ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ပွဲစဉ်မှာ သုံးနှစ်ဆက်တိုက်ချန်ပီယံလိဂ်ဆုရှင်ရီးရဲလ်အသင်းဟာ လူငယ်တွေအားနဲ့ အရှိန်ကောင်းနေတဲ့အေဂျက်အသင်းကို အံအားသင့်ဖွယ်ရာရှုံးနိမ့်ခဲ့ပါတယ်။ ထိုပွဲစဉ်မှာ အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ဒူးခေါင်ဒဏ်ရာထပ်မံရရှိသွားတာလည်းဖြစ်ပါတယ်။

Source: Skysports

ဘေးဟာ အေဂျက်အသင်းနဲ့ မယှဉ်ပြိုင်မီအပတ်က ဘာစီလိုနာနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်း Vazquez ဒဏ်ရာကြောင့် ပွဲကစားချိန် (၂၉) မိနစ်မှာ လူစားထိုးဝင်ကစားပေးခဲ့ရတာဖြစ်ပါတယ်။ သူဟာ အေဂျက်အသင်းကို ရှုံးနိမ်းခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ဒူးခေါင်းဒဏ်ရာရရှိသွားတာလည်းဖြစ်ပါတယ်။ ဒဏ်ရာကပြင်းထန်သယောင်ရှိပြီး ကာလဘယ်လောက်ကြာမလဲကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

Source: Skysports

ဒဏ်ရာကြောင့် ယူရို (၂၀၂၀) ခြေစစ်ပွဲတွေကိုပါ ဘေးအနေနဲ့ လွဲချော်မှာကိုတော့ ဝေးနိုင်ငံဘောလုံးပရိသတ်တွေက စိတ်ပူနေတာလည်းဖြစ်ပါတယ်။ စပါးကစားသမားဟောင်းဖြစ်တဲ့သူဟာ ကြံခိုင်မှုဟာအားနည်းပြီး မကြာခဏဆိုသလိုဒဏ်ရာရတတ်တဲ့အတွက် အားလုံးရဲ့ ဝေဖန်ခြင်းကိုခံနေရတာဖြစ်ပါတယ်။

Source: Skysports

သူအနေနဲ့ နောက်ဆုံးဒဏ်ရာကနေလည်း ဇန်န၀ါရီလကမှ သက်သာလာခဲ့တာဖြစ်ပါတယ်။