ဂိမ်းရှယ်ဆော့မယ့် ကွီးတို့အတွက် ရွေးချယ်စရာ ဖုန်းအမျိုးအစားတွေကတော့ တစ်နေ့ထက်တစ်နေ့ အသစ်အသစ်တွေ အများကြီး ပေါ်ထွက်လာနေပါတယ်။ ဒီထဲကမှ စွမ်းဆောင်ရည် ကြမ်းကြမ်းနဲ့ အမိုက်စား Gaming Experience ကို ခံစားနိုင်မယ့် ဖုန်း အမျိုးအစား အချို့ကို ရွေးချယ်ပြောပြ ပေးချင်ပါတယ်။
(၁) Redmi Note 13 Pro+
Photo : GadgetMatch
MediaTek Dimensity 7200-Ultra Processor နဲ့ ၆.၆၇ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ပေးထားတဲ့ Flagship Killer ဖုန်း တစ်လုံး ဖြစ်ပါတယ်။ 5000mAh ဘက်ထရီနဲ့ 120W Fast Charging စနစ်ပါပါတယ်။ အကြမ်းစား ဂိမ်းတွေကို အလန်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ဆော့ချင်သူတွေ ဝယ်သင့်တဲ့ ဖုန်းတစ်လုံးပါ။
(၂) POCO X6 Pro
Photo : POCO Global Home
RAM/Storage: 8GB / 256GB အတွဲအစပ်နဲ့လာပြီး Qualcomm Snapdragon 7+ Gen 2 Processor မောင်းနှင်ထားတဲ့ အမိုက်စား Gaming ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ၆.၆၇ လက်မ AMOLED မျက်နှာပြင်နဲ့ 120Hz refresh rate ထောက်ပံ့ပေးထားပါတယ်။ 5000mAh ဘက်ထရီနဲ့ 67W Fast Charging စနစ် ပါဝင်ပြီး ဈေးနှုန်းအသင့်အတင့်နဲ့ အမိုက်စား ဂိမ်းအတွေ့အကြုံကို ပေးစွမ်းမှာ ဖြစ်ပါတယ်။
(၃) OnePlus Nord CE4
Photo : OnePlus India
OnePlus ထဲကဆိုရင် Qualcomm Snapdragon 7 Gen 3 Chip မောင်းနှင်ထားပြီး ၆.၇ လက်မ Fluid AMOLED မျက်နှာပြင်နဲ့ 120Hz Refresh Rate ထောက်ပံ့ထားတဲ့ OnePlus Nord CE4 က စဉ်းစားသင့်တဲ့ ဖုန်း တစ်လုံးပါပဲ။ RAM/Storage: 8GB / 128GB အတွဲအစပ်နဲ့လာပြီး 5000mAh ဘက်ထရီ 80W Fast Charging စနစ် ထောက်ပံ့ပေးထားပါတယ်။ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ Gaming အတွက်ရော နေ့စဉ်သုံးအတွက်ပါ အဆင်ပြေတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။
Source : Analytics Insight
Featured Photo : techreviewer