Golf အားကစားသည် ကွီး တို့အတွက် Luxury ဆန်သော အားကစားတစ်ခုဖြစ်ပြီး ဖက်ရှင် ကျကာ ကြည့်ကောင်းနေစေပါတယ်။

Golf ရိုက်တာကို အခုမှ စလုပ်မယ် ကွီး တို့အနေနဲ့ ဂေါ့ဖ်ရိုက်ထွက်ရင် ဘယ်လိုအားကစားအဝတ်အစားမျိုးကို ဝတ်ဆင်ရမလဲဆိုတာသည်လည်း စဉ်းစားရခက်တဲ့အလုပ်တစ်လုပ်ပါပဲ။ ကိုယ် ဝတ်စားသွားတဲ့ အားကစားအဝတ်အစားက မလိုက်မဖက်ဖြစ်နေတဲ့အခါ လူ ရယ်စရာများ ဖြစ်နေမလားဆိုပြီး စိတ်ပူနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် Tips များကို လိုက်နာနိုင်ပါတယ်။

အရိုးရှင်းဆုံး ဝတ်ဆင်ပါ

fashion for golfer

အရောင်တွေကို ရွေးချယ်ဝတ်ဆင်တဲ့အခါ အဖြူရောင်၊ အနက်ရောင်၊ မီးခိုးရောင်နှင့် နေဗီပြာရောင်တို့ကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

ရှောင်ကြည်ရမယ့်အရာများ

fashion for golfer

ထူထဲလွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ရပါမယ်။ အထူးသဖြင့် နွေရာသီလို ပူပြင်းခြောက်သွေ့တဲ့အချိန်မျိုးမှာ လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာရှိတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်ပေးလိုက်ပါ။

ဦးထုပ်ဆောင်းဖို့ မမေ့ပါနဲ့

fashion for golfer

နေပူထဲမှာ Golf ရိုက်ရတဲ့ ကွီးတို့အနေနဲ့ နေပူရှိန်ရဲ့ အန္တရာယ်မှ ကာကွယ်ပြီး ဖက်ရှင်ကျဖို့အတွက် ဦးထုပ်သည် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။

အရောင် သုံးရောင်ထက်ပိုကာ မဝတ်ဆင်ပါနဲ့

fashion for golfer

အင်္ကျိအရောင်၊ ဘောင်းဘီအရောင်၊ အားကစားဖိနပ်နှင့် ဦးထုပ် စတဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်း အားလုံးပေါင်းမှ စုစုပေါင်း သုံးရောင်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။

ဘောင်းဘီတိုဖက်ရှင်

fashion for golfer

ဘောင်းဘီတိုဖက်ရှင်များသည်လည်း အအိုက်သက်သစေတာကြောင့် ရွေးချယ်သင့်တဲ့ ဖက်ရှင်စတိုင်လ်တစ်မျိုးပါပဲ။

အရောင်နုများ ရွေးချယ်ဝတ်ဆင်ပါ

fashion for golfer

အရောင်နုဖက်ရှင်များကတော့ သင့်ကို  ရှိရင်းစွဲအသက်အရွယ်ထက် ပိုမိုနုနယ်ပျိုမျစ်နေစေမှာပဲဖြစ်ပါတယ်။

Justin Timberlake စတိုင်လ်

fashion for golfer

လျှာထိုးဦးထုပ်ထက် သက္ကလပ်ဦးထုပ်လေးကို ရွေးချယ်ဝတ်ဆင်ခြင်းကတော့ Justin Timberlake ရဲ့ ဖက်ရှင်စတိုင်လ်တစ်မျိုးပါပဲ။

အပေါ်သို့ ဇစ်ဆွဲရတဲ့ ဆွယ်တာအင်္ကျီ

fashion for golfer

သင့်အနေနဲ့ ဇစ်ဆွဲရတဲ့ ဆွယ်တာအင်္ကျီကို ဝတ်မယ်ဆိုရင်တော့ ထိုအင်္ကျီက လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာရှိဖို့ လိုအပ်ပါလိမ့်မယ်။

စမတ်ကျကျဖက်ရှင်

Golf ကွီး ဖက်ရှင်

နက်ပြာရောင်ကတော့ Classic ဆန်ပြီး ကွီးတို့ကို စမတ်ကျစေမှာဖြစ်ပါတယ်။

ပိုလိုရှပ်ဖက်ရှင်

Golf ကွီး ဖက်ရှင်

Golf ရိုက်တဲ့ ကွီး တို့အတွက် ပိုလိုရှပ် ဖက်ရှင် ကတော့ ဘယ်တော့မှ ရိုးမသွားဘဲ စတိုင်လ်ကျနေစေမယ့် ဖက်ရှင်တစ်ခုပါ။

လက်ရှည်ဝတ်တဲ့အခါ

Golf ကွီး ဖက်ရှင်

လက်ရှည်ဝတ်တဲ့အခါ အင်္ကျီလက်ကို အခုလိုလေး ဆွဲတင်ထားခြင်းအားဖြင့် ပိုမိုဖက်ရှင်ကျနေစေမှာပါ။

အပြာရောင်ရှပ်အင်္ကျီ

Golf ကွီး ဖက်ရှင်

သင့်ဘီဒိုထဲမှာ အပြာရောင် ရှပ်အင်္ကျီတွေ ပုံနေတယ်ဆိုရင်တော့ အဖြူရောင်ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။

အရိုးရှင်းဆုံးပေမယ့် ဖက်ရှင်အကျဆုံးဖက်ရှင်

Golf ကွီး ဖက်ရှင်

အဖြူနဲ့ အနက်ဖက်ရှင်ကတော့ အရိုးရှင်းဆုံး ရွေးချယ်မှုဖြစ်ပြီး ဖက်ရှင်အကျဆုံးဖက်ရှင်ဆိုလည်း မမှားပါဘူး။

နှစ်ရောင်စပ် ရှပ်အင်္ကျီ

Golf ကွီး ဖက်ရှင်

ဒီဖက်ရှင်ကို ကြည့်မယ်ဆိုရင်တော့ အင်္ကျီအရောင်က နှစ်ရောင်စပ်ဖြစ်ပေမယ် စုစုပေါင်းဖက်ရှင်အရောင်က သုံးရောင်ထက် မပိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီတစ်ခါ Golf ရိုက်ထွက်တဲ့အခါ ကွီးတို့ ဒီဖက်ရှင်တွေကို ရွေးချယ်ကာ စတိုင်လ်ကျလိုက်ပါ။

Featured Image Source: Outfittrends