Dale Carnegie ဟာ စာရေးဆရာတစ်ယောက်ဖြစ်သလို၊ ဂျာနယ်လစ်၊ စာပေသင်ကြားသူစတဲ့ အလုပ်တွေအပြင် စိတ်ပညာရှင် တစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ ဆိုးတဲ့လူတွေ မရှိဘူးလို့ ယူဆထားတဲ့သူပါ။ မနှစ်မြို့ဖွယ်ကောင်းတဲ့ အခြေအနေတွေသာ ရှိပြီး အဲ့ဒီအခြေအနေတွေကိုလည်း တစ်စုံတစ်ယောက်ရဲ့ ဘဝကို မဖျက်စီးဘဲနဲ့ ပြုပြင်ပြောင်းလဲနိုင်တယ်လို့ သူကယူဆထားပါတယ်။

သူ့ရဲ့ စာအုပ်တွေထဲမှာ ဒီအကြောင်းတွေကို အသားပေးပြီးရေးသားထားသလို သူပို့ချတဲ့ အကြောင်းတွေဟာလည်း ဒီအကြောင်းတွေကို အဓိကပြုထားပါတယ်။ တစ်ချို့လူတွေက သူ့စာအုပ်တွေကို ဖတ်ကြသလို တစ်ချို့တွေကတော့ မဖတ်ကြပါဘူး။ လူတိုင်းမှာ ကိုယ့်ရွေးချယ်ခွင့်နဲ့ကိုယ်ရှိပါတယ်။ တစ်ချို့က သူရေးသားပို့ချတဲ့ အကြောင်းအရာလေးတွေကို စိတ်ဝင်တစားတုန့်ပြန်ကြပေမယ့် တချို့ကတော့ ကျော်သွားပါတယ်။ ဒီနေ့ kwee page က Dale Carnegie ရဲ့ မှတ်သားဖွယ်ရာ စကားလေးတွေကို ဖော်ပြပေးသွားမှာပါ။

ပျားရည်လိုချင်ရုံလောက်နဲ့တော့ ပျားအုံကိုမဖျက်စီးလိုက်ပါနဲ့။

အပြုံးတစ်ပွင့်ဟာ ဘယ်လောက်မှမပေးရပါဘူး။ ဒါပေမယ့် တခြားလူတွေအတွက် အဓိပ္ပာယ်များစွာရှိပါတယ်။

Source: Inspirational Stories

ဘဝက သံပရာသီးပေးလာပြီဆိုရင် သံပရာရည်ဖြစ်အောင် ကြိုးစားပါ။

သင့်အနေနဲ့ တခြားလူတွေကို ပြောင်းလဲစေချင်နေပြီလား။ သင့်ကိုသင် အရင်ဆုံး ပြောင်းလဲနိုင်အောင်ကြိုးစားပါ။ ဒါဟာ အကျိုးရှိပြီးတော့ အန္တရာယ်လည်း ကင်းပါတယ်။

သင့်အပြုအမူကြောင့် ဖြစ်လာနိုင်တဲ့ အဆိုးဆုံးအခြေအနေတွေကို ကြိုတင်မှန်းဆတွက်ချက်ပါ။ ပြီးတာနဲ့ ကြိုတင်လက်ခံနိုင်အောင်ကြိုးစားပြီး လုပ်စရာရှိတာလုပ်ပါ။

Source: Director magazine

တစ်ခုမှတ်ထားပါ။ ဘယ်ဘာသာစကားမှာမဆို လူတစ်ယောက်ရဲ့နာမည်ဟာ သူ့အတွက် အချိုမြိန်ဆုံးနဲ့အရေးကြီးဆုံး အသံတစ်ခုဖြစ်ပါတယ်။

ဉာဏ်ပညာကြီးမြှင့်သူတွေအတွက် နေ့စဉ်တိုင်းဟာ ဘဝသစ်ပါပဲ။

သင့်ကိုတိုက်ခိုက်နေတဲ့ ရန်သူတွေကို မကြောက်ပါနဲ့။ သင့်ကို မြှောက်ပင့်ပြောဆိုနေတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုသာ သတိထားပါ။

ကြောက်ခြင်းတရားက စိတ်ထဲမှာပဲရှိတာပါ။ တခြားဘယ်နေရာမှာမှ မရှိပါဘူး။

Source: Addicted 2 Success

တစ်စုံတစ်ခုကို သင်ယူဖို့စိတ်အားထက်သန်နေခြင်းဟာ (၅၀) ရာခိုင်နှုန်းအောင်မြင်မှုပါပဲ။

လူတွေကအသင့်အကြောင်း စိတ်မဝင်စားပါဘူး။ သူတို့က မနက်၊ နေ့လယ်၊ ည တစ်နေ့လုံး သူတို့အကြောင်းပဲ သူတို့စိတ်ဝင်စားကြတာပါ။

ဒီနေ့ ကောင်းကောင်းမရှင်သန်ဘူးဆိုရင် မနက်ဖန်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး။