ရီရဲမက်ဒရစ် အသင်းကနေ စပါးအသင်းကို အငှားကစားသမားတစ်ယောက်အနေနဲ့ ပြန်လည်ရောက်ရှိ လာတဲ့ ဘေးဟာ ကမ္ဘာ့ တန်ဖိုးအမြင့်ဆုံးကစားသမားတွေထဲကတစ်ယောက်ဆိုလဲ မမှားပါဘူး။ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုရှိပြီး နည်းစနစ်ပိုင်းလဲ ကြွယ်ဝတဲ့ ကစားသမား တစ်ဦးဖြစ်တယ်ဆိုတာ အားလုံးအသိဘဲဖြစ်ပါတယ် ။သူ့အကြောင်းလေးတွေကတော့…
ရီရဲမက်ဒရစ် အသင်းနဲ့ စာချုပ်သတ်တမ်း

Source: The Telegraph
ဂါရက်ဘေး ဟာ ရီရဲမက်ဒရစ် အသင်းနဲ့ (၂၀၂၃) ရဲ့ ရာသီပွဲစဉ်တွေပြီးဆုံးသည်ထိ စာချုပ် ချုပ်ဆိုထားတာပါ။ (၂၀၁၆) ခုနစ်မှာ ရီရဲမက်ဒရစ် အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ပြောင်းရွေ့ကြေး ကတော့ ယူရို (၈၅) သန်း ထိ ရှိခဲ့ပါတယ်။
စပါးအသင်းကို ပြန်လည်ရောက်ရှိလာတဲ့အပေါ် ဂါရက်ဘေး ရဲ့ခံစားချက်

Source: AS English
“ကျွန်တော်အရမ်းပျော်ပါတယ် ။ စပါးအသင်းဟာ ကျွန်တော့်တွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံးအသင့်ပါဘဲ။ ကျွန်တော် စတင်ထွက်ခွါကတည်းက ကျွန်တော့် ပရိတ်သတ် ၊ ကျွန်တော့် အသင်းဖော်တွေဆီ ပြန်လာမယ်လို့မျှော်လင့်ခဲ့တာပါ။ အခု ကျွန်တော့် မျှော်လင့်ချက်တွေ တကယ်ဖြစ်လာခဲ့ပြီး။ ကျွန်တော်အကောင်းဆုံးကြိုးစားသွားမှာပါ။ အခုလဲ ကျွန်တော့်ပရိတ်သတ်တွေတွက် အကောင်းဆုံး ယှဉ်ပြိုင်ဖို့ အဆင့်သင့်ဖြစ်နေပါပြီး ” အသင်းဟောင်းဖြစ်တဲ့ စပါးအသင်းကို အငှားဖြင့်ပြန်လည်ရောက်ရှိလာတဲ့ ဘေး ကဖွင့်ဟလာခဲ့ပါတယ်။
ဂါရက်ဘေး ရဲ့လုပ်ခလစာ အသေးစိတ်
စာချုပ်ပါ သဘောတူညီချက်အရ ဂါရက်ဘေး ဟာ တစ်ပက်လုပ်ခလစာ ပေါင် (၃၅၀၀၀၀) ရရှိတဲ့အပြင် အပိုဆုကြေး အဖြစ် ပေါင် သန်း (၁၅၀) ရရှိနေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။
စပါးအသင်းနဲ့အငှားစာချုပ်သက်တမ်း

Source: Eurosport
အငှားစာချုပ်အရ ဂါရက်ဘေး ဟာ (၂၀၂၁) ခုနှစ် နွေရာသီအထိ စပါးအသင်းမှာ ရှိနေမှာပါ။ ဂါရက်ဘေး ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ နောက်ထပ် သက်တမ်း တိုး၊ မတိုး ကတော့ မသေချာသေးကြောင်း အခြေအနေကောင်းရင် စာချုပ်သက်တမ်းတိုးဖြစ်ကောင်းတိုးဖြစ်နိုင်ကြောင့် ပြောဆိုထားပါတယ်။
ယခုလက်ရှိမှာတော့ ရီးရဲမက်ဒရစ်နဲ့စပါးတို့ဟာ ကစားသမားရဲ့လုပ်ခလစာ ကို အသင်းတစ်သင်းစီက ပေါင် (၂၇) သန်းစီ အညီအမျှပေးချေနေကြောင်းသိရပါတယ်။
