ကမ္ဘာ့ဘောလုံး သမိုင်းတစ်လျောက်မှာ ဂန္တဝင်ကစားသမားတွေလို့ခေါ်ဆိုထိုက်တဲ့ ထူးချွန်ဘောလုံးအကျော်အမော် တွေ များစွာရှိခဲ့ပါတယ်။ အူစီဘီယို ၊ ဂတ်မူလာ ၊ ယူစီဘီယို ၊ ရိုမာရီယို ၊ ဘင်ကင်ဘောင်ဝါ ၊ မာလ်ဒီနီ စတဲ့ကစား သမားကြီးတွေဆိုရင်လည်း သူ့ခေတ်သူ့အခါအရ နာမည်ကြီးလူကြိုက်များခဲ့တဲ့ အရှိန်အဝါကြီးမားတဲ့ ဂန္တဝင်ကစား သမားတွေ ဖြစ်ပါတယ်။ ဒီလိုသမိုင်းတစ်လျောက်မှာအကောင်းဆုံးလို့ သတ်မှတ်ခြင်းခံထားရပြီး ယနေ့တိုင် ဘောလုံးပရိသတ်တွေ ရင်ထဲမှာတသသအမှတ်တရရှိနေဆဲ ဘောလုံးသမား (၅) ဦးစာရင်းကို တင်ဆက်ပေးချင် ပါတယ်။

(၁) ဒီယေဂို မာရာဒိုနာ

Diego Maradona

သမိုင်းတစ်လျောက် အကောင်းဆုံးကစားသမားတွေလို့ပြောရင် အာဂျင်တီးနား ဂန္ထဝင်ကစားသမားကြီး ဒီယေဂို မာရာဒိုနာကတော့ မပါမဖြစ်ပါပဲ။ သူရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ ဘောလုံးကစားဟန်တွေ ၊ လှပတဲ့သွင်းဂိုး တွေကြောင့်ပဲ မာရာဒိုနာဆိုတဲ့ နာမည်တစ်လုံး ပရိသတ်တွေရင်ထဲ ထင်ကျန်စေခဲ့တာ ဖြစ်ပါတယ်။ အထူးခြားဆုံး ကတော့ ၁၉၈၆ တုန်းက အင်္ဂလန်အသင်းနဲ့ ကမ္ဘာဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ “Hand of God” သွင်းဂိုးဟာ ယနေ့တိုင်လူပြောများနေဆဲပါ။

(၂)  ခရစ္စတီယာနို ရော်နယ်ဒို

Cristiano Ronaldo

ပေါ်တူဂီကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ဆယ်စုနှစ်တစ်ခုကျော်အကြာ အောင်မြင်မှုတွေ များစွာ ရရှိထားပြီး ယနေ့အချိန်ထိ ဘောလုံးလောကမှာ စံချိန်သစ်တွေတင်နေဆဲ အကောင်းဆုံးကစားသမား တစ်ဦး ဖြစ်ပါတယ်။ အသင်းလိုက်ဆုဖလားတွေ ၊ တစ်ဦးချင်းဆုတံဆိပ်တွေ များစွာကိုပါ ပိုင်ဆိုင်ထားတဲ့အပြင် လက်ရှိ အချိန်မှာ နိုင်ငံတကာသွင်းဂိုးပေါင်း ၁ဝ၆ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး သမိုင်းတစ်လျောက် သွင်းဂိုးအများဆုံး အီရန် ဂန္ထဝင်ကစားသမားကြီး အလီဒါယီကိုမှီဖို့ ၃ ဂိုးအလိုနဲ့ ဒုတိယ နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမား အဖြစ် မှတ်တမ်းတင်ထားနိုင်သူ ဖြစ်ပါတယ်။

(၃) ပီလီ

Pele

ဘရာဇီးလ် ဂန္ထဝင်ကစားသမားကြီး ပီလီကတော့ သမိုင်းတစ်လျောက်ထင်ရှားကျော်ကြားတဲ့ အောင်မြင်မှုတွေ များစွာနဲ့  ဘရာဇီးလ်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး နတ်ဘုရားဘွဲ့ကို ရရှိထားသူ ဖြစ်ပါတယ်။ သူရဲ့အရေးပါ လှတဲ့သွင်းဂိုးတွေနဲ့အတူ ဘရာဇီးလ်အသင်းအတွက် ကမ္ဘာဖလား (၃) ကြိမ်တိုင် ဗိုလ်စွဲပေးနိုင်ခဲ့ပြီး ပရော်ဖက်ရှင် နယ်ကစားသမား သက်တမ်းတစ်လျောက် ပွဲပေါင်း ၁၃၆၃ ပွဲအထိပါဝင်ကစားခဲ့ကာ သွင်းဂိုးပေါင်း ၁၂၈၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဘောလုံးသမိုင်းတစ်လျောက်အကောင်းဆုံး ဂန္ထဝင်တိုက်စစ်ကစားသမားကြီးတစ်ဦးပဲ ဖြစ်ပါတယ်။

(၄) လီယွန်နယ် မက်ဆီ

Lionel Messi

သမိုင်းတစ်လျောက်အကောင်းဆုံး ဘောလုံးသမားတွေထဲမှာ အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ် မက်ဆီဟာလည်း ချန်ထားလို့မရတဲ့ သူတစ်ယောက်ပါ။ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ခေတ်ပြိုင်ဘောလုံးသမားတစ် ဦးဖြစ်သလို စီရော်နယ်ဒိုနဲ့ နည်းတူ လက်ရှိချိန်အထိ ကစားပုံစွမ်းဆောင်ရည်မကျသေးပဲ အောင်မြင်မှုစံချိန်သစ် တွေများစွာ တင်ထားနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ကမ္ဘာအကောင်း ဆုံးကစားသမားဆုကို ၆ ကြိမ်တိုင်ရရှိထားတဲ့ အကောင်းဆုံးတိုက်စစ်ကစားသမား တစ်ယောက်လည်းဖြစ် ပါတယ်။

(၅)  ဇီဒန်း

Zinedine Zidane

ဇီနဒင်ဇီဒန်းလို့လူသိများတဲ့ ရီးရဲလ်မက်ဒရစ်အသင်း နည်းပြကြီး ဇီဒန်းဟာ ကစားသမားဘဝမှာ ထင်ပေါ်ကျော် ကြားတဲ့ အောင်မြင်မှုမှတ်တိုင်ကောင်းတွေ စိုက်ထူနိုင်ခဲ့ပြီး ဥရောပအကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစား သမားအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။  အလိမ်အခေါက်ကျွမ်းကျင်ပြီး လျင်မြန်ဖျက် လတ်တဲ့ ကစားဟန်တွေနဲ့ ကမ္ဘာအကောင်းဆုံး ကစားသမားဆုကို ၃ ကြိမ်တိုင်ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။ နည်းပြဘဝမှာလည်း ရီးရဲလ်မက်ဒရစ်အသင်းအတွက် ချန်ပီယံလိဂ်ဖလားကို(၃)ကြိမ်ဆက်တိုက် ဆွတ်ခူးပေး နိုင်ခဲ့တဲ့ အကောင်းဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းတင်ခံထားရသူ ဖြစ်ပါတယ်။

Photo : SPORTbible

Featured Image Source : Guinness World Records