ရုပ်ရှင်တွေဟာ လေ့လာအတုစရာတွေ အများကြီးပေးနိုင်ပါတယ်။ ရုပ်ရှင်တွေဆိုတာ စိတ်ခွန်အားတွေ ၊ သင်ခန်းစာ ယူစရာတွေ ၊ စမတ်ကျတဲ့ နေထိုင်မှုပုံစံတွေနဲ့ အဆင့်တန်းမြင့်မြင့် စတိုင်ကျကျ ဝတ်စားနေထိုင်တတ်ဖို့ Inspiration ယူစရာတွေ အများကြီးရနိုင်မယ့် အကောင်းဆုံး အနုပညာတစ်ခုလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ Gentleman ဆန်တဲ့ ကွီးတို့ ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကား ကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။
(၁) The Great Gatsby
The Great Gatsby ဇာတ်ကားကတော့ မင်းသားကြီး Leonardo DiCaprio နဲ့ မင်းသမီးချော Carey Mulligan တို့အဓိက ပါဝင်သရုပ် ဆောင်ထားတဲ့ IMDb Rating ၇.၃ ရရှိထားတဲ့ အချစ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အချစ်အတွက် ငွေရှာထွက်ရင်း သူဌေးကြီးတစ်ယောက် ဖြစ်လာခဲ့ပေမယ့် ကံအကြောင်းတရားကြောင့် ဆုံဆည်းခွင့်မရခဲ့တဲ့ ချစ်သူနှစ်ဦး တစ်ချိန်မှာ ပြန်တွေ့လည်ဆုံတွေ့ကြတဲ့အခါ အရင်လို ရင်ခုန်သံတွေ ရှိနေအုန်းမလားဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
(၂) GoodFellas
ထိပ်တန်းမင်းသားကြီးတွေဖြစ်တဲ့ Robert De Niro ၊ Ray Liotta နဲ့ Joe Pesci တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ GoodFellas ရုပ်ရှင်ဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အကောင်းဆုံး ဂိုဏ်းစတား ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ IMDb Rating ၈.၇ အထိရရှိထားပြီး အမေရိကန် လူမိုက်ဂိုဏ်းစတားရဲ့ အာဏာပါဝါတွေ ၊ ဂိုဏ်းစတားတွေရဲ့ သစ္စာစောင့်သိမှုတွေကို အမိမိုက်ဆုံး ကြည့်ရှု့ခံစားနိုင်မယ့် ထာဝရအကောင်းဆုံး ထိပ်တန်းဂိုဏ်းစတား ရုပ်ရှင်ဇာတ်ကား ကောင်းတစ်ကား ဖြစ်ပါတယ်။
(၃) The Banker
The Banker ဇာတ်ကားက ၂၀၂၀ ခုနှစ် ကမှ အသစ်ထွက်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၉၅၀ ဝန်းကျင်က အာဖရိကန်အမေရိကန် စွန့်ဦးတီထွင်လုပ်ငန်းရှင် လူမည်းနှစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားခံရမှုတွေကြားကနေ အခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်ကြပုံတွေ ၊ ကြိုးစားအားထုတ်မှုတွေကို လေ့လာအတုယူဖွယ် ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
(၄) The Gentlemen
The Gentlemen ဇာတ်ကားကတော့ ဂန်းစတားတွေအကြောင်း ရိုက်ကူးထားတဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီး Matthew McConaughey အပါအဝင် တခြားဝါရင့် နာမည်ကြီးသရုပ်ဆောင်တွေ များစွာပါဝင် အားဖြည့်ထားပြီး ဂိုဏ်းစတားတွေရဲ့ အမိုက်စားဖက်ရှင်တွေ ၊ ဒုစရိုက်လောကရဲ့ အကြမ်းဆုံး ဖြတ်သန်းမှုတွေ ကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။
အထက်ပါ ဇာတ်ကားတွေအပြင် Gentleman ဆန်တဲ့ အမျိုးသားတိုင်းကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းစာရင်းမှာ The Godfather ၊ American Psycho ၊ The Irishman ၊ Kingsman: The Golden Circle ၊ The Wolf of Wall Street ၊ The Good, the Bad and the Ugly စသည်ဖြင့်များစွာ ရုပ်ရှင်ဇာတ်ကားကောင်းတွေလည်း အများကြီးပါဝင်ပါတယ်။ နောက်တစ်ခေါက် ဆောင်းပါးတွေမှာ ဒီလို ကွီးတို့အတွက် ကြည့်ရှုစရာ Gentleman ရုပ်ရှင်တွေကို ဆက်လက်တင်ဆက် ပေးသွားပါဦးမယ်။ ကွီးတို့ အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကား ကောင်းတွေရှိရင်လည်း ကွန်းမန့်မှာ ရေးပေးခဲ့ပါအုန်းနော်။
Featured Photo : Netflix