အောင်မြင်ချင်သလားလို့ မေးရင် ဘယ်သူမဆို ခေါင်းငြိမ့်ကြမှာပါ။ အောင်မြင်မယ့်သူမှာ ထူးခြားမှုတွေ ရှိပါတယ်။ သူ့ရဲ့ နေ့စဉ်ဘဝမှာ လုပ်ဆောင်နေသမျှထဲမှာ ပုံမှန်အလေ့အကျင့်ကောင်းတွေ ရှိပါတယ်။

(၁) အပြောင်းအလဲ လက်ခံတယ်

Photo: Freepik

အောင်မြင်မယ့်သူဟာ ခိုင်မာတဲ့ သံဓိဌာန်နဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ နည်းလမ်းတွေကို လက်ကိုင်ထားပါတယ်။ အခြေအနေ အရပ်ရပ်ရဲ့ အပြောင်းအလဲတွေကြားမှာ ဘယ်လို ရှင်သန်ရမလဲ သိအောင် လုပ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ကာလဒေသနဲ့ အသားကျလွယ်ပြီး အခြေအနေတိုင်းမှာ အဆင်ပြေကြပါတယ်။

(၂) အခွင့်အလမ်းတွေ အမြဲရှာဖွေတယ်

Photo: Freepik

တိုးတက်ဖို့အတွက် လမ်းလိုပါတယ်။ အခွင့်အလမ်းတွေနဲ့ မျက်ခြေမပြတ် ရှိနေသူဟာ သူတကာထက် ပိုမိုအောင်မြင်တိုးတက်ဖို့ လွယ်ပါတယ်။ ရည်ရွယ်ချက်တစ်ခု ရှိထားပြီး အဲ့ဒီရည်ရွယ်ချက်ကို ဖြစ်မြောက် အောင်မြင်စေမယ့် အခွင့်အလမ်းကို ရှာဖွေဖမ်းယူနိုင်သူဟာ တစ်နေ့ အောင်မြင်မယ့်သူပါ။

(၃) အနာဂါတ်အတွက် မေးခွန်းထုတ်တယ်

Photo: Freepik

ကိုယ်လုပ်နေတဲ့ အလုပ်က ကိုယ်ဖြစ်ချင်တဲ့ ဘဝလမ်းကြောင်းအတွက် အထောက်အပံ့ဖြစ်ရဲ့လား။ ကိုယ်တတ်တဲ့ ပညာကရော အနာဂါတ်မှာ အသုံးဝင်နေဦးမလား။ ရှေ့ရေးအတွက် ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ။ စသည်ဖြင့် နေ့တိုင်းမှာ ဘဝလမ်းကြောင်းကို ပေကြိုးဆွဲပြီး တန်းဖြောင့်ပေးမယ့် မေးခွန်းတွေ နေ့စဉ်မေးနေဖို့ လိုပါတယ်။

(၄) နေ့တိုင်း သင်ယူတယ်

Photo: Freepik

တိုးတက်အောင်မြင်ဖို့ နေ့စဉ်နေ့တိုင်း သင်ယူနေဖို့ လိုပါတယ်။ အသိဉာဏ်ပိုင်းအရ ရင့်ကျက် ကြွယ်ဝလာသူဟာ ဘဝပြဿနာတွေကို ဖြေရှင်းနိုင်သလို လောကအလယ်မှာ တင့်တင့် တယ်တယ် ထည်ထည်ဝါဝါ နေနိုင်မှာပါ။

(၅) အကောင်းမြင်တယ်

Photo: Freepik

အကောင်းမြင်ခြင်းဟာ နေ့စဉ်ဘဝမှာ အရေးပါတဲ့ လက်ကိုင်တရားပါ။ အကောင်းမြင်စိတ်နဲ့ ဆက်ဆံရင် စိတ်လည်း ချမ်းသာသလို ကိုယ်လည်း သက်သာပါတယ်။ အကောင်းမြင်စိတ်ကို ဦးစီးမှူးထားပြီး ပိုကောင်းတာတွေ လုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်နေခြင်းဟာ တစ်နေ့မှာ မလွဲမသွေ အောင်မြင်မှုရမယ့် လူတစ်ယောက်ရဲ့ အမှတ်လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။