ဂိမ်းဆော့ရတာကို နှစ်သက်ခုံမင်တဲ့ ကွီးတို့အတွက် ဂိမ်းဆော့တဲ့အခါမှာ အမိုက်စား ဖီလင်မျိုးကို ပေးစွမ်းနိုင်မယ့် ပစ္စည်းလေးတွေ ရှိပါတယ်။ ဒီပစ္စည်းလေးတွေက ကွာလတီလည်း ကောင်းပြီး ဒီဇိုင်းကလည်း အလန်းဇယားပါပဲ။ Gamers ကွီးတို့ အသေ ကြွေ လောက်တဲ့ အမိုက်စား ပစ္စည်းလေးတွေဆိုလည်း မမှားပါဘူး။
ဘယ်လို ပစ္စည်းလေးတွေလဲဆိုတာ သိချင်တယ်ဆိုရင်တော့ အခုပဲ လေ့လာကြည့်လိုက်ပါ။
ROG Zephyrus G14 2024 AI-Powered Gaming Laptop

Photo : ROG – ASUS
ကွာလတီကောင်းတဲ့ ဂိမ်း လက်ပ်တော့တွေထဲမှာ ROG Zephyrus G14 2024 AI-Powered Gaming Laptop ကလည်း တစ်ခု အပါအဝင်ပဲဖြစ်ပါတယ်။ HD Capacity ဆိုရင် 8 TB တောင် ရှိပြီး RAM ကတော့ 40 GB တောင် ရှိပါတယ်။ Processor ကတော့ Ryzen 7 5800HS ကို အသုံးပြုထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀၀ ကျော် ကုန်ကျမှာပဲဖြစ်ပါတယ်။
ASUS ROG Falchion RX Low Profile Gaming Keyboard

Photo : ROG – ASUS
Gamers ကွီးတွေ အသေ ကြွေ တဲ့ အမိုက်စား ကီးဘုတ်လေးကတော့ ASUS ROG Falchion RX Low Profile Gaming Keyboard ပါပဲ။ ဈေးနှုန်းကတော့ ၁၇၀ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။ တလက်လက် ပြေးနေတဲ့ အရောင်လည်း ပါဝင်တာကြောင့် ကွီးတို့ အကြိုက်တွေ့နေကြတာပဲဖြစ်ပါတယ်။
Virtuix Omni One Full Movement Virtual Reality Treadmill

Photo : MIXED Reality News
ပြေးနေရင်းနဲ့ ဂိမ်းဆော့ချင်ပါသလား။ ဒါဆိုရင်တော့ Virtuix Omni One Full Movement Virtual Reality Treadmill လေးကို တယ်ထားသင့်ပါတယ်။ လေ့ကျင့်ခန်းလည်း လုပ်ဖြစ်၊ ပြေးနေရင်းနဲ့လည်း ဂိမ်းလည်း ဆော့လို့ရတာဆိုတော့ လေ့ကျင့်ခန်း လုပ်ဖို့ မပျင်းရတော့ဘူးပေါ့။ ဈေးနှုန်းကတော့ ၂၅၉၅ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Gravastar Mercury M1 Pro Hollowed-Out Gaming Mouse

Photo : GravaStar
ဒီဇိုင်း မိမိုက်နေတဲ့ ကြိုးမဲ့ Mouse တစ်လုံဂ လိုချင်တယ်၊ ဂိမ်းဆော့ရတာလည်း အရှိန်မပျက်စေမယ့် ကွာလတီကောင်းတဲ့ Mouse တစ်လုံးကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီအမျိုးအစားလေးကိုသာ ရွေးချယ်လိုက်ပါ။ ဈေးနှုန်းကတော့ ၁၃၀ ဒေါ်လာ ဝန်းကျင်သာ ကုန်ကျမှာဖြစ်ပါတယ်။
Razer Iskur V2 Lumbar-Supporting Gaming Chair

Photo : Gadget Flow
ဂိမ်းဆော့တဲ့အခါမှာ သက်သောင့်သက်သာရှိဖို့အတွက်ဆိုရင်တော့ Gaming Chair တစ်လုံးကတော့ မရှိမဖြစ်ပါပဲ။ အကောင်းစား Gaming Chair တစ်လုံး လိုချင်တယ်ဆိုရင်တော့ Razer Iskur V2 Lumbar-Supporting Gaming Chair လေးကို ဝယ်ယူသင့်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၆၄၉ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
ကွီးတို့ရော ဂိမ်းဆော့တဲ့အခါမှာ ဘယ်လိုမျိုး အကောင်းစား ပစ္စည်းများကို အသုံးပြုပြီး ဆော့ကစားလေ့ရှိပါသလဲ။
Source : Thegadgetflow
Featured Photo : Beetelbite
