ယနေ့ခေတ်မှာ အလုပ်တခုခုရှာတော့မယ်ဆိုရင် မိခင်ဘာသာစကားအပြင် အခြားဘာသာစကားတခုခုကို ကျွမ်းကျင်နေရင် အလုပ်ရဖို့ ပိုပြီးအခွင့်အရေးများပါတယ်။ ပြီးတော့ ဘာသာစကား အသစ်တစ်ခုကို သင်ယူခြင်းဟာ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တက်စေတယ်လို့ ကျွမ်းကျင်သူတွေက လေ့လာတွေ့ရှိထားပါသေးတယ်။ ဒါပေမယ့် ကိုယ်ကလက်ရှိအလုပ်လုပ်နေတယ် ဘာသာစကားသင်ယူဖို့ အချိန်မရှိဘူးဖြစ်နေတယ်ဆိုရင် ခု kwee page က အားလပ်ချိန်လေးအတွင်းမှာ ဘာသာ စကားအသစ်တစ်ခုကို ဘယ်လိုလေ့လာရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

ရုပ်ရှင်ကြည့်ပါ

Source: Mom

အပန်းဖြေအနားယူရင်းနဲ့ ဘာသာစကားအသစ် သင်ယူချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းကတော့ ရုပ်ရှင်ကြည့်တာပါပဲ။ရုပ်ရှင်ကြည့်တဲ့အခါမှာ မြန်မာစာတန်း ထိုးနဲ့ ကြည့်မယ့်အစား ကိုယ်သင်ယူနေတဲ့ ဘာသာစကား စာတန်းထိုးတဲ့ ဇာတ်ကားတွေကို ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဘယ်လိုမှ နားမလည်နိုင်သေးဘူးဆိုရင်တော့ မြန်မာစာတန်းထိုးနဲ့ ကြည့်ပါ။ ပြီးရင် ကိုယ်သင်ယူနေတဲ့ ဘာသာစကားစာတန်းထိုးနဲ့ ပြန်ကြည့်ပါ။ ရေဒီယို ဒါမှမဟုတ် အင်တာနက် စာမျက်နှာတွေပေါ်ကနေ တစ်ဆင့်အများ နားထောင်နိုင်ဖို့ ထုတ်လွှင့်ပေးတဲ့ အသံဖိုင်တွေကို နားထောင်ခြင်းဖြင့်လည်း လေ့လာနိုင်ပါတယ်။

ဂိမ်း ကစားပါ

Source: British Council

ယနေ့ခေတ်မှာ ဘာသာစကားသင်ယူဖို့အတွက် သီးသန့်ထုတ်ထားတဲ့ ဂိမ်းတွေရှိနေပါပြီ။ အားလပ်ချိန်တွေမှာ အပန်းလည်းဖြေရင်း ဂိမ်းလည်းကစားရင်း ဘာသာစကားအသစ်တခုကို သင်ယူနိုင်ပါတယ်။

စာတွေကို အသံထွက်ဖတ်ပါ

Source: Simplemost

ကိုယ်လေ့လာနေတဲ့ ဘာသာစကားကို အသံထွက် ဖတ်ပေးခြင်းဟာ စာကြောင်းထဲမှာပါရှိတဲ့ ရှေ့နောက် စကားအဆက်အစပ်တွေအပြင် ဝေါဟာရတွေနဲ့ သဒ္ဒါ၊ စာအထားအသိုကိုပါ နားလည်လာစေပါတယ်။ နောက်ဆုံးအနေနဲ့ ဘာသာစကားတစ်ခုကို လေ့လာတဲ့နေရာမှာ ဖြည်းဖြည့်ချင်း စတင်ပါ။ ကလေးဖတ် စာအုပ်တွေထဲကနေပြီးတော့လည်း လေ့လာနိုင်ပါတယ်။ တစ်နေ့ နည်းနည်းချင်းစီ လေ့လာတာက သင့်ရဲ့ ဦးနှောက်စွမ်းရည်ကို မြင့်တက်လာစေပြီး စကားစမြည် ပြောဆိုကြတဲ့အခါမှာလည်း ယုံကြည်ချက်တွေ တိုးတက်လာစေနိုင်မှာ ဖြစ်ပါတယ်။

Native speaker တွေနဲ့မိတ်ဖွဲ့ပါ

Source: Student Edge

Native speaker တွေနဲ့မိတ်ဖွဲ့ပါဆိုလို့ အပြင်မှာ တကယ်တွေ့ရမယ်လို့ မဆိုလိုပါဘူး။ ယနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တာကြောင့် Facebook, twitter စတဲ့လူမှုကွန်ယက်တွေပေါ်မှာ မိတ်ဖွဲ့လို့ရပါတယ်။ ပြီးတော့ သူတို့တွေနဲ့ စကားပြောပါ။ မှားမှာ မကြောက်ပါနဲ့။ လူတော်တော်များများက လူမျိုးခြားတွေ ကိုယ့်ရဲ့ဘာသာစကားကို ပြောဆိုနေတာကို သဘောကျနှစ်သက်ကြပါတယ်။ သင်ပြောတဲ့အထဲမှာ အမှားတွေပါ သွားမယ်ဆိုရင်တောင် သူတို့တွေက ပြင်ဆင်ပေးအုန်းမှာပါ။ ဒီလိုနည်းနဲ့လည်း သင့်ရဲ့ဘာသာစကားသင်ယူမှုကို မြှင့်တင်ပေးနိုင်ပါတယ်။