ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့အတွက် အားကစားတွေ လုပ်လို့ရပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်ပမဏကို ထိန်းဖို့အတွက် နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲဖို့လည်း လိုအပ်ပါသေးတယ်။ ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးပမ်းတာက ရေရှည်လုပ်ဖို့တော့လိုပါတယ်။

မဟုတ်ရင် ခဏပဲ အဆင်ပြေပါလိမ့်မယ်။ ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုကို မထိခိုက်စေဘဲ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ လိုပါတယ်။ အခု kwee ပြောပြပေးမယ့် အကြောင်းအရာလေးကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဝိတ်ချနည်း အကြောင်းဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အညီ စားသောက်ပေးပါ

Source: Reflexology, Energy Healing, and Lifestyle

ဝိတ်ချနေတဲ့သူတိုင်း လိုက်နာသင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ အသီးအရွက်တွေဟာသဘာဝကပေးတဲ့ အကျိုးရှိတဲ့ အစားပါ။ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှာရှိတဲ့ လူ တော်တော်များများဟာအဝလွန်နေကြတဲ့အတွက်ကြောင့် သူတို့နိုင်ငံတွေမှာ အသီးအရွက်တွေစားဖို့တောင် လှုံဆော်နေကြရပါတယ်။ ဒါကြောင့် မိမိအစားစားတဲ့အချိန်တိုင်းမှာ ခန္ဓာကိုယ်အတွက် တကယ်အကျိုးရှိတဲ့ အရာတွေကိုဘဲ စားသုံးပေးသင့်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ

Source: Healthline

တစ်နေ့ကို (၁၅ -၂၀) မိနစ်ကြာတဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းနဲ့ ကိုယ်ခံအားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေကို အလှည့်ကျလုပ်ဆောင်ပါ။လက်မောင်းလေ့ကျင့်ခန်း၊ ထိုင်ထလုပ်တာ၊ အိပ်ထမတင် စတဲ့ ရိုးရှင်းတာလေးတွေကို သင်အိပ်ရာထ ရေမချိုးခင်မှာ လုပ်နိုင်ပါတယ်။

နေ့စဉ်လေ့ကျင့်ခန်းလုပ်တာက သင့်ခန္ဓာကိုယ်အချိုးအစားနဲ့ ကယ်လိုရီလောင်ကျွမ်းမှုဖြစ်စဉ်ကို ပြောင်းလဲစေနိုင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက နှလုံး၊ စိတ်နဲ့ ခန္ဓာကိုယ်ကို အလုပ်ပေးထားတဲ့ သဘောပါပဲ။ မနက်ခင်းလေ့ကျင့်ခန်းက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကာမဖြစ်စဉ်တွေကို အထောက်အကူဖြစ်စေပြီး တနေကုန်လန်းဆန်းတက်ကြွစေနိုင်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ

Source: Active.com

အိပ်စက်ခြင်းက သင့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အချက်တွေထဲမှာ ပါဝင်နေပါတယ်။ နေ့တိုင်း အချိန်မှန်မှန်အိပ်ပါ။ ၈ နာရီပြည့်အောင် ကြိုးစားအိပ်ပါ။ ဒါမှသာ ခန္ဓာကိုယ်က သဘာဝအတိုင်းလုပ်ဆောင်တဲ့ အဆိပ်အတောက် ဖယ်ရှားတဲ့ စနစ်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

နောက်တစ်ချက်သတိထားရမှာပါ ဝိတ်ကျချင်တဲ့အတွက်ကြောင့် အစာမစားဘဲနေတာ တစ်နပ်လျှော့စားတာမျိုး မလုပ်မိဖို့ပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရဓာတ်တွေ ချို့တဲ့ပြီးတော့ အားအင်တွေကုန်ခမ်းသွားကာ ကူးစက်ရောဂါတွေ အလွယ်တကူဝင်ရောက်လာနိုင်ပါတယ်။