အပြုအမူများက သင် သတိမထားမိချိန်မှာပဲ သင့်ရဲ့နေ့စဉ်ဘဝမှာ စွဲမြဲစွာ ပြုမိနေမိပါတယ်။ ဥပမာ မနက်နိုးလာတဲ့အခါ မျက်နှာသစ် သွားတိုက်ခြင်း၊ ရေမိုးချိုးခြင်း စသည်တို့ကလည်း နေ့စဉ်ပြုလုပ်နေမိတဲ့ အပြုအမူပဲဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးခြင်း၊ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း၊ စာဖတ်ခြင်းတို့သည် ယောကျာ်းများအတွက် ကောင်းတဲ့အမူအကျင့်များဖြစ်ပြီး ဘဝအောင်မြင်မှုအတွက် အကူအညီပေးပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အချိန်ဆွဲခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစား အလွန်အကျွံစားခြင်းတို့သည် သင့်ဘဝအတွက် ကောင်းမှာမဟုတ်ပါဘူး။

မနက်စာ နေ့တိုင်း စားပါ

healthy breakfast for men

မနက်စာ စားခြင်းကလည်း ကောင်းတဲ့ အလေ့အကျင့်ဖြစ်ပြီး သင့်ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးပါတယ်။ သင့် ဦးနှောက်က ကောင်းစွာအလုပ်လုပ်နိုင်မှသာ အကြံဉာဏ်ကောင်းများ စဉ်းစားတွေးခေါ်နိုင်မှာဖြစ်ပြီး တိုးတက်အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

morning exercise for men

မာရသွန်အားကစားသမားလိုမျိုး၊ ပရောဖက်ရှင်နယ် အလေးမ အားကစားသမားလိုမျိုး ပြင်းထန်တဲ့လေ့ကျင့်ခန်း လုပ်စရာမလိုပါဘူး။ တစ်နေ့ကို ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် လေ့ကျင့်ခန်း လုပ်ပေးရုံမျှဖြင့် သင့် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်က တိုးမြှင့်လာမှာဖြစ်ပြီး တစ်နေ့တာလုံး တက်ကြွရွှင်လန်းနေပါလိမ့်မယ်။

ပြုံးပါ

handsome man smiling - successful lifestyle

ဒီစာကို ဆက်မဖတ်ခင်မှာ စာဖတ်ခြင်းကို ခဏရပ်လိုက်ပြီး ခဏတဖြုတ် ပြုံးကြည့်လိုက်ပါလား။

သုတေသနလေ့လာချက်များအရ သင့်ရဲ့အပြုံးက သင့်ကို ပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုငအောင် ကူညီပေးတယ်လို့ သိရှိရပါတယ်။ စစ်မှန်တဲ့အပြုံးတစ်ပွင့်က သင့်ရဲ့စိတ်ဝိဉာဉ်နှင့် စိတ်ခွန်အားကို ကောင်းမွန်စေပြီး စိတ်အေးချမ်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

အချိန်ကို စီမံခန့်ခွဲတတ်ခြင်း

man holding a clock - time management- successful lifestyle

နောက်ထပ် ကောင်းမွန်တဲ့အလေ့အကျင့်ကတော့ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ခြင်းပဲဖြစ်ပါတယ်။ ထိုအလေ့အကျင့်ကောင်းက သင့်ရဲ့အောင်မြင်မှုအတွက် အဓိကသော့ချက်ပဲဖြစ်ပါတယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်သူများက အချိန်ဖြုန်းတတ်သူများထက် တစ်ပန်းသာပါတယ်။

နေ့ရက်တိုင်းအတွက် Plan ချပါ

plan for daily lifestyle

လူတိုင်းမှာ အိပ်မက်ကိုယ်စီ ရည်မှန်းချက်ကိုယ်စီ ရှိကြပါတယ်။ သင့်ရဲ့ရည်မှန်းချက်ပန်းတိုင် ပြည့်ဝဖို့ရန်အတွက် နေ့ရက်တိုင်းမှာ Plan ဆွဲဖို့ လိုအပ်ပါတယ်။ နေ့ရက်တိုင်းအတွက် ချမှတ်ထားတဲ့ Plan များအားလုံးကို ပြီးမြောက်အောင် ပြုလုပ်ရပါမယ်။ နေ့ရက်တိုင်းမှာ ပြီးမြောက်သွားတဲ့ Plan သေးသေးလေးတွေကို စုပေါင်းလိုက်တဲ့အခါ သင့်ရဲ့အဓိကပန်းတိုင်ကြီးဆီသို့ တည့်တည့်မတ်မတ်ရောက်ရှိသွားပါလိမ့်မယ်။

Source: Lifehack.org