ဒေါင်းလုဒ်အများဆုံး လုပ်ခံရတဲ့ မိုဘိုင်းဂိမ်း တွေထဲက တစ်ခုဖြစ်ပါတယ်။

Source : Analytics Insight

Featured Photo : Honkai: Star Rail Wiki – Fandom