အလုပ်ရှင်သူဌေး သဘောကျအောင် နေထိုင်ဖို့ဆိုတာ ပြောရလွယ်သလောက် တကယ်လက်တွေ့မှာ မလွယ်ကူပါဘူး။ လုပ်ငန်းခွင်ထဲမှာ စွမ်းဆောင်ရည်မြင့်မှ အလုပ်ရှင်တွေရဲ့ မျက်နှာသာပေးမှုကို ရရှိနိုင်မှာပါ။ ဒီနေ့ kwee page က အလုပ်ခွင်မှာ မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။

(၁) ရုံးကိုစောစောသွားပါ

Source: The Economic Times

ရုံးကို တတ်နိုင်သမျှစောစောလေးသွားပါ။ ဒါမှ ရုံးမှာ ကြိုတင်ပြင်ဆင်စရာရှိတာတွေကိုလည်း ပြင်ဆင်နိုင်မှာပါ။ မပြီးပြတ်သေးတာတွေ၊ မပြည့်စုံသေးတာတွေကို ပြီးပြည့်စုံအောင်လုပ်ဖို့လည်း အချိန်ရရှိစေမှာပါ။ ရုံးချိန်ထက် အနည်းဆုံး (၁၅) မိနစ်လောက် စောရောက်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ ရုံးတက်ချိန်မှန်တဲ့ ဝန်ထမ်းတွေကို အလုပ်ရှင်တွေ အများစုက သဘောကျနှစ်ခြိုက်ကြပါတယ်။

(၂) နေ့လယ်စာကို အပြင်ထွက်စားပါ

Source: 97ZOK

နေ့လယ်စာစားတဲ့အခါ အပြင်ထွက်စားတာက စိတ်ဖိစီးမှုပြေလျော့စေပြီး အလုပ်တွေကို ပိုပြီး ကောင်းကောင်းလုပ်စေနိုင်ပါတယ်။ ဖန်တီးနိုင်စွမ်းနဲ့ အာရုံစူးစိုက်မငကို ပိုကောင်းစေပါတယ်။ ထမင်းချိုင့်ယူလာရင်လည်း ရုံးကလူတွေစုပြီး အပြင်မှာ စားတာက ပျော်ရွှင်မှုတွေရရှိစေမှာပါ။

(၃) အလုပ်တွေကို Deadline သတ်မှတ်ပါ

Source: Early Years Alliance

အလုပ်တာဝန်တစ်ခုစီတိုင်းအတွက် deadline တွေကိုသေချာလေးသတ်မှက်ထားပြီးလုပ်ပါ။ တကယ်လည်း ပြီးစီးအောင်လုပ်ပါ။ ဒီလိုလုပ်ခြင်းက ကိုယ့်ကိုလုပ်ဖော်ကိုင်ဖက်တွေက လေးစားစေသလို ကိုယ်တိုင်မှာလည်း ယုံကြည်ချက်တွေတိုးစေနိုင်ပါတယ်နော်။

(၄) အနားပေးပါ

Source: The Viking Blog

အလုပ်ခွင်မှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ချင်ဇောနဲ့ တစ်ချိန်လုံး အလုပ်တွေပဲ ဖိလုပ်မနေပါနဲ့။ တစ်နာရီကြာတိုင်း (၁၅) မိနစ်လောက် နားပေးပါ။ အဝေးကိုကြည့်တာမျိုးဖြစ်ဖြစ်၊ ကော်ဖီထဖျော်တာမျိုးဖြစ်ဖြစ်၊ လမ်းလျှောက်တာမျိုးဖြစ်ဖြစ်၊ ရေထသောက်တာမျိုးဖြစ်ဖြစ်ပြုလုပ်ပေးပါ။

(၅) ဖုန်းကို ခပ်ဝေးဝေးထားပါ

Source: InspireCast

ဖုန်းက အနားမှာရှိနေရင် အလုပ်ကို အာရုံမရောက်ဘဲ ဖုန်းဆီအာရုံရောက်နေတက်ပါတယ်။ ဖုန်းကအနားမှာရှိတဲ့အခါ အလုပ်ချိန်အတွင်း ဖေ့ဘုတ်ခ်သုံးမိတာမျိုးတွေဖြစ်စေနိုင်ပြီး အကောင်းဖြစ်ဖို့ထက် အဆိုးဖြစ်ဖို့ကများသွားပါပြီ။ ဒီတော့ အလုပ်လုပ်နေချိန်မှာတော့ ဖုန်းကို ခဏလောက်ခပ်ဝေးဝေးထားပေးပါ။