Green tea လို့အများသိကြတဲ့ မြန်မာအခေါ် လက်ဖက်ရည်ကြမ်းသောက်ခြင်းအလေ့အကျင့်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်လာခဲ့တာပါ။ Green tea သောက်တဲ့အလေ့အထကို တရုတ်လူမျိုးတွေက စတင်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက လူသိများထင်းရှားလာပါတယ်။

Green tea သောက်ခြင်းမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိနေပါတယ်။ အခု kwee page ကလူတွေနေ့စဉ်သောက်နေတဲ့ green tea ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။

ကိုယ်ခံအားကို မြှင့်တင်ပေးတယ်

Source: Twinings

လေ့လာမူတွေအရ green tea ကို နေ့စဉ်မှန်မှန်သောက်တဲ့သူတွေဟာ မသောက်တဲ့သူတွေနဲ့နှိုင်းယှဉ်မယ်ရင် သာမန် ဖျားတာနာတာမျိုး ဖြစ်ခဲတယ်လို့ တွေ့ရှိထားကြတယ်။

ဒါဟာ green tea မှာပါဝင်တဲ့ ဒြပ်ပေါင်းတမျိုးကြောင့်ဖြစ်ပြီး အဆိုပါ ဒြပ်ပေါင်းဟာ လူကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေရန်ကနေ ဆဲလ်တွေကို အကာအကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးဖို့ green tea ကိုနေ့စဉ်သောက်ပေးသင့်ပါတယ်။

ကင်ဆာရောဂါကို ကာကယ်ပေးနိုင်တယ်

Source: BBC Good Food

free radicals တွေဟာ အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့အပြင် အချို့သော ကင်ဆာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ green tea မှာ ပါဝင်တဲ့ ဓာတ်တွေဟာ အဆိုပါ အန္တရာယ်ရှိတဲ့ free radicals တွေကို ဓာတ်ပြယ်စေနိုင်တာပြီး nitrosamines (ယမ်းစိမ်း) ကဲ့သို့သော ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေဖြစ်ပေါ်ခြင်းကို တားဆီးစေနိုင်တာမို့ ကင်ဆာဖြစ်ပွါးနိုင်ချေကို လျှော့ချပေးပါလိမ့်မယ်။

ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်တယ်

Source: Merriam-Webster

Green tea မှာ အယ်လ်ကာလီ ဓာတ်ပြည့်ဝစွာ ပါဝင်တာမို့ ကိုလက်စထရော ပမာဏကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။ သွေးပျစ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်ပစ္စည်းအမျိုးမျိုးပါဝင်တဲ့ Green tea ဟာ သွေးကြောကျဉ်းခြင်း၊သွေးခဲခြင်း တို့ကို ကာကွယ်ပေးနိုင်သလို လေဖြတ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဆီးချိုကို ကာကွယ်ပေးနိုင်တယ်

Source: Calorie Secrets

အယ်လ်ကာလီ ဓာတ်ပြည့်ဝစွာပါရှိတဲ့တဲ့ green tea ဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် green tea မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ပန်ကရိယရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း အထောက်အကူဖြစ်စေပါတယ်။

ပန်ကရိယကောင်းစွာ အလုပ်လုပ်နိုင်တာနဲ့အမျှ အင်ဆူလင်ဓာတ်ထုတ်လုပ်မှုဟာ ပိုမိုကောင်းမွန်အကျိုးရှိလာမှာဖြစ်ပြီး သွေးတွင်းသကြားဓာတ်တွေကို လိုသလို ထိန်းညှိလာနိုင်မှာဖြစ်တာမို့ ဆီးချိုရောဂါဖြစ်ပွါးမှုကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။