ကမ္ဘာ့ကင်ဆာ သုတေသနရန်ပုံငွေအဖွဲ့ WCRF နဲ့ ယူကေကင်ဆာသုတေသနဌာတို့ ဟာ လူ ၁ သိန်း ၄ သောင်းကျော်ကို လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်။ လေ့လာမှုမှာ သုတေသီတွေဟာ ဆီးကျိတ်ကင်ဆာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ်အချက် တစ်ချို့ တွေ့ရှိခဲ့ပါတယ်။ ကင်ဆာသုတေသီတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနေသူ အမျိုးသား ၇၉၁၄၈ ယောက်နဲ့ ဆီးကျိတ်ကင်ဆာ မရှိတဲ့ လူပေါင်း ၆၁၁၀၆ ယောက်တို့ကို ကိုယ်ကာယ လှုပ်ရှားမှုပေါ် တိုင်းတာတဲ့ နည်းစနစ် သုံးပြီး လေ့လာခဲ့တာပါ။

Photo: ShutterStocks

ဒီပညာရှင်တွေဟာ လူတစ်ယောက်ခြင်းစီရဲ့ လှုပ်ရှားတက်ကြွမှုပုံစံပေါ် လိုက်ပြီး DNA အစဉ်တန်းမှာ တုန်ခါမှု ဘယ်လိုရှိသလဲဆိုတာ ကြည့်တာ ဖြစ်ပါတယ်။ အသက် ၅၀ နဲ့အထက် အမျိုးသားတွေကို လေ့လာခဲ့တဲ့ ဒီလေ့လာမှုအရ တက်ကြွမှုအများဆုံး ရှိတဲ့ အမျိုးသားတွေဟာ တက်ကြွမှု အနည်းဆုံး အမျိုးသားတွေနဲ့ နှိုင်းစာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၅၁% ပိုနည်းတယ်လို့ ဆိုပါတယ်။

အတက်ကြွဆုံး ဆိုတဲ့ အမျိုးသားတွေကလည်း တစ်နေ့ကို မိနစ် ၂၀ ဒါမှမဟုတ် တစ်ပတ်ကို နှစ်နာရီခွဲ လေ့ကျင့်ခန်းလုပ်ဖြစ်သူတွေ ဖြစ်နေပါတယ်။ ပညာရှင်တွေ ကတော့ အားကစားလုပ်တာထက် နိစ္စဒူဝအချိန်ဇယားမှာ ပုံမှန်လုပ်ဖြစ်တဲ့ လမ်းလျှောက်ခြင်းနဲ့ ဥယျာဉ်ခြံ စိုက်ပျိုးပြုပြင်ခြင်းကို ထောက်ခံချက်ပေးပါတယ်။

Photo: ShutterStocks

နေ့တိုင်း လှုပ်ရှားတက်ကြွမှု ရှိခြင်းဟာ ကိုယ်ကာယကျန်းမာမှုအတွက် အရေးပါသလောက် ထိရောက်တဲ့ အလေ့အကျင့်ကောင်း ဖြစ်ပါတယ်။ ယောင်္ကျားမှာဆီး မိန်းမမှာ မီး ဆိုတဲ့ အတိုင်း ဆီးနဲ့ဆိုင်တဲ့ ရောဂါဝေဒနာတွေဟာ အဖြစ်များသလောက် ကြောက်စရာလည်း ကောင်းလှပါတယ်။

ယူကေတစ်နိုင်ငံတည်းမှာကိုပဲ အမျိုးသား ၆ ယောက်မှာ ဆီးကျိတ်ကင်ဆာ ဖြစ်သူ ၁ ဦးနှုန်း ရှိနေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် နဲ့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။