မန်ယူအသင်းတာဝန်ရှိသူတွေဟာ အက်စတွန်ဗီလာ ကွင်းလယ်ဖန်တီးရှင် Jack Grealish ကိုခေါ်ယူဖို့အတွက် အသင်းတာဝန်ရှိသူတွေနဲ့ ညိနှိုင်းတာမျိုး မရှိသေးပါဘူး။

ဒါပေမဲ့ Grealish ကတော့ မန်ချက်စတာ ကိုပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ နှစ်ဖက်အသင်းတာဝန်ရှိသူတွေကတော့ တရားဝင် ညိနှိုင်းတာမျိုးတော့ မရှိသေးပါဘူး။ အဆိုပါ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ဟာ အက်စတွန်ဗီလာ အသင်းမှာ အဓိက ကစားသမားအဖြစ်ရှိနေတာပါ။

Source: Talk Sport

ရာသီအကုန်မှာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အက်စတွန်ဗီလာ အသင်းကတော့ သူတို့ရဲ့ အဓိက ကစားသမားကို လက်လွှတ်ချင်ပုံ မရပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှ စပြီး Grealish ရဲ့အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာတာပါ။

Grealish ဟာလက်ရှိအသင်းမှာ တစ်ပက်ပေါင် ၁ သိန်းခန့်ရရှိနေတာဖြစ်ပြီး မန်ယူအသင်းကခေါ်ယူနိူင်ခဲ့ပါက လက်ရှိလစာထက် ၂ ဆခန့် ပေးချေဖွယ်ရှိနေပါတယ်။

Source: Premier League

လက်ရှိမှာတော့ အသင်းအတွက် ၇ ဂိုးသွင်းယူပေးထားပြီး ၅ ဂိုးဖန်တီးပေးထားပါတယ်။ မန်ယူအသင်းဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ပေါ့ဘာနေရာမှာ အစားထိုးဖို့အတွက် အဆိုပါကစားသမားကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။

မန်ယူဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ပေါ့ဘာကို ပေါင် သန်း ၁၅၀ နဲ့ကမ်းလှမ်းလာရင် ရောင်းထုတ်သွားဖွယ်ရှိနေပါတယ်။

ယူနိူတ်တတ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စပိုတင်းအသင်းကနေ ဖာနန်ဒက်စ် ကို ပေါင် ၄၆.၅ သန်းပေးပြီးခေါ်ယူထားပြီး ကွင်းလယ်ကို အားဖြည့်ထားပါတယ်။ ဒါပေမဲ့ ကွင်းလယ်တိုက်စစ်ပိုင်း လိုအပ်နေတဲ့ မန်ယူအသင်းဟာ ပေါ့ဘာပြောင်းရွှေ့ခဲ့မယ်ဆိုရင် တိုက်စစ်ပိုင်းအားသန်တဲ့ ကွင်းလယ်ကစားသမားတစ်ဉီး လိုအပ်လာမှာပါ။

Source:

Grealish ဟာမန်ယူအသင်းရဲ့လိုအပ်နေတဲ့ ကွင်းလယ်တိုက်စစ်ပိုင်းကို အာဖြည့်နိူင်မယ်လို့ မျှော်လင့်ရမှာပါ။ မန်ယူအသင်းရဲ့ကစားသမားတစ်ဉီးဖြစ်သူ လင်းဂက်ဟာလည်း လာမဲ့ အပြောင်းအရွှေ့ကာလာမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။