လက်ဆောင်ပေးတယ်ဆိုတာ ကောင်းမြတ်တဲ့အလေ့အထ တစ်ခုဖြစ်ပါတယ်။ ရှေးခေတ် ဘုရင်းမင်းများလက်ထက်ကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ လက်ဆောင်ပဏာများ ပေးပို့ဆက်သကာ ချစ်ကြည်ရေး တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။

လက်ဆောင်ပေးခြင်းဟာ တစ်ယောက်ရင်ထဲက စေတနာမေတ္တာကို တစ်ယောက်အတွက် ဖော်ပြပေးသလို ချစ်ခြင်းရဲ့ သင်္ကေတတစ်ခုဆိုလည်း မမှားပါဘူး။ မိန်းကလေးတွေအတွက်လည်း လက်ဆောင်ဆိုတာ တကယ့်ကို အလိုချင်ဆုံးအရာတွေပါ။ ကိုယ့်ချစ်သူကောင်လေးက ပေးတဲ့လက်ဆောင်မျိုးဆို ပိုလို့လိုချင်ပါသေးတယ်။ ဒါဆို ဘယ်လိုလက်ဆောင်မျိုးက မိန်းကလေးတွေရဲ့နှလုံးသားကို အရည်ပျော်သွားစေမလဲ ကွီးတို့ သိထားဖို့လိုမယ်နော်။

(၁) ပန်း

Source : bestlifeonline.com

စိန်လက်စွပ်တွေ အဖိုးတန်ရတနာတွေ ဒေါ်လာတွေကမှ လက်ဆောင်လို့ ပြောရအောင်လည်း ဘဝကရုပ်ရှင်မဟုတ်ပါဘူး။ မိန်းကလေးတွေဟာ ကိုယ့်ချစ်သူပေးတဲ့ ပန်းလေးတစ်ပွင့်ကိုတောင် ခြောက်သွေ့ညိုးနွမ်းသွားတဲ့အထိ စာအုပ်ထဲ ညှပ်သိမ်းထားတက်သူတွေပါ။ ဖြူစင်ပြီး နှလုံးသားနုတဲ့ မိန်းကလေးတွေဖြစ်တာကြောင့် သူတို့နဲ့ ဆင်တူတဲ့ ဖြူစင်တဲ့ပန်းကလေးတွေ လက်ဆောင်းပေးခြင်းဟာ အကောင်းဆုံးသော လက်ဆောင်တစ်ခုဖြစ်ပါတယ်။

(၂) အလှကုန်ပစ္စည်းများ

Source : Shutterstock

မိန်းကလေးတွေဟာ အလှအပကို မြတ်နိုးတဲ့သူလေးတွေဖြစ်တာကြောင့် အလှအပနဲ့ဆိုင်တဲ့ပစ္စည်းတွေကလည်း အကောင်းဆုံးလက်ဆောင်တစ်ခုပါ။ သူတို့ရဲ့ အသားအရောင်အနေအထားကာလာကို ကြည့်ပြီး လိုက်ဖက်တဲ့ Make up အရောင်၊ နှုတ်ခမ်းနီအရောင်တို့ကို ရွေးချယ်လက်ဆောင်ပေးမယ်ဆိုရင်တော့ သင့်ကိုအများကြီး အချစ်တွေတိုး အမှတ်တွေပိုစေမှာ သေချာပါတယ်။

(၃) ဆွဲကြိုး

Source : MenWit

တန်ဖိုးကြီးတဲ့စိန်ပွင့်တွေ ရွှေချိန်များစွာပါတဲ့ ဆွဲကြိုးတွေထက် သူတို့ရဲ့နာမည်အစ စာလုံးလေးတွေပါတဲ့ ဆွဲကြိုးလေးတွေက သင့်ချစ်သူကောင်မလေးကိုပိုပြီး ဟက်ထိစေပါတယ်။

(၄) Hand Made ပစ္စည်း

Source : shutterstock.com

အပ်ကအစ လေယာဉ်ပျံအဆုံး အကုန်လုံးဝယ်လို့ရတဲ့ ခေတ်ထဲမှာ ဘယ်ဆိုင်မှာမှဝယ်လို့မရတဲ့ သင်ကိုယ်တိုင်လုပ်ထားတဲ့ Hand Made ပစ္စည်းလေးတွေဟာ ချစ်သူကောင်မလေး အလိုချင်ဆုံးသော လက်ဆောင်တစ်ခုပါ။ သူတို့အတွက် သေချာ အချိန်ယူပြီး အမြတ်တနိုးလုပ်ပေးတယ်ဆိုတဲ့ စိတ်နဲ့ သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ ဘယ်လို Hand Made လက်ဆောင်မျိုးကိုမဆို သဘောကျနေမှာ သေချာပါတယ်။

(၅) Photo Album

Source : Notonthehighstreet.com

ချစ်သူနှစ်ယောက်ရိုက်ထားတဲ့ပုံလေးတွေကို Facebook ၊ IG စတဲ့ ဆိုရှယ် App တွေမှာ တင်တတ်ကြပါတယ်။ ဒီလိုတင်တာထက် ပိုပြီးထိရောက်တဲ့နည်းလမ်းလေးကတော့ ချစ်သူနှစ်ယောက်ရိုက်ထားတဲ့ပုံလေးတွေကို Album တစ်ခုလုပ်ပြီး  ချစ်သူကောင်မလေးကို လက်ဆောင်ပေးပါ။ အမှတ်တရတွေကို တစ်စု တစ်စည်းထဲ ပြန်ကြည့်လို့ရတဲ့အတွက် ဒီလိုလက်ဆောင်လေးဟာ မိန်းကလေးတွေ အကြွေဆုံးလက်ဆောင်လေးတစ်ခု ဖြစ်ပါတယ်။