Nubia ရဲ့ Gaming Series ထဲက နောက်ဆုံးထွက် Entry-Level စမတ်ဖုန်း RedMagic 10 Air ကို မိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းက အထူ ၇.၈၅ မီလီမီတာသာရှိပြီး ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။ ဘက်ထရီကတော့ 80W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 6,000 mAh ဘက်ထရီ ပါဝင်ပါတယ်။
Photo : GSMArena.com
RedMagic 10 Air မှာ ၆.၈ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ မျက်နှာပြင်မှာ ပါးလွှာတဲ့ ဘေးဘောင်တွေ ပါရှိပြီး 1,300 Nits Peak Brightness အထိ ရမှာဖြစ်ပါတယ်။ အရှေ့ဘက် မျက်နှာပြင်မှာ 16MP Under-Display ဆယ်လ်ဖီကင်မရာနဲ့ လက်ဗွေဖက်စက် ပါရှိပါတယ်။
Photo : GSMArena.com
Chipset ကိုတော့ Qualcomm ရဲ့ ရှေ့မျိုးဆက် Flagship Snapdragon 8 Gen 3 ကို မောင်းနှင်ထားပြီး 16GB RAM နဲ့ 512GB Storage အတွဲအစပ်နဲ့ လာပါတယ်။ ကျောဘက်မှာတော့ 50MP Wide နဲ့ Ultrawide ကင်မရာတွေကို တပ်ဆင်ပေးထားပြီး ဆော့ဖ်ဝဲလ်အနေနဲ့ Android 15 အခြေပြု RedMagic OS 10.0 ကို အသုံးပြုထားပါတယ်။
Gaming ဖုန်းတစ်လုံး ဖြစ်တာနဲ့အညီ ဖုန်းရဲ့ဘေးဘောင်မှာ ဂိမ်းတွေကို ထိန်းချုပ်ကစားလို့ရမယ့် Side Buttons တွေပါရှိသလို ဂိမ်းကစားနေချိန်အတွင်းမှာ ဖုန်းရဲ့အပူချိန်ကို လျှော့ပေးမယ့် Features တွေလည်း ပါဝင်ပါတယ်။
Photo : GSMArena.com
RedMagic 10 Air ကို Twilight (Black) ၊ Hailstone (White) နဲ့ Flare (Orange) ဆိုပြီး အရောင် ၃ မျိုးနဲ့ ထုတ်ထားပါတယ်။ ဈေးနှုန်းကတော့ 2/256GB ဗားရှင်းကို ယွမ် ၃,၄၉၉ (ဒေါ်လာ ၄၇၆) နဲ့ 16/512GB ဗားရှင်းကို ယွမ် ၄,၁၉၉ (ဒေါ်လာ ၅၇၁) သတ်မှတ်ထားပြီး တရုတ်နိုင်ငံမှာ စတင်ရောင်းချနေပြီပဲ ဖြစ်ပါတယ်။
Source : GSMArena.com
Featured Photo : Wazzuptechph