ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး Pop-Punk ဒါမှမဟုတ် Power Pop လို့ ခေါ်တဲ့ ရော့ခ်ဂီတတန်းဝင် Music Band တွေထဲမှာ အမေရိကန်တေးဂီတအဖွဲ့တစ်ခု ဖြစ်တဲ့ Green Day လည်း အပါအဝင်ပါပဲ။ ၈၇ ခုနှစ်က ကယ်လီဖိုနီးယားပြည်နယ် အိစ်ဘေးမှာ ပင်တိုင်အဆိုတော်နဲ့ ဂစ်တာသမား ဘီလီ ဂျိုး အမ်းစထရောင်း ၊ ဘေ့စ်ဂစ်တာနဲ့ နောက်ခံအဆိုတော် မိုက်ခ် ဒါးန်တို့ တည်ထောင်ခဲ့တဲ့ အဖွဲ့ပါ။ နောက်တော့ ၉၀ ခုနှစ်မှာ ဒုတိယ စတူဒီယိုအယ်လ်ဘမ် Kerplunk အသံမသွင်းခင် ဒရမ်သမား ထရေးကူးလ် ရောက်လာခဲ့လို့ အခုထိ သူတို့ ၃ ဦးရဲ့ အတွဲကို မြင်နေရတာ ဖြစ်ပါတယ်။

Green Days အဖွဲ့ဆိုခဲ့တဲ့ သီချင်းအယ်လ်ဘမ်တွေထဲမှာ သိပ်မပေါက်လိုက်တဲ့ အခွေတွေ ရှိခဲ့သလို အကြီးအကျယ် အောင်မြင်ကျော်ကြားသွားတဲ့ အယ်လ်ဘမ်တွေလည်း အများကြီးပါပဲ။ ၁၉၉၀ ခုနှစ်မှာ စတင်ထွက်ခဲ့တဲ့ 39/Smooth အယ်လ်ဘမ်ကနေ ၂၀၂၀ ပြည့်နှစ်မှာ ထွက်တဲ့ Father Of All Motherfuckers အထိ အယ်လ်ဘမ် ၁၃ ချပ်ထွက်ခဲ့တဲ့ Green Day အဖွဲ့ရဲ့ ထွက်ခဲ့တဲ့ အယ်လ်ဘမ်တွေထဲမှာ အကောင်းဆုံးလို့ ညွန်းကြတဲ့ အယ်လ်ဘမ်တွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၄) Dookie

Dookie

Photo : spinditty

Dookie ခွေဟာ ၉၅ ခုနှစ်မှာ အကောင်းဆုံး အော်လ်တာနေးတစ်အယ်လ်ဘမ် ဂရမ်မီဆုရခဲ့တဲ့ အခွေပါ။ ၉၄ ခုနှစ်က ထွက်ခဲ့တဲ့ အယ်လ်ဘမ်ဖြစ်ပြီး Video Of The Year အပါအဝင် MTV Video Music Awards ၉ ခုအတွက်လည်း ဆန်ကာတင် Nominations ဝင်ခဲ့ပါတယ်။ Dooke အခွေထဲက Basket Case ၊ Longview ၊ When I Come Aroung သီချင်းတွေဟာ ရော့ခ်ဂီတမျိုးဆက်တစ်ခုရဲ့ အရွယ်ရောက်ခြင်းနဲ့ နောက်မျိုးဆက်တွေရဲ့ ဖွံ့ဖြိုးခြင်းအတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။

(၃) Kerplunk

Kerplunk

Photo : spinditty

Green Day ရဲ့ အပြောင်မြောက်ဆုံး LPs တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ အယ်လ်ဘမ်ဖြစ်ပြီး ၉၁ ခုနှစ်မှာ ထွက်ခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ဟာ ကယ်လီဖိုးနီးယားပြည်နယ် အာကာတာမှာရှိတဲ့ Humboldt ပြည်နယ်တက္ကသိုလ်ကို ကစ်ဖ်မေယာကျောင်းသွားတက်တာကြောင့် The Lookouts ဒရမ်သမား ထရေးကူးလ် လာပြီး ပထမဆုံး ပါဝင်တဲ့ အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။

(၂) American Idiot

American Idiot

Photo : spinditty

၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ American Idiot ဟာ Billboard နံပါတ်တစ် ဖြစ်ခဲ့တဲ့ အခွေဖြစ်သလို American Idiot သီချင်းကလည်း အကြီးအကျယ် ပေါက်သွားခဲ့တဲ့ သီချင်းဖြစ်ခဲ့ပါတယ်။ သမ္မတဂျော့ချ် ဒဗလျူဘု့ချ် ပြန်ရွေးကောက်ခံရပြီးနောက် ဒီသီချင်းဟာ ဆန့်ကျင်ရေးအနုပညာအဖြစ်လည်း ထင်ရှားခဲ့ပါတယ်။ American Idiot နဲ့ ၂၀၀၅ ဂရမ်မီဆု ၄ ဆု အတွက် ဆန်ကာတင်ရွေးခံခဲ့ရပြီး Best Rock Album အတွက် ဂရမ်မီဆုရခဲ့ပါတယ်။

(၁) Nimrod

Nimrod

Photo : spinditty

၁၉၉၇ ခုနှစ်မှာ ပဉ္စမမြောက် အယ်လ်ဘမ်သစ် Nimrod အတွက် Green Day အဖွဲ့ ကြိုးပမ်းနေချိန်မှာ အရင် အယ်လ်ဘမ်နဲ့ မတူတဲ့ စမ်းသပ်မှုတွေ လုပ်မယ်ဆိုပြီး ရည်ရွယ်ခဲ့ပါတယ်။ Nimrod ဟာ အဖွဲ့ရဲ့ ပုံမှန် Pop-Punk ပုံစံကနေ ကွဲထွက်မှုရှိပြီး Pop-Punk အပြင် Hardcore ၊ Surf Rock ၊ Ska ၊ Acoustic Ballad ဂီတအစုံကို ပါဝင်အောင် ဖန်တီးခဲ့ပါတယ်။ အဲ့ဒီအခွေထဲက Nice Gys Finish Last ၊ Hitchin’ A Ride နဲ့ Good Riddance (Time Of Your Life) တို့ဟာ Green Day: Rock Band ဗွီဒီယိုဂိမ်းမှာလည်း ပါဝင်ခဲ့ပါတယ်။

Featured Photo : aescotilha