သမုဒ္ဒရာဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့လျှို့ဝှက်နက်နဲသော အရာတွေဖြစ်ပါတယ်။ ဒီအပြာရောင်မျက်နှာ ပြင်အောက်က ထူးခြားပြီးအရောင်အသွေးစုံတဲ့ကမ္ဘာမှာ ရှားပါးဆန်းပြားတဲ့မျိုးစိတ်ပေါင်း ၂၀၀,၀၀၀ ခန့်နေထိုင်ကြပါတယ်။ သမုဒ္ဒရာတွေဟာ စုစုပေါင်းကမ္ဘာ့မျက်နှာပြင်ရဲ့ ၇၁% ခန့်ကိုဖုံးလွှမ်းထားပေ မယ့် လူတွေက ၂၀%ခန့်လောက် ကိုသာ စူးစမ်းလေ့လာနိုင်ကြြ့ပီး ပင်လယ်ရေနက်ပိုင်းတွေမှာ ထူး ခြားတဲ့ရေသတ္တဝါမျိုးစိတ်တွေ နေထိုင်နေကြ တာကို လေ့လာတွေ့ရှိခဲ့ကြတာပါ။ အခု ဖော်ပြပေးမှာ ကတော့ ပင်လယ်ရေနက်ပိုင်းတွေဆီကရှားပါးပြီး အသက် ရှုမှားလောက်အောင်လှပလွန်းတဲ့ မြင်ကွင်း တွေကိုမှတ်တမ်းတင်ဓါတ်ပုံရိုက်ထားတဲ့ပုံရိပ်တွေကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။

(၁) Jelly Fish

ဒါကတော့ မြေထဲပင်လယ်အနီးမှာတွေ့ရတတ်တဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်မြင်ရတဲ့ဂျယ်လီငါးတစ်မျိုးဖြစ်ပါတယ်။ ဒီဂျယ်လီငါးလေးတွေက အလွန်လှပေမယ့် သူတို့ရဲ့ခေါင်းလောင်းပုံအစိတ်အပိုင်းကနေ အဆိပ်ထုတ်နိုင်ပါတယ်။

(၂) Clownfish

ဒီငါးလေးကို အားလုံးသိကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် နီမိုဆိုတဲ့နာမည်လေးနဲ့ ကာတွန်းအန်နီမေးရှင်း ဇာတ်လမ်းထဲကဇာတ်ကောင်ငါးလေးပါ။ Clownfish လို့ခေါ်တဲ့ ဒီငါးလေးတွေက ပုန်းရှိုးကွယ်ရှိုးနဲ့နေတတ်ကြလို့ ကင်မရာနဲ့ရိုက်မိဖို့မနည်းကြိုးစားထားရပါတယ်။

(၃) Orange Cup Coral

လိမ္မော်ရောင်တောက်တောက်ရှိတဲ့ ဒီရေသတ္တဝါလေးကတော့ သန္တာကောင်အမျိုးအစားထဲမှာပါပါတယ်။ သူတို့က နေရောင်ခြည်ကိုမကြိုက်တဲ့အတွက်ရေနက်ပိုင်းတွေမှာပဲနေလေ့ရှိပါတယ်။

(၄) A Beam Of Sunlight

A Beam Of Sunlight လို့အမည်ပေးထားတဲ့ ဒီပုံလေးကတော့ ပင်လယ်ရေအောက်ကဂူတခုထဲကို ဝင်နေတဲ့နေရောင်အောက်မှာ ငါးလေးတွေအစုလိုက်ပျော်ပျော်ရွှင်ရွှင်ကူးခတ်နေကြတာကိုတွေ့ရမှာပါ။ ငါးလေးတွေကို ကြည့်ရတာအရမ်းပျော်နေပုံပဲ။

(၅) The Bottlenosed Dolphin

ပုံမှာတွေ့ရတဲ့ Bottlenosed Dolphin လို့ လင်းပိုင်တွေက ရေမျက်နှာပြင်အထက် ၁၅ပေကနေ ပေ ၃၀ခန့်အထိ ခုန်နိုင်ကြပါတယ်။ ဒီလင်းပိုင်လေးတွေ အရမ်းလိမ္မာပြီးလေ့ကျင့်ပေးလို့ရတဲ့အတွက် ရေသတ္တဝါပြပွဲတွေမှာ ပြလေ့ရှိပါတယ်။

(၆) Leafy Sea Dragon

သစ်ရွက်လေးနဲ့တူတဲ့ ရေနဂါးကောင်လေးတွေကိုတော့ သြစတေးလျတောင်ပိုင်းကမ်းခြေရေတိမ်ပိုင်းတွေမှာ ရှိတတ်ပါတယ်။ ဒါပေမယ့် သူတို့ကိုယ်ပေါ်က သစ်ရွက်ပုံလေးတွေရဲ့ စိတ်ဝင်စားစရာကောင်းမှုကြောင့် ရန်သူတွေအများအပြားရဲ့ အစာအဖြစ်ဖိတ်ခေါ်နေလိုဖြစ်နေပါတယ်။

(၇) Blue – Ringed Octopus

ဒီသေးငယ်ပြီး အပြာရောင်သန်းနေတဲ့ရေဘဝဲလေးတွေကလဲ ဆန်းကြယ်လှပနေပါတယ်။ သူတို့ကိုတော့ ဖိလစ်ပိုင်ကမ်းရိုးတန်းအနီးက ပင်လယ်ကြမ်းပြင်တလျှောက်မှာတွားသွားနေတာကိုတွေ့ရမှာဖြစ်ပါတယ်။

(၈) Bluestripe Snapper Fish

Bluestripe Snapper Fish လို့ခေါ်တဲ့ ဒီငါးလေးကိုလည်း ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ မြင်ဖူးနေကြဖြစ်မှာပါ။ ပင်လယ်ရေနက်ပိုင်တွေမှာတွေ့ရပြီး သူတို့တွေက တနေရာကနေ တနေရာကို အလွန်သပ်သပ်ရပ်ရပ်ခရီးသွားတတ်ကြတဲ့ငါးလေးတွေဖြစ်ပါတယ်။