အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဇာခါက ဆြတ္ဇာလန္လက္ေရြးစင္အသင္းနဲ႔အတူ ႏုိင္ငံတကာပြဲစဥ္ေတြကုိ သြားေရာက္ကစားေနစဥ္အတြင္းမွာ အင္တာဗ်ဴးတစ္ခုမွာ သူရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး စကားတစ္ခြန္းကုိ ထုတ္ေဖာ္ေျပာဆုိသြားခဲ႔ရာ လာမယ့္ရာသီ ဒါမွမဟုတ္ ႏွစ္အနည္းငယ္အတြင္းမွာ အာဆင္နယ္အသင္းကုိ စြန္႔ခြာၿပီး ဥေရာပထိပ္သီးအသင္းႀကီးတစ္သင္းဆီကုိ ေျပာင္းေရႊ႕သြားႏုိင္ဖြယ္ရွိေနတယ္လုိ႔ သုံးသပ္မိရပါတယ္။

Photo Credit : Metro

အသက္၂၆ႏွစ္အရႊယ္ ဆြတ္ဇာလန္ကြင္းလယ္ကစားသမား ဇာခါဟာ  ၂၀၁၆ခုႏွစ္ကတည္းက ဘြန္ဒက္လီဂါကလပ္ မုိခ်န္ဂလာဘတ္ခ်္အသင္းကေန အာဆင္နယ္အသင္းဆီကုိ ေျပာင္းေရႊ႕လာခဲ႔တာျဖစ္ပါတယ္။ ယခုအခ်ိန္မွာေတာ့ ဇာခါဟာ အာဆင္နယ္အသင္းရဲ႕ အဓိကကြင္းလယ္ကစားသမားတစ္ေယာက္ ျဖစ္လုိ႔ေနၿပီး နည္းျပအူႏုိင္းအမ္မရီကလည္း ဇာခါကုိ အသင္းေခါင္းေဆာင္အျဖစ္ ပြဲတခ်ိဳ႕မွာ အသုံးျပဳလာခဲ႔ပါတယ္။ ဒါေပမယ့္ ဇာခါက ႏုိင္ငံတကာပြဲေတြ သြားေရာက္ကစားေနခ်ိန္မွာ သူရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး စကားတစ္ခြန္းကုိ ထုတ္ေဖာ္ေျပာဆုိသြားခဲ႔ပါတယ္။

Photo Credit : Goal.com

ဇာခါက “ကြ်န္ေတာ္က ရည္မွန္းခ်က္ႀကီးမားလြန္းတဲ႔သူပါ။ ကြ်န္ေတာ္ ေနာက္တစ္ဆင့္ကုိ တတ္လွမ္းခ်င္ပါေသးတယ္။ အာဆင္နယ္အသင္းက ကြ်န္ေတာ္ရဲ႕ ေနာက္ဆုံးအသင္းေတာ့ မျဖစ္ေသးပါဘူး” လုိ႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ႔ပါတယ္။ ဒီစကားေၾကာင့္ ဇာခါဟာ တေန႔ေန႔ တခ်ိန္ခ်ိန္မွာ အာဆင္နယ္ကေန ထြက္ခြာၿပီး ဥေရာပထိပ္သီးအသင္းေတြဆီကုိ ေျပာင္းေရႊ႕သြားႏုိင္တယ္ဆုိတဲ႔ သေဘာကုိ သက္ေရာက္လုိ႔ေနပါတယ္။ ဒါေပမယ့္ လတ္တေလာ အေျခအေနအရေတာ့ ဇာခါဟာ အာဆင္နယ္မွာပဲ ဆက္လက္ရွိေနဖြယ္ ရွိေနပါတယ္။

Photo Credit : Goal.com
ဇာခါဟာ ယခုလက္ရွိမွာေတာ့ ဆြတ္ဇာလန္အသင္းနဲ႔အတူ ယူရုိ-၂၀၂၀ ေျခစစ္ပြဲေတြကုိ သြားေရာက္ယွဥ္ၿပိဳင္လုိ႔ေနၿပီး မေန႔ညက ေဂ်ာ္ဂ်ီယာအသင္းကုိ အေဝးကြင္းမွာ ၂ဂုိးျပတ္နဲ႔ အႏုိင္ရခဲ႔တဲ႔ပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားခဲ႔ပါတယ္။ ဇာခါရဲ႕ ဆြတ္ဇာလန္အသင္းဟာ လာမယ့္ မတ္၂၇ရက္ေန႔မွာေတာ့ ဒိန္းမတ္အသင္းနဲ႔ ဆက္လက္ရင္ဆုိင္ကစားသြားရမွာျဖစ္ပါတယ္။ ဒိန္းမတ္နဲ႔ကစားၿပီးသြားရင္ေတာ့ ဇာခါဟာ အာဆင္နယ္အသင္းကုိျပန္ၿပီး ကလပ္အသင္းပြဲေတြကုိ ဆက္လက္ကစားသြားရမွာျဖစ္ပါတယ္။

