ပါတီလုပ်ပြီး ဘာဂိမ်းတွေကစားရမှန်းမသိဖြစ်နေပြီလား။ လူကြီးလူငယ်မရွေးကစားနိုင်တဲ့ ဂိမ်းတွေအကြောင်းပြောပြချင်ပါတယ်။

(၁) Pictionary Game။ ဒီဂိမ်းကစားနည်းကို တီဗီရုပ်သံလှိုင်းတော်တော်များများမှာ မြင်တွေ့နိူင်ပါတယ်။ ဂိမ်းကို လူ (၄) ယောက်ကစားရပါတယ်။ (၂) ယောက်တစ်ဖွဲ့စီ ကစားရတာပါ။ ဂိမ်းကစားဖို့လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပုံဆွဲလို့ရတဲ့ ဝိုက်ဘုတ် (Whiteboard) နှစ်ခု (အရမ်းကြီးစရာမလိုပါ) ရယ် မာကာပန် (Marker Pen) ၊ ပြီးတော့ စားရွတ်ဖြတ်ပိုင်းတွေပဲဖြစ်ပါတယ်။ကစားနည်းကတော့ အသင်းတစ်ခုစီက လူတယောက်က စာရွတ်ဖြတ်ပိုင်းမှာ ရေးထားတဲ့ အရာကို မိမိအသင်းဖော်က ခန့်မှန်းပြီး ပြောနိုင်အောင် ရုပ်ပုံဆွဲပြရတာပါ။ အရင် ခန့်မှန်းနိူင်တဲ့ အသင်းက အနိုင်ရရှိမှာဖြစ်ပါတယ်။

Expressive friends playing game on sofa

Source : Freepik

(၂) Flip Cup Game။ ဒီဂိမ်းကစားဖို့ အတွက်ကတော့ လူ (၆) ယောက် လိုအပ်ပါတယ်။ တဖက် (၃) ယောက်စီ ကစားရမှာပါ။ ပြီးတော့ စားပွဲရှည်တလုံးရယ်၊ လူတစ်ယောက်စီအတွက် ပလပ်စတစ် ခွက် (၁) လုံး၊ အချိုရည်တွေ (ဘီယာကြိုက်ရင် ဘီယာလည်းအဆင်ပြေပါတယ်) ပြင်ထားပါ။ကစားနည်းကတော့ စားပွဲရဲ့တစ်ဖက်တစ်ချက်ဆီမှာ လူသုံးယောက်မျက်နှာချင်းဆိုင် နေရာယူရပါမယ်။ အယောက်တိုင်းရဲ့ ရှေ့မှာ ခွက်တလုံးစီချပြီး အချိုရည် (သို့) ဘီယာကို ခွက်တဝက်အထိဖြည့်ပေးထားပါ။ အရင်ဦးဆုံး အသင်းတစ်ခုစီကနေပြီးတော့ ကစားသမားတယောက်က ခွက်ထဲမှာရှိတဲ့ အချိုရည်တွေကိုကုန်အောင်သောက်ရပါ့မယ်။

ခွက်ထဲမှာ အချိုရည်တွေကုန်သွားပြီဆိုတာနဲ့ တပြိုင်နက် ခွက်ကို စားပွဲအစွန်းမှာထားရပါ့မယ် (စားပွဲပေါ်မှာတစ်ဝက် စားပွဲအပြင်ဖက်မှာတစ်ဝက်)။ ပြီးတာနဲ့ လက်တစ်ဖက်ကိုပဲ အသုံးပြုပြီးတော့ ခွက်ရဲ့ မျက်နှင်ပြင် စားပွဲပေါ်ကျအောင် ခွက်အောက်ခြေကနေပြီးတော့ လက်ညှိုးနဲ့ ဖြစ်ဖြစ် လက်မနဲ့ဖြစ်ဖြစ်တောက်ရပါ့မယ်။ တယောက်ပြီးတာနဲ့ နောက်တယောက်က အရင်တယောက်လိုပဲ ချက်ခြင်းကစားရမှာပါ။ အရင်ပြီးတဲ့ အသင်းက အနိူင်ရရှိမှာ ဖြစ်ပါတယ်။

Source : Freepik

(၃) Mega Bubble။ ဒီဂိမ်းကစားဖို့အတွက် အသင်းတခုစီက လူတယောက်စီရွေးရပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ လင်ဗန်းလောက်ရှိတဲ့ စက်ဝိုင်းနှစ်ခုရယ်၊ ရေပူဖောင်းမုတ်စက် နှစ်ခုရယ်ပါ။ ဆော့ပုံဆော့နည်းကတော့ စက်ဝိုင်းကို ကစားသမားတွေနဲ့ (၁၅) သို့ (၂၀) ပေ လောက်အဝေးမှာထားပါ။ပြီးတာနဲ့ ကစားသမားတယောက်စီက ရေပူဖောင်းတလုံးရအောင် လုပ်ရပါ့မယ်။ အဲ့ရေပူဖောင်းကို စက်ဝိုင်းကြီးထဲ ဝင်အောင် ကြိုးစားရမှာပါ။ ရေပူဖောင်းစက်ဝိုင်းထဲ မရောက်ခင် ကွဲသွားခဲ့ရင် အစကနေပြန်စရမှာပါ။ အရင်ရောက်တဲ့သူက အနိူင်ရရှိမှာဖြစ်ပါတယ်။

(၄) Face The Cookie။ ဒီဂိမ်းကတော့ လူကြီးလူငယ်မရွေး ကစားလို့ ရပါတယ်။ အသင်းသား အကုန်လုံးကစားလို့ရပါတယ်။ ဒါမှမဟုတ် တစ်သင်းကို (၄) ယောက် သို့မဟုတ် (၅) ယောက်စီခွဲပြီး ကစားလို့ရပါတယ်။ ကစားနည်းကတော့ လွယ်ပါတယ်။

ဂိမ်းကစားမဲ့ အသင်းသားတွေက ခုံပေါ်မှာ အရင်ထိုင်ရပါမယ်။ ပြီးရင် ဘီစကစ်မုန့်ကို မိမိ နဖူးပေါ် တင်ပြီး ပါးစပ်ထဲရောက်အောင် ကြိုးစား စားပြရတဲ့ဂိမ်းပါ။ သတ်မှတ်ထားတဲ့ ဘီစကစ်မုန့်အကုန်လုံးကို အရင်စားနိူင်တဲ့ အသင်းက အနိူင်ရရှိမှာပါ။