မီးခိုးရောင် အနောက်တိုင်းဝတ်စုံနဲ့ စမတ်ကျကျဝတ်ဆင်ကာ ရှိုးထုတ်ချင်ပေမယ့် ဘယ်လိုဖက်ရှင်ကျကျ ဝတ်ဆင်ရမလဲဆိုတာ မသိလို့ စိတ်ညစ်နေပါသလား။ စိတ်မညစ်ပါနဲ့တော့ အဓိကက မီးခိုးရောင်နဲ့ လိုက်ဖက်မယ့် အရောင်နှစ်ရောင်လောက် ရှာလိုက်ရုံပါပဲ။ ဥပမာ မီးခိုးရောင် ဝတ်စုံကို အနီရောင် နက်ခ်တိုင် (သို့) အပြာရောင် နက်ခ်တိုင်နဲ့ တွဲဝတ်လိုက်ရုံပါပဲ။

သင့်ရဲ့ ရှပ်အင်္ကျီကိုတော့ အဖြူရောင်ပဲ ဝတ်ဝတ်၊ နေဗီပြာရောင်ပဲဝတ်ဝတ် ဘယ်လိုဝတ်ဝတ် လိုက်ဖက်နေမှာဖြစ်ပါတယ်။ ဒါသည် မီးခိုးရောင်ရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။ မီးခိုးရောင်သည် သဘာဝအရောင်ဖြစ်ပြီး အရောင်နုဖြစ်တဲ့အတွက်ကြောင့် ထိုအရောင်တွေနဲ့ လိုက်ဖက်တာပါ။

တကယ်လို့ ဖိနပ်ရွေးမယ်ဆိုရင်တော့ အညိုရောင် ရှူးဖိနပ်ကို ရွေးချယ်လိုက်ရုံပါပဲ။ အညိုရောင်ရှူးဖိနပ်နဲ့ ဘယ်လိုရှိုးထုတ်မလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

မီးခိုးရောင်ဝတ်စုံနှင့် အညိုရောင် သားရေဖိနပ်

Grey Suit with Brown Shoes Outfit for Men

သားရေဖိနပ်ကတော့ များသောအားဖြင့် သက်လတ်ပိုင်းအမျိုးသားတွေနဲ့ လိုက်ဖက်ပါတယ်။ အကြမ်းခံပြီး အရည်အသွေးကောင်းတဲ့ သားရေရှူးဖိနပ်များကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

ဒေါက်အနည်းငယ်ပါတဲ့ ရှူးဖိနပ်

Grey Suit with Brown Shoes Outfit for Men

ဒီခေတ်မှာ မိန်းကလေးတွေပဲ ဒေါက်ဖိနပ်တွေမှာပဲ ဒေါက်ပါတာမဟုတ်ပါဘူး။ ရှူးဖိနပ်တွေမှာလည်း အမြင့်အနည်းငယ် ထည့်ကာ ထုတ်လုပ်ထားတာကိုလည်း တွေ့လာရပါတယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့အရပ်ကို မသိမသာလေး ရှည်ချင်တယ်ဆိုရင်တော့ ဒီလိုရှူးဖိနပ်မျိုးကို ရွေးချယ်နိုင်ပါတယ်။

ပိုလိုရှပ်အင်္ကျီနှင့် အညိုရောင်ရှူးဖိနပ်

Grey Suit with Brown Shoes Outfit for Men

ဒီဖက်ရှင်ကတော့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ချင်သူတွေနဲ့ လိုက်ဖက်ပါတယ်။ အကူးတကကြီး ရှိုးထုတ်နေစရာမလိုဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ဖက်ရှင်ကျနေစေမှာပါ။

ဘွတ်ဖိနပ်များနဲ့ တွဲဖက်ဝတ်ဆင်ပါ

Grey Suit with Brown Shoes Outfit for Men

ဘွတ်ဖိနပ်အမျိုးအစား ၁၀ မျိုးခန့်ရှိတဲ့အနက် ချယ်လ်ဆီးဘွတ်ဖိနပ်အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ သူက အနောက်တိုင်းဝတ်စုံနဲ့ ပိုလိုက်ဖက်လို့ပါ။ Formal ဆန်ပြီး သင့်ကို စမတ်ကျသွားစေမှာပါ။

အညိုပုပ်ရောင်ရှူးဖိနပ်

Grey Suit with Brown Shoes Outfit for Men

သင့်အနေနဲ့ အညိုရောင်ဆန်လွန်းပြီး ပေါ်လွင်တဲ့အရောင်မျိုး မကြိုက်ဘူးဆိုရင်တော့ အညိုပုပ်ရောင်မျိုးကို ရွေးချယ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း အမဲရောင်ရှူးဖိနပ်ကိုသာ ရွေးချယ်လိုက်ပါ။

လည်စည်းပုဝါလေး ထပ်ပေါင်းထည့်ပါ

Grey Suit with Brown Shoes Outfit for Men

သင့်အနေနဲ့ ဖက်ရှင်အသုံးအဆောင် ထပ်ထည့်ချင်သေးတယ်ဆိုရင်တော့ လည်စည်းပုဝါ အပါးတစ်ထည် ထပ်ပေါင်းထည့်နိုင်ပါတယ်။ ဒါဆိုရင်တော့ သင့်ဖက်ရှင်က ပြီးပြည့်စုံသွားမှာဖြစ်ပါတယ်။

Source: Fashionhombre.com