(Unicode)

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဇာခါက ဆွတ်ဇာလန်လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်တွေကို သွားရောက်ကစားနေစဉ်အတွင်းမှာ အင်တာဗျူးတစ်ခုမှာ သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စကားတစ်ခွန်းကို ထုတ်ဖော်ပြောဆိုသွားခဲ့ရာ လာမယ့်ရာသီ ဒါမှမဟုတ် နှစ်အနည်းငယ်အတွင်းမှာ အာဆင်နယ်အသင်းကို စွန့်ခွာပြီး ဥရောပထိပ်သီးအသင်းကြီးတစ်သင်းဆီကို ပြောင်းရွှေ့သွားနိုင်ဖွယ်ရှိနေတယ်လို့ သုံးသပ်မိရပါတယ်။

Photo Credit : Metro

အသက်၂၆နှစ်အရွှယ် ဆွတ်ဇာလန်ကွင်းလယ်ကစားသမား ဇာခါဟာ ၂၀၁၆ခုနှစ်ကတည်းက ဘွန်ဒက်လီဂါကလပ် မိုချန်ဂလာဘတ်ချ်အသင်းကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ဇာခါဟာ အာဆင်နယ်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမားတစ်ယောက် ဖြစ်လို့နေပြီး နည်းပြအူနိုင်းအမ်မရီကလည်း ဇာခါကို အသင်းခေါင်းဆောင်အဖြစ် ပွဲတချို့မှာ အသုံးပြုလာခဲ့ပါတယ်။ ဒါပေမယ့် ဇာခါက နိုင်ငံတကာပွဲတွေ သွားရောက်ကစားနေချိန်မှာ သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စကားတစ်ခွန်းကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal.com

ဇာခါက “ကျွန်တော်က ရည်မှန်းချက်ကြီးမားလွန်းတဲ့သူပါ။ ကျွန်တော် နောက်တစ်ဆင့်ကို တတ်လှမ်းချင်ပါသေးတယ်။ အာဆင်နယ်အသင်းက ကျွန်တော်ရဲ့ နောက်ဆုံးအသင်းတော့ မဖြစ်သေးပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီစကားကြောင့် ဇာခါဟာ တနေ့နေ့ တချိန်ချိန်မှာ အာဆင်နယ်ကနေ ထွက်ခွာပြီး ဥရောပထိပ်သီးအသင်းတွေဆီကို ပြောင်းရွှေ့သွားနိုင်တယ်ဆိုတဲ့ သဘောကို သက်ရောက်လို့နေပါတယ်။ ဒါပေမယ့် လတ်တလော အခြေအနေအရတော့ ဇာခါဟာ အာဆင်နယ်မှာပဲ ဆက်လက်ရှိနေဖွယ် ရှိနေပါတယ်။

Photo Credit : Goal.com

ဇာခါဟာ ယခုလက်ရှိမှာတော့ ဆွတ်ဇာလန်အသင်းနဲ့အတူ ယူရို-၂၀၂၀ ခြေစစ်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်လို့နေပြီး မနေ့ညက ဂျော်ဂျီယာအသင်းကို အဝေးကွင်းမှာ ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ဇာခါရဲ့ ဆွတ်ဇာလန်အသင်းဟာ လာမယ့် မတ်၂၇ရက်နေ့မှာတော့ ဒိန်းမတ်အသင်းနဲ့ ဆက်လက်ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။ ဒိန်းမတ်နဲ့ကစားပြီးသွားရင်တော့ ဇာခါဟာ အာဆင်နယ်အသင်းကိုပြန်ပြီး ကလပ်အသင်းပွဲတွေကို ဆက်လက်ကစားသွားရမှာဖြစ်ပါတယ်။