တစ်ခါတစ်လေ ကျွန်တော်တို့ အားလုံး ပျော်ရွှင်ခြင်းဆိုတဲ့အရာကို သဲကြီးမဲကြီး ရှာကြရင်း ဘဝရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကုန်ဆုံး သွားတက်ကြပါတယ်။ ပျော်ရွှင်ခြင်းနောက် တကောက်ကောက်လိုက်ရင်းပဲ အချိန်တွေ ၊ ငွေတွေ အများကြီးကို ဖြုန်းတီးလိုက်မိကြတာပဲ မဟုတ်လား။ တကယ်တော့ ကျွန်တော်တို့ အားလုံးမေ့နေ တာတစ်ခုက ပျော်ရွှင်ခြင်းဆိုတာ ကျွန်တော်တို့ အနီးနားမှာပဲ ရှိနေတယ်ဆိုတာပါ။

ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ မိသားစု ၊ မိတ်ဆွေ သူငယ်ချင်းတွေ ၊ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ အရာလေးတွေ ၊ အောင်မြင်မှုအသေးစားလေးတွေ၊ ဝါသနာတွေ၊ Self-Love လို့ခေါ်တဲ့ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးမှုတွေနဲ့ ကျွန်တော် တို့ကို ချစ်ခြင်းမေတ္တာ မျှဝေပေးသူတွေ အားလုံးဟာ ကျွန်တော်တို့ အားလုံး ရှာဖွေနေတဲ့ ပျော်ရွှင်ခြင်းရဲ့ ရေသောက်မြစ်ပါပဲ။ ဒါ့ကြောင့် ပျော်ရွှင်ခြင်းကို ဝေးဝေးလံလံ လိုက်မရှာပါနဲ့။ ကွီးတို့ အနီးပတ်ဝန်းကျင်မှာပဲ ရှိနေတယ်ဆိုတာ မြင်တတ်ဖို့ပဲ လိုတာပါ။

နောက်တစ်ခု ကွီးတို့အတွက် ပျော်ရွှင်ခြင်းအသစ်တွေ ယူဆောင်လာပေးမယ့် အရာလေးတစ်ခုကလည်း ကွီးတို့ရဲ့ လက်တစ်ကမ်းကို ရောက်ရှိလာပြီဆိုတာရော သိပြီးပြီလား။ အဲ့ဒါကတော့ ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံထားတဲ့ သာယာမှုနှစ်ဆနဲ့ ပျော်ရွှင်ခြင်းအသစ်တွေ ဖန်တီးနိုင်မယ့် Grand Royal Special Reserve Whiskey ရဲ့ Double Cask Collection – Sherry Cask ပဲဖြစ်ပါတယ်။

Double Cask Collection – Sherry Cask ဆိုတာကတော့ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအရည်အသွေးမြင့် ဝီစကီ ထုတ်လုပ် သူအနေနဲ့ ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်လျက်ရှိတဲ့ Grand Royal Special Reserve Whiskey ကအသစ်မိတ်ဆက် လိုက်တဲ့ ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

 

အမေရိကန်ဝက်သစ်ချစည်ထဲမှာ နှစ်ချို့စိမ်ထားတဲ့ စွဲမက်စရာ ဝက်သစ်ချသားရနံ့နဲ့ ဝီစကီကိုမှ စပိန်သက်တမ်း ရင့် ရှယ်ရီဝက်သစ်ချစည်ထဲ ပြောင်းရွှေ့ပြီး နောက်တစ်ဆင့် ထပ်မံနှစ်ချို့ထားတဲ့ Sherry Cask ဝီစကီ ဟာဆိုရင် လန်းဆန်းတဲ့ သစ်သီးအရသာ ၊ ရှိန်းမြမြ ခံစားမှု ၊ ပျားရည်နဲ့ မုယောစပါးတို့အချိုးကျ ပေါင်းစပ်ပါဝင်တဲ့ လေးနက် ချိုမြိန်တဲ့ အရသာနဲ့ သက်ဝင်ချောမွေ့တဲ့ အဆုံးသတ်ကို ပေးစွမ်းနိုင်မှာဖြစ်ပြီး သာယာမှုနှစ်ဆနဲ့ ပျော်ရွှင်ခြင်းအ သစ်တွေ ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီလို ကောင်းမွန်ပြည့်စုံတဲ့ Grand Royal Special Reserve Whiskey ရဲ့ Double Cask Collection Sherry Cask ဝီစကီကို စတင်မိတ်ဆက်ပြီး သတ်မှတ်ထားတဲ့ဆိုင်တွေမှာပဲ အချိန်ကာလတစ်ခုနဲ့ သတ်မှတ်ရောင်းခဲ့ရာမှ အခုဆိုရင် နှစ် ခြိုက်စွာအားပေးခဲ့ကြတဲ့ အစဉ်အမြဲအားပေးသူတွေအနေနဲ့ Double Cask Collection Sherry Cask ဝီစကီကို နိုင်ငံတဝှမ်းက အမြို့မြို့အနယ်နယ်ရှိဆိုင်တိုင်းဝယ်မှာ ယူအားပေးလို့ ရတော့မှာပဲ ဖြစ်ပါတယ်။ ဆိုတော့ ပျော်ရွှင် ခြင်းတွေ ပိုမိုခံစားနိုင်မယ့်အခွင့်အရေးက ကွီးတို့ရဲ့လက်တကမ်းကို ရောက်လာပြီပေါ့ ။ Double Cask Collection Sherry Cask ဝီစကီဟာ အထူးသီးသန့် ထုတ်ကုန် (Limited Edition) အဖြစ် အရေအတွက်ကန့်သတ်ထားတာ ကြောင့် သာယာမှုနှစ်ဆနဲ့ ပျော်ရွှင်ခြင်းတွေ ပိုမိုခံစားရစေဖို့ အခုပဲ နီးစပ်ရာဆိုင်တွေမှာ အမြန်ဆုံးပြေးဝယ် ထားလိုက်တော့နော်။