COVID-19 ကြီးကလည်း မပြီးသေးတော့ မဖြစ်သာတဲ့ အခြေအနေကလွဲရင် အပြင်မသွားတာ အကောင်းဆုံးပေါ့။ ကိုယ့်အိမ်မှာကို Quarantine နေကြရင်းနဲ့ ကြာလာရင်းလည်း ပျင်းရိလာတာ သဘာဝပါပဲ။ ပျင်းရိငြီးငွေ့စရာ နေ့ရက်တွေမှာ ကိုယ်လည်း အပျင်းပြေ ရေရှည်/ရေတိုပါ အကျိုးများစေမယ့် အလုပ်ကလေးတွေ ကိုယ့်ကိုယ်ကိုယ် ပြန်ခိုင်းထားတာက အကောင်းဆုံးအကြံဉာဏ်ဖြစ်ပါလိမ့်မယ်။ ဒီတော့ အိမ်မှာနေရင်း ပျင်းနေသူတို့အတွက် ထိရောက်ပြီး အကျိုးများမယ့်နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) လုပ်ချင်တာလေးတွေ ချရေး ၊ ချက်ချင်းထ လုပ်

fingers-note-report-journalist-filling

Photo: Freepik

အရင်ဆုံး အကြံပေးချင်တာက ကိုယ့်ဘဝမှာ တစ်နေ့တော့ လုပ်ဖြစ်အောင် လုပ်လိုက်ဦးမယ်လို့ တေးထားတဲ့ Goals လေးတွေကို ပြန်စဉ်းစားပြီး စာရွက်ပေါ် ချရေးလိုက်ပါ။ အခု အိမ်ထဲမှာ တင် လုပ်နိုင်မယ့် အလုပ် Lists ကလေးတွေ ပြန်ဆွဲထုတ်လိုက်ပြီး ချက်ချင်း ထ လုပ်လိုက်ပါ။ ဥပမာ- အားတဲ့တစ်ရက်တော့ ဂစ်တာအတီးတင်လိုက်ဦးမယ်လို့ စိတ်ထဲ တေးထားဖူးရင် အခုချက်ချင်း ဂစ်တာကောက်ကိုင် ၊ YouTube ဖွင့်ပြီး အွန်လိုင်းဂစ်တာ Lessons လေးတွေ လေ့လာကြည့်လိုက်ပါ။

(၂) ဆံပင်ပုံစံသစ်ထား

How-To-Cut-Your-Own-Hair-Men

Photo: menshairstylestoday

Coronavirus ကြောင့် ပြောင်းသွားတဲ့ လူမှုပုံစံတွေ အများကြီး ရှိပါတယ်။ အနည်းဆုံးတော့ အိမ်ထဲမှာတင် ကိုယ့်ဘာသာ ဆံပင်ညှပ်လို့ ရပြီ ဆိုတာ သိသွားကြတာပါပဲ။ အိမ်ထဲကနေ အပြင် မထွက်ဖြစ်တာ သေချာရင် ကိုယ့်ဘာသာ ဆံပင်ညှပ်ကြည့်လိုက်ပါ။ မညှပ်ခင် Instagram တို့ YouTube တို့လို ပလက်ဖောင်းတွေပေါ်ကနေ ကိုယ့်ဘာသာ ဆံပင်ညှပ်တဲ့နည်းစနစ်နဲ့ Tutorials လေးတွေ ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ တကယ်လို့ အပြင်ထွက်လို့ ရတယ်ဆိုရင်လည်း အပြင်ဆံပင်ညှပ်ဆိုင်ကောင်းကောင်းမှာ ဆံပင်ပုံစံသစ် ညှပ်ဖို့လည်း အကြံပေးလိုက်ပါတယ်။

(၃) Audio-Books တွေ နားထောင်ပါ

man listening with headphone

Photo: Freepik

စာအုပ်ဖတ်တာကတော့ အကောင်းဆုံး ပျင်းရိခြင်းကုထုံးဖြစ်ပါတယ်။ စာအုပ်ကိုင်ပြီး ဖတ်ရတဲ့ အရသာက သိပ်ကို ချိုမြိန်ဆန်းပြားပါတယ်။ စာအုပ်တွေက ကိုယ့်ရဲ့ အပြအမူနဲ့ ဘဝပေါ် မြင်တဲ့အမြင်တွေ ပြောင်းလဲစေနိုင်ပါတယ်။ စာအုပ်ကို လက်ထဲကိုင်မဖတ်နိုင်ရင်လည်း အသံစာအုပ်တွေ Audio-Books နားထောင်နိုင်ပါတယ်။

(၄) Skills သစ်တစ်မျိုး လေ့လာပါ

Young man student study at home using laptop and learning online

Photo: Freepik

ပညာရပ်တစ်ခုခု သင်တယ်ဆိုတာ ရေရှည်အကျိုးများမယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ Skills သစ်ဆိုရာမှာ ဘာသာစကားတစ်ခုခုလည်း ဖြစ်နိုင်တယ် ၊ ဂီတတူရိယာအတီးသင်တာလည်း ဖြစ်နိုင်တယ် ၊ ဘာသာရပ်တစ်ခုခု လိုက်စားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် တတ်ထားရင် အကျိုးများမယ့်ကိစ္စဖြစ်သလို လေ့လာရင်းနဲ့လည်း အပျင်းပြေသွားစေနိုင်ပါတယ်။