ဒီဆောင်းပါးလေးက အမျိုးသမီးထုကြီးကို ရည်ရွယ်ပါတယ်။ ဂိမ်းဆော့တဲ့ ဘဲတွေကို အချိန်ဖြုန်းနေတဲ့ ခပ်ကြောင်ကြောင်လူတွေလို့ ထင်ထားတဲ့ အမျိုးသမီးတွေရဲ့အမြင်ကို ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ Gamers တွေက အမျိုးသမီးတို့ သေချာပေါက် ဒိတ်သင့်တဲ့ ယောကျ်ားလေး စာရင်းမှာ ပါပါတယ်။ ဘာကြောင့်လဲသိရင်တော့ ဆောင်းပါလေးကို အဆုံးထိ ဖတ်ကြည့်လိုက်ရအောင်ပါ။
(၁) Personal Space သဘောတရားကို ကောင်းကောင်းနားလည်တယ်
Photo : LovePanky
Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် အရမ်းတွယ်ကပ်နေရင် တစ်ချိန်ချိန်မှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ လူတစ်ယောက်စီတိုင်းမှာ ကိုယ်ပိုင်သီးခြားအချိန် ၊ သီးခြားကမ္ဘာလေးတစ်ခု လိုအပ်ပါတယ်။ ကိုယ့်အတွက်ကိုယ် အချိန်ပေးတာ ၊ ကိုယ်ပျော်တဲ့အရာတွေအတွက် အချိန်ပေးတာ စသည်ဖြင့်ပါ။ Gamers တွေက ဒီလို Personal Space Concept ကို ကောင်းကောင်းကြီး နားလည်ထားကြသူတွေပါ။ ပရော်ဖက်ရှင်နယ်ဆန်တဲ့ Gamers တိုင်းက ချစ်သူနှစ်ဦးသားအတွက် လုံလောက်တဲ့အချိန်ကိုပေးသလို ကိုယ်ပိုင်သီးသန့်အချိန်ကိုလည်း ဖန်တီးယူတက်ကြပါတယ်။ ဒါဟာ ရေရှည်သွားချင်တဲ့ Relationship တစ်ခုအတွက် ကျင့်သုံးရမယ့် နည်းလမ်းတစ်ခုပါပဲ။
(၂) ပေါင်းသင်းဆက်ဆံရေး ရှယ်ကောင်းတယ်
Photo : Market Meditations
Gamers တွေဟာ အိမ်ထဲကနေ အပြင်ထွက်စရာမလိုပဲ ကမ္ဘာပတ်နေကြသူတွေလို့ ပြောရင်မမှားနိုင်ပါဘူး။ နိုင်ငံအရပ်ရပ် ၊ ကမ္ဘာ့နေရာအနှံ့က ဝါသနာတူ ဘော်ဒါတွေနဲ့ ဂိမ်းအတူတူ ချိတ်ဆက်ကစားနေကြတဲ့ သူတွေဖြစ်တဲ့အတွက် ပေါင်းသင်းဆက်ဆံရေးမှာတော့ အထူးတလည်သင်ပေးစရာမလိုတာ အမှန်ပါ။ ဒီတော့ လေဒီတို့အနေနဲ့ ကိုယ့်ပတ်ဝန်းကျင် ၊ ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ ကိုယ့်ကောင်လေး မဝင်ဆံ့မှာ စိတ်ပူစရာ မရှိပါဘူး။
(၃) အာရုံအပြည့်အဝ စိုက်နိုင်တယ်
Photo : Detroit Metro Times
Gamers အများစုက တစ်စုံတစ်ခုလုပ်တော့မယ်ဆိုရင် အာရုံအပြည့်အဝစိုက်ပြီး တစိုက်မတ်မတ် လုပ်တာမျိုးပါ။ တစ်ခုခုအပေါ်စိတ်ဝင်စားပြီဆိုရင် ထမင်းမေ့ဟင်းမေ့ Passionate ဖြစ်ဖြစ် လုပ်ရတဲ့ အရသာကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ကြပါတယ်။ ဒီအတွက်ကြောင့် အမျိုးသမီးတို့အနေနဲ့ Gamersကောင်လေးတွေနဲ့ ဒိတ်တဲ့အခါ ကိုယ့်အပေါ် အပြည့်အဝ အာရုံစိုက်ပါ့မလား ၊ ကိုယ့်ကိုယ်စိတ်ဝင်စားပါ့မလားဆိုတာ တွေးပြီးစိုးရိမ်စရာမလိုပါဘူး။ နှစ်ဦးသားတွေ့ဆုံချိန်မှာ တစ်ယောက်အပေါ်တစ်ယောက် အပြည့်အဝ အာရုံစိုက်ပြီး ရင်ခုန်စရာအချိန်တွေကို ဖန်တီးနိုင်မှာ သေချာပါတယ်။
(၄) Smart ဖြစ်တယ်
Photo : HuffPost UK
Pro ကျကျ Gamers တွေကို ကြည့်လိုက်ရင် အားလုံးလိုလို Smart ဖြစ်တာ တွေ့ရပါလိမ့်မယ်။ သူတို့က IQ မြင့်တယ် ၊ ခွဲခြမ်းဆင်ခြင် နိုင်စွမ်း ကောင်းတယ် ၊ တစ်ဦးတည်းဖြစ်စေ ဒါမှမဟုတ် အဖွဲ့နဲ့ပေါင်းဆောင်ရွက်တဲ့ နေရာမှာ ထူးချွန်တယ် ၊ ဖြတ်ထိုးဉာဏ် ကောင်းတယ် ၊ ဟာသဉာဏ်ရွှင်တယ် ၊ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း ကောင်းကြတယ်။ အားလုံးခြုံပြီး ပြောရမယ်ဆိုရင် Smart ဖြစ်တဲ့ ပုရိသတွေပါပဲ။
ဒီလိုအထာကျတဲ့ Gamers တွေကိုမှ မဒိတ်ရင် လေဒီတို့ ခေတ်သစ်ထဲမှာ နောက်ကောက်ကျ ကျန်နေခဲ့မှာ သေချာပါတယ်။ တစ်ခုသတိပေးချင်တာကတော့ အထူနဲ့အပါး သေချာနားမလည်တဲ့ တောသား Gamersနဲ့ အမှန်တကယ် အထာကျတဲ့ Pro Gamersတွေကိုတော့ ကွဲကွဲပြားပြား ခွဲခြား ရွေးဒိတ်တက်ဖို့တော့ လိုမယ်နော်။
Featured Photo : We Heart It