အချစ်ကြောင့် အရာရာကို ကျော်ဖြတ်နိုင်ပါတယ်။ အချစ်ကြောင့်ပဲ ဓားတောင်ကိုပဲ ဖြတ်ရဖြတ်ရ၊ မီးပင်လယ်ပဲ ဖြတ်ရဖြတ်ရ သတ္တိရှိလာကြပါတယ်။ ဒါပေမဲ့ ထိုသတ္တိကလည်း လက်ထပ်ပြီးတဲ့အခါ တဖြည်းဖြည်း ပျောက်ကွယ်သွားကြပါတယ်။ သင့်မှာ အိပ်ပျော်နေစဉ်တွင် ဟောက်တတ်တဲ့အကျင့်ရှိတာကို သိသွားတဲ့အချိန်မှာလည်း တဖြည်းဖြည်းနဲ့ ငြိုငြင်ခံရတတ်ပါတယ်။

မိမိရဲ့အိပ်ပျော်နေချိန်မှာ ဟောက်တတ်တဲ့အကျင့်ကြောင့် စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် အကြံဉာဏ်ကောင်းတချို့ပေးချင်ပါတယ်။

ပက်လက်မအိပ်ဘဲ ဘေးတစောင်းအိပ်ပါ

tips for men who want to stop snoring

ပက်လက်အိပ်ပါက လျှာရင်းသည် အာခေါင်နံရံနှင့် ပွတ်တိုက်မိပြီး အသက်ရှူခြင်းကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ဟောက်သံထွက်လာပါလိမ့်မယ်။ တကယ်လို့ ဘေးတစောင်းအိပ်ပါက လည်ချောင်းကို ပွင့်စေပြီး ဟောက်ခြင်းကိုလည်း ရပ်တန့်စေပါလိမ့်မယ်။

ဝိတ်ကျအောင် ကြိုးစားကြည့်ပါ

tips for men who want to stop snoring

ဒီအချက်ကလည်း စောစောကအချက်နဲ့ အတူတူပါပဲ။ သင့်ကိုယ်အလေးချိန်က လိုအပ်သည်ထက် ဝိတ်တက်နေတဲ့အခါ အဆုတ်နှင့် လည်ပင်းက လေဝင်မှုကို ပိတ်ဆို့ထားတာကြောင့် ဟောက်ခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါ့ကြောင့် ပုံမှန်ကိုယ်အလေးချိန်ထက် ဝိတ်တက်မလာအောင် ကြိုးစားကြည့်ပါ။

အိမ်ကို သန့်ရှင်းရေး ပြုလုပ်ပါ

tips for men who want to stop snoring

Photo Source: Mattressnerd.com

ဓာတ်မတည့်ခြင်းသည် အိပ်ပျော်စဉ်တွင် ဟောက်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အိမ်နှင့် အထူးသဖြင့် အိပ်ခန်းကို ဖုန်မှုန့်များ မရှိအောင် သေသေချာချာ သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။ အိပ်ရာခင်းများ၊ စောင်များကိုလည်း သေချာလျှော်ဖွပ်ပါ။ ခေါင်းအုံးစွပ်များကိုလည်း တစ်ပတ်တစ်ခါ လဲလှယ်ဖို့လိုပါတယ်။

ညအိပ်ရာမဝင်ခင် အစားလျော့စားပါ

tips for men who want to stop snoring

ညစာ အလွန်အကျွံ စားသုံးခြင်း၊ ညအိပ်ရာဝင်ခါနီးတွင် အရက်၊ ဘီယာသောက်သုံးခြင်းသည် သင့်ရဲ့ဟောက်သံကို ပိုမိုကျယ်လောင်စေပါတယ်။ ဒါ့ကြောင့် ညအိပ်ရာဝင်ခါနီးမှာ ညစာကို အတတ်နိုင်ဆုံး လျော့စားပေးရပါမယ်။

Source: Brightside.me