သင်က ကျန်းမာရေး လိုက်စားပြီး အားကစားမှန်မှန်ပြုလုပ်တဲ့သူတစ်ယောက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီအလေ့အကျင့်ကလည်း ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုပါပဲ။ ဒါပေမဲ့ ကျန်းမာရေးနှင့် ညီညွှတ်စွာ မစားသုံးပါကလည်း သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
မိမိကျန်းမာရေးကို ဂရုစိုက်ပြီး အစားအသောက်ဆင်ခြင်ချင်တဲ့ ယောကျာ်းများအတွက် များများစားသင့်တဲ့ အစားအစာများနှင့် ရှောင်ကြဉ်သင့်တဲ့အစားအစာအချို့ကို ဝေမျှပေးလိုက်ရပါတယ်။
ဖက်တိအက်ဆစ်ဓာတ် ကြွယ်ဝစွာပါဝင်သော ငါး များများစားသုံးပါ

Photo Source: Feedstrategy.com
အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါး၊ တူနာငါး၊ ငါးသေတ္တာငါး စသည့်အစားအစာများကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့် စားသုံးပေးသင့်ပါတယ်။ သူတို့မှာ ဗီတာမင်ဒီဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပါတယ်။
သွားရေစာ အနည်းငယ်သာ စားသုံးပါ

Photo Source: Engoo.com
ညသန်းခေါင်ကြီးကျမှ သွားရေစာ စားသုံးခြင်းက ကျန်းမာရေးနဲ့ မညီညွှတ်ဘူးဆိုတာ သင် သိပြီးသားဖြစ်ပါလိမ့်မယ်။ အာလူးကြော်များ၊ ကွတ်ကီးများ၊ သကြားဓာတ်လွန်ကဲသော အစားအစာများက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါရဲ့အစာရင်းမြစ်တွေပါပဲ။
ဘယ်ရီသီးများများ စားသုံးပါ

Photo Source: Blueberriesconsulting.com
ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ သွားရေစာများ စားသုံးမယ့်အစား Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ ဘယ်ရီသီး စားသုံးခြင်းက အသက်အရွယ်ကြီးရင့်တဲ့အခါ ဖြစ်ပေါ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းကို တားဆီးနိုင်ပါတယ်။
အဆီများသာ အသားများကို အနည်းငယ်သာ စားသုံးပါ

Photo Source: Tillmansmeats.com
ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ကြက်အူချောင်း စတဲ့အစားအစာများက အရသာရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ထိုအသားထဲမှာ အဆီဓာတ်များနှင့် ပြည့်နက်နေပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကို ဖြစ်ပွားစေသော ဆိုဒီယမ်ဓာတ်နှင့် ပြည့်ဝဆီများလည်း ပါဝင်နေပါသေးတယ်။
အရောင်ရင့်သော ဟင်းသီးဟင်းရွက် များများစားသုံးပါ

Photo Source: Verywellfit.com
အရောင်ရင့်သော ဟင်းသီးဟင်းရွက်များမှာ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်းမှ ကာကွယ်ပေးပြီး နှလုံးရောဂါနှင့် ကင်ဆာရောဂါများကိုတောင် တားဆီးပေးနိုင်ပါတယ်။
အသင့်စား ဘာဂါကို အနည်းငယ်သာ စားသုံးပါ

Photo Source: Eatthis.com
ဘာဂါတွေထဲမှာ သင့်တနေ့တာအတွက် လိုအပ်တဲ့ ဆိုဒီယမ်ဓာတ်နှင့် ပြည့်ဝဆီများ ၅၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ပါဝင်တတ်ပါတယ်။ ဆိုဒီယမ်က ဖောရောင်မှုနှင့် သွေးတိုးရောဂါ ဖြစ်ပွားစေတာကြောင့် အသင့်စားဘာဂါများကိုလည်း အနည်းအကျဉ်းမျှသာ စားသုံးသင့်ပါတယ်။
Source: Rd.com
