စမတ်ကျတဲ့ အမျိုးသားတစ်ယောက်ဖို့ အခြေခံအကျဆုံးအချက်က တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့ပါပဲ။ တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုစိုက်ဖို့လိုသလို တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အထောက် အကူပြုတဲ့ ပစ္စည်းလေးတွေလည်းရှိထားဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတိုင်းမှာ ရှိသင့်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အသုံးဆောင်ပစ္စည်းလေးတွေကို တင်ဆက်ပေးချင်ပါတယ်။

(၁) မုတ်ဆိတ်ရိတ်စက်

Source : Superdrug

အမျိုးသားတွေအနေနဲ့ မုတ်ဆိတ်/နှုတ်ခမ်းမွေးရိတ်ရာမှာ ဓားထက် မုတ်ဆိတ်ရက်စက်ကို ပိုပြီးသုံးပေးသင့်ပါတယ်။ မုတ်ဆိတ်ရိတ်စက်အသုံးပြုတာက လွယ်ကူလျင်မြန်သလို ထိခိုက်ဒဏ်ရာရရှိနိုင်ခြေလည်း နည်းပါတယ်။ ဒါ့အပြင် မျက်နှာအသားအရေးပျက်စီးခြင်းလည်း ထိန်းပေးတာကြောင့် အမျိုးသားတိုင်း တစ်ကိုယ်ရည်သုံး မုတ်ဆိတ်ရိတ်စက်တစ်လုံးတော့ ဆောင်ထားသင့်ပါတယ်။

(၂) မျက်နှာသစ်ဆေး

Source : Viviane Woodard

အမျိုးသားတွေဟာ မျက်နှာအသားအရေးနဲ့ပတ်သတ်လို့ အမျိုးသမီးတွေလောက် ဂရုစိုက်မှုမရှိဘူးဆိုတာ ဝန်ခံရမှာပါပဲ။ တကယ်တော့ မျက်နှာအသားအရေဟာ အင်မတန်နူးညံ့ပြီး ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် မျက်နှာသစ်တဲ့အခါ သာမာန်ရေချိုးဆပ်ပြာ ကြုံရာမျက်နှာသစ်ဆပ်ပြာတွေထက် ကိုယ့်ရဲ့အသားအရေနဲ့ ကိုက်ညီမှုရှိတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်သုံးသင့်ပါတယ်။

(၃) ချွေးနံ့ပျောက်ဆေး

Source : Natural News

အမျိုးသားတစ်ယောက် ဆွဲဆောင်မှုရှိဖို့ စမတ်ကျဖို့ ကိုယ်သင်းနံ့က အများကြီးအရေးကြီးပါတယ်။ ချွေးနံ့ခပ်ပြင်းပြင်းထွက်နေတဲ့ အမျိုးသားတစ်ယောက်အနားကို ဘယ်မိန်းကလေးမှာကပ်ချင်မှာ မဟုတ်ပါဘူး။ အရေးကြီးဆုံးက ရေပုံမှန်ချိုးမယ် တစ်ကိုယ်ရေးသန့်ရှင်းမှုကိုအလေးထားရပါမယ်။ ဒါကြောင့် Roll On ၊ Body spray ကဲ့သို့ ချွေးနံ့သက်သာစေမယ့် ပစ္စည်းလေးတွေ သုံးပေးဖို့လိုပါတယ်။

(၄) ဆံပင်ထုတ်ကုန်ပစ္စည်းများ

Source : Times of India

ဆံပင်ဟာလူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ပြောကြတာ ကြားဖူးကြမှာပါ။ ဟုတ်ပါတယ် တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ စမတ်ကျဖို့အတွက်ဆိုရင် ဆံပင်နဲ့ပတ်သတ်တာလေးတွေကိုလည်း ဂရုစိုက်ဖို့လိုမှာပါ။ ဆံပင်ကိုဘားမှမလိမ်းပဲ ရှုပ်ရှုပ်ပွပွထားမယ်ဆိုရင် ဈေးကြီးတဲ့ဖက်ရှင်တွေဝတ်ထားပါစေ သင့်ကို စမတ်ကျစေဖို့ ခက်ခဲမှာအမှန်ပါ။ ဒါကြောင့် ဆံပင်နဲ့ပတ်သတ်တဲ့ ထုတ်ကုန်ပစ္စည်းလေးတွေကိုလည်း ဝယ်သုံးဖို့အကြံပြုပါရစေ။