ကဲသီချင်းချစ်သူပရိသတ်ကြီးရေ။ ဒီတစ်ခေါက်တော့ ၉၀ ခုနှစ်များဆီသို့ အလည်တစ်ခေါက် ပြန်သွားကြလိုက်ရအောင်ဗျာ။ ၁၉၉၀ ဝန်းကျင်မှာ ကျော်ကြားတဲ့ Rock Band တွေအများကြီး ပေါ်ထွက်ခဲ့ကြပြီး ကျွန်တော်တို့ ရူးရူးမူးမူး ကြိုက်ခဲ့ရတဲ့ Rock Band တွေလည်း လက်ချိုးရေလို့မရလောက်အောင် ရှိခဲ့ကြတယ်မဟုတ်လားဗျ။ ဒီထဲကမှ ပရိသတ်တွေကြား ထင်ပေါ်ကျော်ကြားဆုံးနဲ့ ရေပန်းစားဆုံး Rock Band တွေကို ပြောပြပေးချင်ပါတယ်။

(၁) Pearl Jam

Pearl Jam
Photo : Pop Expresso

၁၉၉၀ ခုနှစ်တွေမှာရေပန်းစားဆုံး Band တွေအကြောင်းပြောမယ်ဆိုရင်တော့ အမေရိကန်ရော့ခ်ဂီတအဖွဲ့ Pearl Jam ကထိပ်ဆုံးကပြောရမှာပါ။ Pearl Jam Band ကို ၁၉၉၀ ခုနှစ် အမေရိကန် Washington ပြည်နယ် ၊ Seattle မြို့မှာစတင်တည်ထောင်ခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့ ပထမဆုံးစတင်တည်ထောင်ခဲ့ကြတဲ့ members ဝင်တွေကတော့ Jeff Ament ၊ Stone Gossard ၊ Mike McCready နဲ့ Eddie Vedder တို့ဖြစ်ကြပြီး ၁၉၉၈ လောက်မှာ အဖွဲ့ဝင်သစ် Matt Cameron လည်းပါဝင်လာခဲ့ပါတယ်။ အောင်မြင်ကျော်ကြားဆုံး ဂန္ထဝင်ရောခ့်သီချင်းများစွာနဲ့ ပရိသတ်တွေရင်ထဲ ယနေ့တိုင်ရှိနေတဲ့ အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။

(၂) Nirvana

Nirvana
Photo : NewsOpener

Nirvana အဖွဲ့ကတော့ ကလေးကအစ လူကြီးအဆုံး မသိတဲ့မရှိလောက်ကို ကျော်ကြားခဲ့တဲ့ Band တစ်ခုဖြစ်ပါတယ်ဗျ။ Nirvana အဖွဲ့ကို ၁၉၈၇ ခုနှစ် အမေရိကန် Washington ပြည်နယ် Aberdeen မြို့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့  ပဲ့ကိုင်ရှင်ကတော့ ပရိသတ်အချစ်တော် Kurt Cobain ပါ။ သူဟာ သူငယ်ချင်းဖြစ်သူ ဘေ့စ်သမား Krist Novoselic နဲ့စတင် တည်ထောင်ခဲ့တာဖြစ်ပြီး Dave Grohl မတင်ခင်က ၁၉၈၈ လောက်မှာ အဖွဲ့ဝင်သစ် ဒရမ်သမား Chad Channing ထပ်တိုးပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်ကျော်ဆုံး တေးအယ်လ်ဘမ်များစွာနဲ့ ၉၀ ခုနှစ်က အကျော်ကြားဆုံး တေးဂီတ အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။

(၃) Green Day

Green Day

Photo : Britannica

၉၀ ခုနှစ်တွေက နောက်ထပ်ကျော်ကြားတဲ့ အမေရိကန် ရော့ခ်ဂီတအဖွဲ့ကတော့ Green Day ပဲ ဖြစ်ပါတယ်။ Green Day အဖွဲ့ကို ၁၉၈၇ ခုနှစ်က California မှာစတင်ဖွဲ့စီးခဲ့တာဖြစ်ပါတယ်။ Punk rock ၊ Pop punk နဲ့ Alternative rock ဂီတအမျိုးအစားတွေကို ဖန်တီးသီဆိုခဲ့ကြပြီး ဒီနေ့အချိန်အထိ ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားဆဲဖြစ်တဲ့ အောင်မြင်ဆုံး အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။

(၄) Alice In Chains

Alice in Chains

Photo : Rolling Stone

အမေရိကန်ရော့ခ်ဂီတအဖွဲ့ Alice in Chains ဟာလည်း ၉၀ ခုနှစ်တွေက ရေပန်းအစားခဲ့ဆုံး Band တစ်ခုဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်က အမေရိကန် Washington ပြည်နယ် ၊ Seattle မြို့မှာစတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ Band ကို members ၄ ယောက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး သူတို့ကတော့ ပရိသတ်အချစ်တော် Jerry Cantrell ၊ Sean Kinney ၊ Mike Inez နဲ့ William DuVall တို့ပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်တွေက ရောခ်ဂီတကိုရူးသွပ်ခဲ့ကြတဲ့ လူငယ်ပရိသတ်တွေကြားမှာတော့ ရေပန်းအစားဆုံး အဖွဲ့တွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။

(၅) Red Hot Chili Peppers

Red Hot Chili Peppers

Photo : OOR

၉၀ ခုနှစ် ရော့ခ် Band တွေလို့ပြောရင် သေချာတာတစ်ခုက Red Hot Chili Peppers ကိုချန်ထားခဲ့လို့ ရမှာ မဟုတ်ပါဘူး။ Red Hot Chili Peppers အဖွဲ့ကို ၁၉၈၃ ခုနှစ်က Los Angeles မှာစတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ အဆိုတော် Anthony Kiedis ၊ ဘေ့စ်သမား Flea၊ ဒရမ်သမား Chad Smith နဲ့ ဂစ်တာသမား John Frusciante တို့ပါဝင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သူတို့ကတော့ Alternative Rock သမိုင်းမှာ အအောင်မြင်ဆုံး တီးဝိုင်းတစ်ခုလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

၉၀ ခုနှစ်ကာလတွေမှာ အခုပြောပြခဲ့တဲ့ အဖွဲ့တွေအပြင် Soundgarden ၊ Radiohead ၊ R.E.M ၊ Foo Fighters ၊ Pantera ၊ Blink-182 ၊ U2 စသည်ဖြင့် အအောင်မြင်အကျော်ကြားခဲ့ဆုံးသော Band တွေအများကြီးကို ကျန်ရှိပါသေးတယ်။ နောက်ထပ်လည်း ရော့ခ်ပရိသတ်တွေအတွက် အကောင်းဆုံး Rock Band အကြောင်းဆက်လက်ဖော်ပြပေးသွားပါအုန်းမယ်။ ပရိသတ်တွေ အနှစ်အသက်ဆုံး Band တွေရှိရင်လည်း ပြောပြပေးခဲ့ပါအုန်းဗျ။

Featured Photo : Alpha Coders