အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဂယ်ရီ လိုင်နီကာက ချဲလ်ဆီးအသင်းကို တနင်္ဂနွေနေ့မှာ ဝုဗ်အသင်းအိမ်ကွင်းကို သွားရောက်ကစားမယ့် ပွဲစဉ်မတိုင်မီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲကနေ လွင့်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

Brantwaith Scored equaliser

Photo: Standard

ချဲလ်ဆီးအသင်းဟာ ကြာသပတေးနေ့ညက စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ အားနည်းနေတဲ့ အဲဗာတန်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက် မေဆန် မောင့်က ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ၄ မိနစ်အကြာမှာပဲ ခံစစ်ပိုင်းလူကပ်ပုံ အားနည်းမှုကြောင့် ဘရန့်တ်ဝိတ်က အဲဗာတန်အတွက် ချေပဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အဲဗာတန်နဲ့ သရေကျခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ပွဲမှာ မန်ချက်စတာစီးတီး၊ လီဗာပူးလ်တို့နဲ့ ရမှတ်ကွာဟမှုတွေ စတင်ရှိလာခဲ့ပြီဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ၄ မှတ် ကွာဟသွားခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဝက်စ်ဟမ်းကို ရှုံး၊ အဲဗာတန်၊ ဘန်လေ၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ သရေကျခဲ့ပြီးနောက် နောက်ဆုံးပရီးမီးယားလိဂ် ၇ ပွဲကနေ ၁၂ မှတ်သာ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ Match Of The Day ရဲ့ ပင်တိုင်တင်ဆက်သူ လိုင်နီကာက ချဲလ်ဆီးအသင်းရဲ့ ဆုဖလားမျှော်လင့်ချက်ဟာ နောက်ထပ် ရမှတ်တွေ လျော့ကျလာမယ်ဆိုရင် ပျက်စီးသွားနိုင်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

Thomas Tuchel

Photo: Football.london

“မြင်း ၃ ကောင်ပြေးတဲ့ပြိုင်ပွဲက မြင်း ၂ ကောင်ပြေးတဲ့ပြိုင်ပွဲဖြစ်လာမယ့် အန္တရာယ် ရှိနေပါပြီ”လို့ လိုင်နီကာက တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနောက်ခံကစားသမားဟောင်း ဖရန့်ခ် လူးဘပ်ဖ်ကလည်း နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ နောက်ကောက်ကျကျန်နေခဲ့ရမယ့် အန္တရာယ်ရှိနေပြီလို့ သတိပေးခဲ့ပါတယ်။

“ကျွန်တော်တို့ သိပ်မကြာခင် မြင်း ၂ ကောင်ပြေးတဲ့ ပြိုင်ပွဲလား ဒါမှမဟုတ် မြင်း ၃ ကောင်ပြေးတဲ့ပြိုင်ပွဲလားဆိုတာကို သိရတော့မှာပါ။ ဘာလို့လဲဆိုတော့ ချဲလ်ဆီးက လာမယ့်နှစ်အစမှာ လီဗာပူးလ်၊ မန်ချက်စတာစီးတီးတို့နဲ့ ကစားရတော့မှာမို့လို့ပါ”လို့ ESPN FC ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

Featured Photo: thesportreview