ကြည့်လိုက်ရင် အမြဲတမ်း ကျော့မော့ပြီး အဆင်ပြေနေဖို့ သင့်အဝတ်အစားတွေ Branded ဖြစ်စရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို စတိုင်ကျအောင် နေရမလဲ သိရင်ကိုအတော်ကြီး အဆင်ပြေပါတယ်။ တစ်ခါတလေမှာ ရိုးရှင်းတဲ့ ဖက်ရှင်စတိုင် လှည့်ကွက်လေးတွေ သုံးကြည့်လိုက်တာနဲ့ လူတစ်ယောက်ကို ချက်ချင်းဆိုသလို ထူးခြားပြောင်းလဲသွားစေမှာပါ။ ကဲ.. အဲဒီဖက်ရှင်လှည့်ကွက်လေးတွေထဲက အသုံးတည့်တဲ့ Style Hacks လေးတွေ ကြည့်ရအောင်။
(၁) Blazer လေးတွေ ဝတ်ကြည့်ပါ
Photo: Freepik
အမြဲတမ်း Casual ဖက်ရှင် မဝတ်သင့်သလို Suit ချည်းလည်း ဝတ်တာမျိုးက အဆင်မပြေပါဘူး။ Formal လိုရော Smart Casual လိုပါ အထာကျကျ ဝတ်ဆင်နိုင်မယ့် Blazer Coat မျိုး ဝတ်ဖို့ အကြံပေးချင်ပါတယ်။ ကိုယ့်ဘော်ဒီနဲ့ Fitting ကျတဲ့ Blazer ကုတ်မျိုး ဖြစ်ဖို့ လိုပါတယ်။ အရောင်ကိုတော့ နက်ပြာရင့် ၊ မီးခိုင်းမှိုင်းရောင်နဲ့ ခဲဖျော့ကာလာမျိုး ရွေးချယ်သင့်ပါတယ်။
(၂) Shoes အရွေးမှန်ပါစေ
Photo: Freepik
ဖိနပ်ကလည်း ဖက်ရှင်မှာ သိပ်စကားပြောပါတယ်။ ကိုယ်သွားမယ့် ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ ဖိနပ်ရွေးချယ် စီးသွားနိုင်ရင် ကိုယ့် ဖက်ရှင်ရော Impression ပါ တက်ပါတယ်။ အပြင်သွားမယ်ဆို ဖိနပ်ကို တောက်ပြောင်နေအောင် ဂရုစိုက်ပါ။ Shoe Conditioner ဖြစ်ဖြစ် Leather Conditioner ဖြစ်ဖြစ် သုံးနိုင်ပါတယ်။
(၃) Hair Gel အစား Moisturizer သုံးပါ
Photo: Freepik
Gel သုံးတာ ကိုယ်လိုချင်တဲ့ဆံပင် ပုံသွင်းလို့ ရတယ်။ လွယ်လည်း လွယ်တယ်လို့ ဆိုပေမယ့် တကယ်တမ်းမှာ ကျွန်တော်တို့တွေဟာ Gel ကို လိုတာထက် ပိုသုံးနေမိတတ်ပါတယ်။ နောက်တစ်ခုက Gel အသုံးများရင် ဆံပင် ပျက်စီးလွယ်ပါတယ်။ ဒါကြောင့် Hair Gel အစား ဆံပင်ရဲ့ သဘာဝဆီတွေကို ကာကွယ်ပေးနိုင်တဲ့ Moisturizer မျိုး သုံးပါ။
(၄) ဘောင်းဘီအရွေး မှန်ပါစေ
Photo: dumblittleman
Pants ကတော့ အမျိုးအစားရယ်လို့ သီးခြားမပြောချင်ပါဘူး။ Chino ပဲ ဝတတ် Jeans ပဲ ရွေးရွေး တင်ပါးနဲ့ ခါးအကျတွေ မှန်ဖို့နဲ့ ကိုယ်သွားမယ့်နေရာနဲ့ လိုက်အောင် ဝတ်ဖို့ပဲ လိုပါတယ်။ ဘောင်းဘီခါးဆိုဒ် ကိုယ်နဲ့ တော်မတော် အလွယ်သိနိုင်ဖို့က ခေါင်းကို ဇစ်ဆွဲကြယ်သီးတပ်ထားတဲ့ အနေအထားမှာ လက်သီးဆုပ်တံတောင်ကွေးပြီး ဘောင်းဘီခါးထဲ ထည့်တိုင်းကြည့်ပါ။ တံတောင်နဲ့ Jeans ဘောင်းဘီအတွင်းမှာ အံကျ Fit ဖြစ်နေရင် ကိုယ့်ခါးနဲ့တော်တယ်လို့ မှတ်နိုင်ပါတယ်။
(၅) Style သစ်တွေနဲ့ မျက်ခြေမပြတ်ပါစေနဲ့
Photo: Freepik
အမျိုးသားဖက်ရှင်အတွက် ဖက်ရှင်နဲ့ ပတ်သက်လို့ အကြံယူချင်ရင် Instagram နဲ့ Pinterest တွေက အကောင်းဆုံးနဲ့ အဆင်ပြေဆုံးလို့ ပြောချင်ပါတယ်။ Style Inspiration ယူဖို့ဆိုရင် အဲဒီပလက်ဖောင်းနှစ်ခုက အကောင်းဆုံးအရင်းအမြစ်လို့ ဆိုနိုင်ပါတယ်။ အမျိုးသားဖက်ရှင်ဆိုင်ရာ အသစ်အသစ်တွေကိုလည်း တွေ့ရနိုင်သလို အဝတ်အစားဒီဇိုင်းဆန်းတွေလည်း အဲဒီပလက်ဖောင်းတွေမှာ ပိုမြင်ရလို့ ဖြစ်ပါတယ်။