နေ့တစ်နေ့ကိုစတင်တဲ့ မနက်ခင်းအချိန်ဟာ တစ်နေ့တာလုံးအတွက် အရမ်းကိုအရေးကြီးတဲ့ အချိန်တစ်ခုလို့ပြောရင်မမှားနိုင်ပါဘူး။ တစ်နေ့ကုန် အားအင်အပြည့်နဲ့ ရုန်းကန်လှုပ်ရှားနိုင်ဖို့ဆိုရင် အိပ်ယာကနေနိုးထလာတဲ့မနက်ခင်းအချိန်မှာ အဓိပ္ပါယ်ရှိတဲ့အရာလေးတွေလုပ်ဆောင်ခြင်းဖြင့် စတင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ မနက်ခင်းမှာလုပ်ဆောင်ရမယ့် အရာတွေစာဖတ်သူတို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။
(၁) ရေသောက်ပါ
Source ; Shutterstock
အိပ်ယာနိုးချိန်မှာ ရေသောက်ခြင်းအလေ့အထက ခန္ဓာကိုယ်အတွက်အင်မတန်အကျိုးပြုစေတဲ့ အလေ့အထကောင်းတစ်ခုဖြစ်ပါတယ်။ ရေတစ်ခွက်သောက်လိုက်ခြင်းအားဖြင့် အစာအိမ်အူလမ်းကြောင်းမှ အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကိုဖယ်ရှားသန့်စင်ပေးပြီး ဝမ်းမှန်စေမှာဖြစ်ပါတယ်။ ရေထဲကို သံပရာသီးတစ်စိတ်လောက်ညှစ်သောက်ပေးရင်ပိုကောင်းပါတယ်။
(၂) ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
Source ; Shutterstock
အိပ်ယာကနိုးပြီးတာနဲ့ ဝရံတာကိုထွက်ပြီး လေကောင်းလေသန့်ရှုရင်ခန္ဓာကိုယ်ကို လှုပ်ရှားမှုအနည်းငယ်ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုကိုယ်လက်လှုပ်ရှားမှုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်သွေးလည်ပတ်မှုကောင်းမွန်စေပြီး ကြွက်သားများတင်းမာမှုကိုပြေလျော့စေကာ လန်းဆန်းတက်ကြွနေစေမှာဖြစ်ပါတယ်။
(၃) သီချင်းနားထောင်ပါ
Source ; Shutterstock
နေ့တစ်နေ့ကိုစတင်ချိန်မှာ အကောင်းဆုံးစိတ်ခွန်းအားတွေရရှိစေဖို့နှင့် စိတ်ပျော်ရွှင်တက်ကြွနေစေဖို့ သီချင်းတွေက သင့်ကိုကူညီပေးမှာဖြစ်ပါတယ်။ တေးသီချင်းတွေက သင့်ရဲ့ စိတ်ကိုအကောင်းဆုံးမြှင့်တင်ပေးပြီး တစ်နေ့တာကို အကောင်းမွန်ဆုံးကျော်ဖြတ်နိုင်မယ့် စွမ်းအားတွေပေးတာကြောင့် မနက်ခင်းအိပ်ယာနိုးပြီးချိန်မှာ မြူးမြူးကြွကြွသီချင်းလေးတွေကို ဖွင့်ထားပြီး လိုက်ဆိုကြည့်ပါ။
(၄) မနက်စာစားပါ
Source ; Shutterstock
ကောင်းမွန်တဲ့နေ့တစ်နေ့ကို စတင်ချိန်မှာ မနက်စာကိုလည်းကျော်သွားလို့မရပါဘူး။ အာဟာရပြည့်ဝတဲ့မနက်စာက တစ်နေ့တာလုံး အားအင်အပြည့်နဲ့ ရုံးကန်လှုပ်ရှားနိုင်ဖို့ လောင်စာတွေပဲဖြစ်ပါတယ်။ဒါကြောင့် ကျန်းမာပြီး အာဟာရပြည့်ဝတဲ့ မနက်စာကိုမဖြစ်မနေစားသုံးပေးဖို့ တိုက်တွန်းချင်ပါတယ်။