ဘဝမှာ လူတိုင်းချမ်းချမ်းသာသာနေချင်ကြတာ သဘာဝပါ။ ကမ္ဘာ့တစ်ဝှမ်းက အချမ်းသာဆုံး ပုဂ္ဂိုလ်အများစုရဲ့ လက်ရှိအခြေအနေတွေဟာ မက်မောလောက်စရာ အားကျလောက်စရာကောင်းပေမယ့် သူတို့ကြိုးစားရင်းနှီးခဲ့ပုံတွေကိုတော့ တော်တော်များများမသိကြပါဘူး။ ကိုယ်ထူးကိုယ်ချွန်နဲ့ အောင်မြင်ချမ်းသာလာသူတိုင်းရဲ့ နောက်ကွယ်မှာကြီးမားအခက်ခဲတွေ လျှို့ဝှက်ချက်တွေဆိုတာရှိစမြဲပါ။

ဒါကြောင့် ဒီနေ့မှာတော့ ကမ္ဘာတစ်ဝှမ်းက အချမ်းသာဆုံးပုဂ္ဂိုလ်တွေ ဘယ်လိုနေထိုင်ခဲ့ကြတယ် ဘယ်လိုအလေ့အကျင့်ကောင်းတွေကို ကျင့်သုံးခဲ့ကြတယ်ဆိုတဲ့အချက်တွေကို ပြောပြသွားမှာဖြစ်ပါတယ်။

(၁) မလိုအပ်တဲ့အရာတွေအတွက် ငွေကုန်မခံခြင်း

Source : The Cheat Sheet

ကမ္ဘာတစ်ဝှမ်းမှာချမ်းသာနေတဲ့ ပုဂ္ဂိုလ်အများစုဟာ သူတို့အတွက်မဖြစ်မနေမလိုအပ်တဲ့ အရာတွေအတွက် ငွေကုန်ကြေးကျမခံကြပါဘူး။ ဥပမာ ဖေ့ဘွတ်ခ်တည်ထောင်သူ မက်ဇူကာဘက်ရဲ့ ဝတ်စားဆင်ယင်ပုံကိုကြည့်ရင်သိနိုင်ပါတယ်။ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပေမယ့် သိန်းရာနဲ့ချီနဲ့ အင်္ကျီအဝတ်အစားတွေကို မဝတ်ဆင်ပါဘူး။ သာမာန်ရိုးရိုးတီရှပ်နဲ့ ဂျင်းဘောင်းဘီကိုပဲ ဝတ်ဆင့်လေ့ရှိတာဖြစ်ပါတယ်။ သူတို့အနေနဲ့ မလိုအပ်ဘူးထင်တဲ့အရာတွေအတွက် ငွေကုန်ခံဖို့စိတ်ကူးမရှိပါဘူး။

(၂) ဘဝကိုရည်မှန်းချက်ချပြီး အလုပ်လုပ်ခြင်း

Source : gtcps.com

လူတစ်ယောက်အောင်မြင်ဖို့ကြိုးစားတဲ့အခါ ရည်မှန်းချက်ပန်းတိုင်တစ်ခုတော့ အမြဲလက်ကိုင်ထားရပါတယ်။ ရည်မှန်းချက် မရှိတဲ့သူဟာ ကြိုးတော့ကြိုးစားနေပေမယ့် အောင်မြင်မှုပန်းတိုင်စီကိုတော့ အရောက်လှမ်းဖို့ဝေးနေပါလိမ့်မယ်။ အောင်မြင်ချမ်းသာနေတဲ့သူတိုင်း ဘဝအတွက် ရည်မှန်းချက်တွေကို ကိုယ်စီချမှတ်ပြီး အလုပ်လုပ်ကိုင်ကြတာဖြစ်ပါတယ်။

(၃) ငွေစုဆောင်းခြင်း

Source : hacked.com

ငွေစုဆောင်းတဲ့အလေ့အကျင့်ဟာ လူတိုင်းလိုက်နာကျင့်သုံးသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ ချမ်းသာတဲ့သူတွေဟာ သာမာန်သူတွေထက်ပိုပြီး ငွေတန်ဖိုးသိသလို ငွေကိုလည်းပိုပြီး စုဆောင်းချွေတာတတ်ကြပါတယ်။ ကိုယ့်ရဲ့တစ်လ ငွေအဝင်အထွက်ကို သေချာစရင်းမှတ်ပြီး စုဆောင်းသင့်တဲ့ပမာဏစုဆောင်းကာ ပိုလျှံတဲ့ငွေကိုပဲ သုံးကြတာဖြစ်ပါတယ်။

(၄) သုံးတာနဲ့ဖြုန်းတာကို ခွဲခြားသိရှိခြင်း

Source : A Man’s Quest

ချမ်းသာတဲ့သူတွေဟာ ငွေသုံးစွဲတာနဲ့ ငွေဖြုန်းတာကို ကောင်းစွာသိရှိနားလည်ထားကြပါတယ်။ လိုအပ်တဲ့နေရာမှာ ငွေသုံးဖို့ ဝန်မလေးပေမယ့် မလိုအပ်တဲ့နေရာတွေမှာ ငွေဖြုန်းမိမှာကိုတော့ အရမ်းကြောက်ကြပါတယ်။ အသေးစားအသုံးစရိတ်ကအစ စနစ်ကျတကျ စာရင်းတွက်ချက်တတ်တဲ့ အလေ့အကျင့်တွေကိုလည်း ကျင့်သုံးကြပါတယ်။ သဘောင်္ကြီးတစ်စီးအတွက် ရေဝင်ပေါက်သေးသေးလေးတစ်ပေါက်ပွင့်နေရုံနဲ့ သဘောင်္နစ်မြစ်မသွားနိုင်ပေမယ့် ရေဝင်ပေါက်သေးသေးလေးတွေများလာတဲ့အခါ သဘောင်္တစ်စီးလုံးနစ်မြုပ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့်သူတို့ဟာ အသေးစားအသုံးအသုံးစရိတ်တွေက အစ ဂရုပြုကြတာဖြစ်ပါတယ်။

(၅) ကျန်းမာအောင်နေထိုင်ခြင်း

Source : tes.com

ဘဝမှာငွေရှာနိုင်ရုံနဲ့ ပြီးပြည့်စုံပျော်ရွှင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်ပြီး မထင်ပါနဲ့။ ငွေထုပ်ကြီးပိုက်ပြီး ဆေးရုံကကုတင်ပေါ်မှာ အချိန်တိုင်းနေရမယ်ဆိုရင်တော့ လုံးဝအဆင်မပြေပါဘူး။ ဒါကြောင့် ချမ်းသာတဲ့သူတော်တော်များများ ကျန်းမာလေးလိုက်စားပြီး ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက် အလေ့အကျင့်ကောင်းတွေကိုလည်း လေ့ကျင့်ယူကြပါတယ်။