သစ်သီးဝလံ စုံစုံလင်လင်ဖြင့် ဖော်စပ်ထားတဲ့ ကော့တေးများ၊ ဘားတွေက ဖျော်ပေးတဲ့ ကော့တေးများ သောက်ရတာ ငြီးငွေ့နေပြီး ကိုယ်တိုင်ကိုယ်ကျ အိမ်မှာပဲ ကော့တေး ဖျော်သောက်ချင်တဲ့ ကွီးတို့အတွက် နည်းလမ်းကောင်းတစ်ခု ရှိပါတယ်။ ထိုနည်းလမ်းကတော့ Ginger Beer အသုံးပြုကာ အရသာစူးရှတဲ့ ကော့တေး တစ်ခွက် ဖန်တီး ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။
ပြုလုပ်နည်းကလည်း လွယ်ကူပြီး ၃ မိနစ်လောက် အချိန်ပေးလိုက်ရုံနဲ့တင် အရသာပြီးပြည့်စုံတဲ့ ကော့တေးတစ်မျိုးကို ဖန်တီးနိုင်ပါတယ်။ ကွီးတို့လည်း ရယ်ဒီဖြစ်ပြီဆိုရင်တော့ ပြုလုပ်နည်း အဆင့်ဆင့်နှင့် ပါဝင်ပစ္စည်းများကို အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
- ဝီစကီ စားပွဲတင်ဇွန်း ၄ ဇွန်း
- သံပုရာသီး ၃ စိပ်
- Ginger Beer စားပွဲတင်ဇွန်း ၆ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်ပါ။
၂။ ဖန်ခွက်ရှည် တစ်လုံးထဲသို့ ဝီစကီ စားပွဲတင်ဇွန်း ၄ ဇွန်း လောင်းထည့်လိုက်ပါ။
၃။ သံပုရာသီး ၃ စိပ်ကို ဖန်ခွက်ထဲသို့ သံပုရာစေ့ မပါစေဘဲ အရည်ညှစ်ထည့်လိုက်ပါ။
၄။ ထို့နောက် ဖန်ခွက်ထဲသို့ ရေခဲတုံးများ ထည့်လိုက်ပါ။
၅။ တစ်ဖန် Ginger Beer စားပွဲတင်ဇွန်း ၆ ဇွန်း လောင်းထည့်ကာ ဇွန်းအရှည်တစ်ချောင်းဖြင့် နှံ့စပ်သွားအောင် ရောမွှေလိုက်ပါ။
နောက်ဆုံးမှာတော့ အရသာရှတတလေးနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ Ginger Beer ဖြင့် ပြုလုပ်ထားသော ကော့တေး တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။
ပြုလုပ်နည်းကလည်း လွယ်ကူပြီး ပါဝင်ပစ္စည်းများကလည်း ရိုးရှင်းတဲ့အတွက်ကြောင့် အရသာ တစ်မူထူးခြားတဲ့ ကော့တေးတစ်ခွက် ဖန်တီးချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
ယခုဖော်ပြသွားတဲ့ Ginger Beer ကော့တေးသည် တစ်ခွက်စာ ဖျော်စပ်နည်းနှင့် တစ်ခွက်စာအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်း ပမာဏတွေပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ ကိုယ့်ဘော်ဒါတွေအတွက် (သို့မဟုတ်) အိမ်တွင်း ပါတီပွဲ အသေးစားများအတွက် ဖျော်စပ်ချင်တယ်ဆိုရင်တော့ ထိုပမာဏကို လူအရေအတွက်အလိုက် တိုးကာ ဖျော်စပ်နိုင်ပါတယ်။
Source: Thespruceeats
Featured Image: Cocktails.lovetoknow