ဆန်းသစ်ပြီး ဂန္တဝင်ဆန်တဲ့ ကော့လ်တေး ဖြစ်တဲ့ Gin Rickey ကော့လ်တေးကို ၂၀ ရာစုမှ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကော့လ်တေးရဲ့ အစကတော့ အတိအကျတော့ ပြောလို့မရပေမဲ့ အမေရိကန်နိုင်ငံရှိ ကွန်ဂရက်လွှတ်တော်အမတ်တွေအတွက် ရေပန်းစားတဲ့ ဆုံစည်းရာနေရာဖြစ်တဲ့ Washington D.C. ရှိ Shoemaker’s မှာ ဖန်တီးခဲ့တာလို့ ဇာတ်လမ်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဒီကော့တေးမှာ သကြားပါဝင်မှု မရှိသလောက် နည်းတာကြောင့် ကယ်လိုရီ ပါဝင်နှုန်း အနည်းဆုံး ဂျင် ကော့လ်တေးများထဲက တစ်ခုဖြစ်ပြီး ပါဝင်ပစ္စည်း အနည်းငယ်နဲ့ လွယ်လွယ်ကူကူ ဖျော်စပ်လို့ရပါတယ်။ ကွီးတို့အတွက် လန်းဆန်းတတ်ကြွမှုကို အပြည့်အဝပေးနိုင်မဲ့ Gin Rickey ကော့လ်တေး ရဲ့ လွယ်ကူတဲ့ ဖျော်စပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။
ကော့လ်တေး ဖျော်စပ်ဖို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေကတော့

Photo : The Spruce Eats
(၁) ဂျင် ၂ အောင်စ
(၂) လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် ၀.၅ အောင်စ
(၃) ကလပ် ဆိုဒါ ၄ အောင်စ
(၄) ရေခဲများ နှင့်
(၅) အလှဆင်ရန်အတွက် သံပုရာသီးခြမ်း စသည်တို့ လိုအပ်ပါတယ်။
ဒီကော့လ်တေး ဖျော်စပ်တဲ့နေရာမှာ လတ်ဆတ်တဲ့ သံပုရာရည်ကို သုံးဖို့ အထူးအကြံပေးလိုပါတယ်။ ဒါမှသာ သံပုရာရည်ရဲ့ သဘာဝအရသာက ကော့လ်တေးရဲ့ အရသာကို သေချာ ပံ့ပိုပေးနိုင်မှာပါ။ ဒါ့အပြင် ကလပ်ဆိုဒါက ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းလို့ ထင်ရသော်လည်းပဲ အချိုးအဆ မှန်ကန်အောင် ဂရုပြုသင့်ပါတယ်။
ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ လန်းဆန်းမှုကို ပေးစွမ်းနိုင်မဲ့ Gin Rickey ကော့လ်တေး ဖျော်စပ်ဖို့ အသင့်ဖြစ်ပါပြီ။ ကော့လ်တေး ဖျော်စပ်ပုံကတော့
(၁) အရင်ဆုံး ပါဝင်ပစ္စည်းများကို တစ်နေရာတည်းမှာ စုလိုက်ပါ။

Photo : The Spruce Eats
(၂) ပြီးလျှင် ရေခဲများကို Highball ဖန်ခွက်ထဲသို့ အပြည့် ဖြည့်လိုက်ပါ။

Photo : The Spruce Eats
(၃) ထို့နောက် ပါဝင်ပစ္စည်းများထဲက ဂျင်နဲ့ သံပရာရည်ကို ရေခဲပေါ်မှာ လောင်းထည့်လိုက်ပါ။

Photo : The Spruce Eats
(၄) ကလပ်ဆိုဒါကို နောက်ဆုံးမှာ ဖန်ခွက်ထဲသို့ လောင်းထည့်ပါ။

Photo : The Spruce Eats
(၅) နောက်ဆုံး အနေဖြင့် အဆင်သင့် ပြင်ထားတဲ့ သံပုရာသီးစိပ်လေးများဖြင့် အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ ပါဝင်ပစ္စည်း ၃ မျိုးလောက်နဲ့ ဖျော်စပ်ရတာလည်း လွယ်ကူတဲ့ Gin Rickey ကော့လ်တေး လေး ရရှိပါပြီ။
ကွီးတို့ ဘော်ဒါတွေနဲ့ အားလပ်ရက်မှာ ဖြစ်စေ၊ မိသားစုနဲ့ ညစာစားအပြီးမှာဖြစ်စေ၊ လွယ်လွယ်ကူကူ ဖျော်စပ် သောက်သုံးလို့ ရပါတယ်။ ဒီ ဂျင်ကော့လ်တေးရဲ့ အကြည်ရောင် အသွင်အပြင်နဲ့ အရသာကြောင့် ပါတီတွေမှာ ထည့်သွင်းဧည့်ခံဖို့လည်း အမှန်တကယ်ပင် သင့်တော်ပါတယ်။
Source : The Spruce Eats
Featured Photo : Love To Know
