မွေးနေ့ဆိုတာ ထူးခြားတဲ့နေ့တနေ့ပါ။ အထူးသဖြင့် မိန်းကလေးတွေအတွက်မွေးနေ့ဆိုတာသူတို့အတွက် တကယ့်ကိုအရေးကြီးတဲ့နေ့ပါပဲ။ မွေးနေ့မတိုင်ခင်တလလောက်ကတည်းက သူတို့မွေးနေ့မှာဘာတွေလုပ်မယ်၊ ဘယ်လိုဖြတ်သန်းမယ်ဆိုတာကို ကြိုတင်ပြင်တတ်ကြပါတယ်။ သူချစ်တဲ့မိသားစု၊ သူငယ်ချင်းမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဘက်တွေ၊ ချစ်သူ စတဲ့သူချစ်တဲ့သူဘယ်သူမဆို သူ့မွေးနေ့ကိုမေ့နေမှာလဲ စိုးရိမ်တတ်ကြပါတယ်။ ဒီနေရာမှာ ချစ်သူရှိတဲ့ယောက်ျားလေးတွေအနေနဲ့ ကိုယ့်ချစ်သူကိုဘာလက်ဆောင်ပေးရမလဲဆိုတာ ခေါင်းစားစရာဖြစ်လာပါပြီ။ ဒါဆို ကြည့်လိုက်ရအောင်။

(၁) ရိုမန့်တစ်ဆန်ဆန် ညစာစားပွဲ

Source : Freepik

ရိုမန့်တစ်ဆန်ဆန်ရင်ခုန်စရာ ညစာစားပွဲဟာ ချစ်သူမိန်းကလေးကိုအံ့အားသင့်စေဖို့နဲ့ လက်ဆောင်ပေးဖို့ အကောင်းဆုံးလက်ဆောင်တွေထဲက တခုပါ။ ဈေးကြီးပေးရတဲ့စားသောက်ဆိုင်ကြီးတွေဖြစ်စရာမလိုပါဘူး။ အစားအသောက်အနည်းငယ်၊ ဝိုင်တခွက်စီနဲ့ သင်တို့နှစ်ယောက်လုံးအတွက် အေးအေးဆေးဆေးရှိမယ့်နေရာ လေးတခုမှာဆို လုံလောက်ပါပြီ။ ပြီးတော့ အမှတ်တရလက်ဆောင်လေးတခုဖြစ်ဖြစ်ပေးလိုက်ရင် ပြည့်စုံပြီနော်။

(၂) ချောကလက်ပန်းစည်း

Source : Flower Gift

မိန်းကလေးတွေက ပန်းတွေကိုကြိုက်တတ်သလို ချောကလက်လဲကြိုက်ကြပါတယ်။ ဒါဆို နှစ်မျိုးကိုရောစပ်ပေး လိုက်ရင်လဲ မမှားပါဘူး။ ချောကလက်ပန်းစည်းတွေဟာ ခုနောက်ပိုင်းခေတ်စားလာတဲ့လက်ဆောင်တမျိုးပါ။ တကယ်လို့သင်ဝါသနာပါရင် သူမကြိုက်တဲ့ချောကလက်အမျိုးအစားတွေရွေးချယ်ပြီး ကိုယ်တိုင်လုပ်ပေးလို့လဲ ရပါတယ်။ သင်ပြောချင်တဲ့စကားလေးတွေရှိရင် စာရေးပြီးပေးလို့လဲရတယ်နော်။

(၃) နာမည်ထိုးထားတဲ့လက်ဆောင်လေးတွေ

Source : Indiagift

နောက်ထပ် နှစ်သက်ဖွယ်လက်ဆောင်တမျိုးကတော့ သူမရဲ့နာမည်ထိုးထားတဲ့ ပန်းချီကား၊ လက်ဝတ်ရတနာနဲ့ နေ့စဉ်သုံးပစ္စည်းတွေဖြစ်တဲ့ ခွက် ဒါမှမဟုတ် အိပ်ယာခင်းလိုအသုံးအဆောင်တွေကို customize ပြုလုပ်ပေးတာမျိုးဖြစ်ပါတယ်။

(၄) Handmade ကဒ်နဲ့ ပန်းတွေ

Source : iStock

တကယ်လို့သင်က ကိုယ်တိုင်ဖန်တီးရတာသဘောကျပြီး သင်သူမကိုဘယ်လောက်ချစ်တယ်ဆိုတာပြချင်တယ် ဆိုရင် အလှစက္ကူကဒ်ပြားပေါ်မှာ သင့်စိတ်ထဲကသူမအကြောင်းသင်တွေးနေမိတာတွေကို သင့်လက်ရေးနဲ့စာ ရေးပေးလို့ရပါတယ်။ ပြီးတော့ လှပတဲ့ပန်းစည်းလေးက တန်ဖိုးကြီးတာတွေမနှစ်သက်တဲ့သင့်ချစ်သူမိန်းကလေး အတွက် အသင့်တော်ဆုံးဖြစ်မှာပါ။